သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Deal စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်း


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ သဘောတူညီမှု (Deal) နှင့် ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေဖြစ်ကြတဲ့ Raw deal, Shady deal နဲ့ Done deal တို့ကို တင်ပြထားပါတယ်။

() Raw deal

Raw (အကြမ်းထည်)၊ deal (သဘောတူညီမှု) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အကြမ်းထည် သဘောတူညီမှု ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ လူတဦးဦးက ကိုယ့်အပေါ်မှာ မတရားတာ။ မြန်မာဘန်းစကားမှာတော့ အနိုင်ကျင့်တာ၊ ဗိုလ်ကျတာ၊ ကိုယ်က ခံလိုက်ရတဲ့ အခြေအနေမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe got a raw deal when he bought the used car. The repairs cost him a lot!
Joe က ကားဟောင်းကြီး သွားဝယ်လိုက်တာ ခံလိုက်ရတယ်လေ။ ကားပြင်ခလည်း အတော်လေး ကုန်ကျသွားခဲ့တယ်။

() Shady deal

Shady (အရိပ်ကျတာ)၊deal (သဘောတူညီမှု၊ ရောင်းဝယ်မှု၊ နားလည်မှု)လို့လုံးကောက် အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့အရိပ်ကျတဲ့သဘောတူညီမှု ဖြစ်ပါတယ်။ အရိပ်ဆိုတဲ့ အဓိပ္ပါယ်ကလည်း မြန်မာမှာ သဘောရိုး မဟုတ်တာ၊ တရားဥပဒေ ၊ ကျင့်ဝတ်သိက္ခာ စသဖြင့်နဲ့ မကိုက်ညီတာနဲ့ တွဲသုံးလေ့ ရှိတဲ့အတိုင်း Shady deal ကလည်း အလားတူပါပဲ - သဘောရိုးမဟုတ်တဲ့၊ သံသယ ဖြစ်စရာရှိတဲ့ ၊ မေးခွန်းထုတ်စရာကောင်းတဲ့ ဒုစရိုက်နဲ့ မကင်းတဲ့ သဘောတူညီမှုမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The policeman was caught making a shady deal with the liquor store’s owner!
အရက်ဆိုင်ပိုင်ရှင်နဲ့ သံသယဖြစ်စရာကောင်းတဲ့သဘောတူညီမှု လုပ်နေတဲ့ ရဲကို မိသွားခဲ့တယ်။

() Done deal

Done (လုပ်ပြီသား)၊ deal (သဘောတူညီမှု)၊ ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လုပ်ပြီးသာ သဘောတူညီမှုဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ မြန်မာမှာတော့ အစကတည်းုက အဖြေထွက်ပြီသား၊ ဆုံးဖြတ်ချက်ချပြီသား ကိုဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ကိစ္စတခုနဲ့ ပတ်သက်လို့ နောက်ထပ်ပြောစရာ မလိုတော့တာ၊ ထုတ်ပြီးသား ပိုးပြီးသား ဖြစ်နေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘန်းစကား အရတော့ ကြိုပြီးအကြံအဖန်လုပ်ထားပြီးသားဖြစ်တာကိုဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It’s a done deal! We all know the nephew of the boss will be hired for the job.
အစကတည်းကအဖြေ ထွက်ပြီးသားပါ။ အဲဒီအလုပ်အတွက် ဆရာသမားရဲ့ တူကို ခန့်မယ်ဆိုတာ ကျနော်တို့အားလုံး သိထားပြီးသားပါ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Deal စကားလုံးကို အခြေခံတဲ့ Idiom အသုံးတွေက Raw deal, Shady deal နဲ့ Done deal တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG