သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Face စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ - မျက်နှာ လို့ အဓိပ္ပါယ်ရတဲ့ (Face) ကို အခြေခံတဲ့အသုံးတွေဖြစ်တဲ့ To keep a straight face, A long face, Make a face နဲ့ Lose face တို့ကို တင်ပြထားပါတယ်။

၁။ To keep a straight face

To keep (ထားတာ)၊ a (တခု)၊ straight (တည့်တည့်)၊ face (မျက်နှာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျက်နှာကို တည့်တည့်ထားတာ ဖြစ်ပါတယ်။ မျက်နှာကို တည့်တည့်ထားတယ်လို့ဆိုရာမှာ မြန်မာအသုံးမှာ အနီးဆုံးကတော့ မျက်နှာကို တည်တည်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကရယ်ချင်ပေမယ့်လည်း မရယ်မိအောင် မနည်းဘဲ ထိန်းထားရတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It was hard to keep a straight face when I saw my friend Mary fell in the mud.
ကျနော့် သူငယ်ချင်း Mary ရွှံ့ဗွက်ထဲ ချော်လဲတာကို တွေ့ရတော့ မရယ်မိအောင် မနည်းထိန်းထားရတယ်။

၂။ A long face

A (တခု)၊ long (ရှည်တာ)၊ face (မျက်နှာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရှည်တဲ့မျက်နာ ဖြစ်ပါတယ်။ ရုပ်ပုံတွေဆွဲရင် မျက်နှာရှည်တဲ့ပုံဆိုရင် အဲဒီလူဟာ စိတ်မချမ်းမသာ ဖြစ်နေတယ့်ပုံကို ဆိုလိုပါတယ်။ ဒါကြောင့် အီဒီယံအဓိပ္ပါယ်ကလည်း ဘဝင်မကျ ဖြစ်နေတယ်၊ စိတ်တိုနေတယ်၊ စိတ်ဓါတ်ကျနေတယ်ဆိုရင် A long face လို့ ရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John has a long face. I know he is not happy about working overtime.
John ကို ကြည့်ရတာ စိတ်မကျေမနပ် ဖြစ်နေပုံရတယ်။ သူ အချိန်ပို အလုပ်ဆင်းရတာ မကြိုက်ဘူးဆိုတာ ကျနော် သိပါတယ်။

၃။ Make a face

Make (လုပ်ပြတာ)၊ a (တခု)၊ face (မျက်နှာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျက်နှာကတခုခု လုပ်ပြတာပေါ့။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း မြန်မာမှာ လူ့သဘာဝတခုခုကို မကြိုက်ဘူးဆိုရင် မျက်နှာကိုရှုံပြတဲ့ အလေ့အထရှိတဲ့အတိုင်း အီဒီယံအဓိပ္ပါယ်ကလည်း အဲဒီအတိုင်းပါပဲ။ ဒါကြောင့် Make a face ရဲ့ အီဒီယံအဓိပ္ပါယ်က တခုခုကို မနှစ်သက်တာ၊ မနှစ်မြို့တာကို ပါးစပ်က မပြောဘဲ မျက်နှာအမူအရာနဲ့ မျက်နှာကိုရှုံပြတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The young girl made a face at the boy who tried to ask her name.
သူ့နံမည်ကိုမေးဖို့ လိုက်ကြိုးစားနေတဲ့ အဲဒီ ကောင်ကလေးကို သူမကြိုက်ဘူးဆိုတာကို ကောင်မလေးက မျက်နှာရှုံပြီး ပြလိုက်တယ်။

၄။ Lose face

Lose (ဆုံးရှုံးတာ)၊ face (မျက်နှာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျက်နှာ ဆုံးရှုံးတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က မြန်မာမှာ အနီးစပ်ဆုံးကတော့ မျက်နှာပျက် အရှက်ရစေတာ၊ မျက်နှာပူစရာ ၊ သိက္ခာကျစရာ ဖြစ်တာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

You will lose face if you do not keep your promise.
ကိုယ်ပေးထားတဲ့ ကတိကို မတည်ဘူးဆိုရင် ခင်များ မျက်နှာပျက်ရလိမ့်မယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ မျက်နှာလို့အဓိပ္ပါယ် Face ကို အခြေခံတဲ့ idiom အသုံးတွေက To keep a straight face, A long face, Make a face နဲ့ Lose face တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG