သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Game စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English American Style Idioms ကဏ္ဍမှာ ကစားပွဲ (Game) ကို အခြေခံတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Game plan, Give the game away နဲ့ Game’s over တို့ကို တင်ပြပေးထားပါတယ်။

(၁) Game plan

Game (ကစားပွဲ)၊ plan (အစီအစဉ်၊ အကြံအစည်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က၊ ကစားပွဲအစီအစဉ် ဖြစ်ပါတယ်။ အားကစားပွဲတွေ၊ အထူးသဖြင့် ဘောလုံး၊ ဘတ်စကတ်ဘော ပြိုင်ပွဲတွေမှာ အားကစားနည်းပြတွေ၊ အသင်းကပ္ပတိန်တွေ ရှိကြပါတယ်။ ယှဉ်ပြိုင်တဲ့ အားကစားပွဲမှာဘယ်နည်းဘယ်ပုံကစားကြမယ်ဆိုတာကို သူတို့က ပွဲမစမီ ကိုယ့်အသင်းသားတွေကိုစုပြီး ကစားကွက်ကို ချပြလေ့ရှိကြပါတယ်။ ခုလို ချပြတဲ့ကစားနည်းဗျူဟာကို Game plan လို့ ရည်ညွှန်းပါတယ်။ ဒီအသုံးဟာ အားကစားမှာတင် မဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာလည်းကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင် ဒါမှမဟုတ် တခုခုကိုရအောင် ဘယ်လို စီမံကိန်းတွေချ၊ ဘယ်လို ခြေလှမ်းတွေယူပြီး ကြိုးပမ်းမယ်ဆိုတာကို ကြံစည်တာမျိုးဖြစ်ပါတယ်။ တခုခုကို အပိုင်နိုင်အောင်၊ အကွက်ချစီစဉ်တာမျိုးလို့လည်းဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The company’s president came up with a very shrewd game plan to win the oil contract.
ကုမ္ပဏီရဲ့ ဥက္ကဋ္ဌက ရေနံကန်ထရိုက်ရအောင် သိပ်ကိုပါးနပ်လှတဲ့ အစီအစဉ်ကို ချပြနိုင်ခဲ့တယ်။

(၂) Give the game away

Give away ရဲ့ အဓိပ္ပါယ်က (ပေးလိုက်တာ၊ ရှုံးအောင်လုပ်တာ၊ အရေးနိမ့်စေတာ၊ အားလျှော့စေတာ)၊ Game (ကစားပွဲ)၊ ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကစားပွဲကိုရှုံးအောင်လုပလိုက်တာ ဖြစ်ပါတယ်။ အားကစားပွဲတွေမှာ တသင်းနဲ့တသင်း ယှဥြ်ပိုင်ကြရာမှာ လျှော့ကစားတာ၊ ကစားရာမှာ ညံ့တာ၊ ကိုယ်ကစားမယ့်အကွက်ကို သူများကို သိစေတာ၊ အစရှိတဲ့ အားနည်းချက်တွေကြောင့် ပွဲရှုံးလေ့ရှိကြပါတယ်။ နေ့စဉ်ဘဝမှာ ကိုယ့်ရဲ့ အကြံအစည်ကို သူများသိသွားစေတာ၊ တခါတရံလည်း အလွန်ညံ့လွန်း၊ အ လွန်းလို့ သူများက ကိုယ်ဘာလုပ်နေလဲဆိုတာကို သိသွားတဲ့အခါမျိုးတွေမှာလည်းဒီအီဒီယံကိုသုံးနိုင်ပါတယ်။ ဒါ့အပြင ်သူများမသိအောင် တိတ်တိတ်ခိုးလုပ်ပေမဲ့၊ ကိုယ်လုပ်တာကမပိရိတော့ ဗူးပေါ်သလို ပေါ်သွားတဲ့အခြေအနေမျိုးမှာလည်း ဒီအီဒီယံကို သုံးနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It’s a secret so don’t give the game away!
ဒါက လျှို့ဝှက်ရမယ့်ဟာ။ ဒါကြောင့် သူများတွေသိအောင် မလုပ်လိုက်နဲ့။

(၃) Game’s over

Game (ကစားပွဲ)၊ Game’s က Game is ကို အတိုကောက် ပြောထားခြင်း ဖြစ်ပြီး is over က (ပြီးသွားပြီ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကစားပွဲ ပြီးသွားပြီ ဖြစ်ပါတယ်။ ဒီအီဒီယံကိုအားကစားလောကမှာသာမက၊ နေ့စဉ်ဘဝမှာအသုံးပြုရာမှာ၊ လူတဦးအတွက် ရှုံးလို့ နိဂုံးချုပ် တာမျိုး ၊ အဲဒီလူအနေနှင့်ဘာမှမတတ်နိုင်တော့တာမျိုး၊ ပွဲပြီးသွားပြီလို့ပြောတာမျိုးဖြစ်ပါတယ်။ မြန်မာမှာတော့ ပွဲပြီးလို့ ဖျာလိပ်ရတဲ့ သဘောမျိုး၊ အခြေအနေမလှလို့ ဆလံပေးလိုက်ရတာမျိုးလည်း ဆိုနိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The election results are in and the mayor lost, so the game’s over for him!
ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်းတွေ ထွက်လာပြီ။ မြို့တော်ဝန် ရှုံးတယ်။ ဒါကြောင့် သူ့အတွက်တော့ ပွဲပြီးသွားပြီပေါ့။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Game ကိုအခြေခံတဲ့ idiom အသုံးတွေက Game plan, Give the game away နဲ့ Game’s over တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG