သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


Hockey Shot
အီဒီယံအသုံးအနှုန်းများ Call the shots
please wait

No media source currently available

0:00 0:06:24 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Call the shots, Count someone out နဲ့ Put on ice တို့ကို တင်ပြထားပါတယ်။

(၁) Call the shots

Call (ခေါ်တာ)၊ the shots က အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ ပစ်ခတ်တယ်လို့ အဓိပ္ပါယ်ရတဲ့ Shoot ဆိုတဲ့ ကြိယာရဲ့ နာမ် (Noun) အဖြစ် အသုံးပြုထားတာဖြစ်ပြီး Shot က ပစ်ခတ်မှု ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတစုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က ပစ်ခတ်ဖို့အတွက် ခေါ်ပေးတာ၊ အော်ပေးတာ ဖြစ်ပါတယ်။ ဒီအီဒီယံအသုံးအနှုန်း ဆင်းသက်လာတာနဲ့ ပတ်သက်လို့အယူအဆအမျိုးမျိုးရှိတဲ့အနက် တခုကတော့ ရှေးဗြိတိသျှသင်္ဘောတွေခေတ်က ရန်သူကို ပစ်ခတ်ရာမှာ ကုန်းပတ်ပေါ်မှာရှိတဲ့ တာဝန်ကျအရာရှိက ဘယ်နေရာကိုချိန်ပြီး ပစ်ရမယ်ဆိုတာကို အောက်မှာရှိတဲ့ သေနတ်ပစ်သမားတွေကို အမိန့်ပေးရာကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က အဆုံးအဖြတ်ပေးတဲ့နေရာမှာ ရှိနေတာ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တာ၊ လုပ်ပိုင်ခွင့်ရှိတဲ့နေရာမှာ ရှိနေတာ၊ ကျမတို့ခေတ်စကားအရဆိုရင်တော့ လိုအပ်သည်များကို ညွှန်းကြားသည့်နေရာမှာ ရှိနေတာဖြစ်ပါတယ်။ ဘန်းစကားအရဆိုရင်တော့ သူက ဗိုလ်ပဲပေါ့။

ဒီအသုံးကို အမေရိကန်အနောက်ဘက်ခြမ်းရှိ casino တွေကြောင့်နာမည်ကြီးတဲ့ Las Vegas မြို့ရှိရာ Nevada ပြည်နယ်မှာ မနှစ်က ကျင်းပခဲ့တဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ဒီနှစ်January လက စ တာဝန်ထမ်းဆောင်တဲ့ ပြည်နယ်ရဲ့ အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်ပေါင်းမှာ အမတ် (၆၃) ဦး ရှိရာမှာ အမျိုးသမီးအမတ်အရေအတွက်က တဝက်ကျော်ပြီး (၃၃) ဦးရှိတဲ့အတွက် ဒီပြည်နယ်မှာ အမျိုးသမီးတွေက အဓိက လိုအပ်သည်များကို ဦးဆောင်ပြီး၊ အဆုံးအဖြတ်တွေပေးနေတယ်လို့ Washington Post သတင်းစာကြီးကရှေ့စာမျက်နှာမှာ “Where women call the shots” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Mr. Green is the owner of the company, so he “calls the shots.”

Mr. Green က ကျနော်တို့ကုမ္ပဏီရဲ့ ပိုင်ရှင် ဖြစ်တယ်။ ဒါ့ကြောင့် သူက အဓိကလိုအပ်သည်များကို ညွှန်ကြားသူ ဖြစ်တယ်။

(၂) Count someone out

Count (ရေတွက်တာ) someone (တဦးတယောက်) out (အပြင်ဘက်) ဖြစ်ပြီး ၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတဦးကိုအပြင်ထားရေတွက်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ သွယ်ဝိုက်တဲ့ Idiom အဓိပ္ပါယ်က လူတဦးကို ထည့်မတွက်တာ ဖြစ်ပါတယ်။ Count me out ဆိုရင် ကျမကို ထည့်မတွက်နဲ့၊ ကျမတော့ အဲဒီထဲမပါဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ တနည်း တော့တခုခုလုပ်ဖို့ငြင်းတာဖြစ်ပါတယ်။ ဒီအသုံးကို P5 plus 1 ဖြစ်တဲ့ လုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ဝင် (၅) နိုင်ငံအပြင် ၈ျာမဏီ ၊ ဥရောပသမဂ္ဂ နဲ့ အီရန်ကြား ၂၀၁၅ ခု က သဘောတူခဲ့တဲ့ အီရန်Nuclear လက်နက်ထိန်းချုပ်ရေးစာချုပ်ကို အီရန်ဖက်က လိုက်နာတာတာ လျှော့မယ်လို့ပြောခဲ့လို့  အမေရိကန်သမ္မတ Donald Trump က အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေတိုးချဲ့ ပြီး၊ စစ်ရေးအရ ခြိမ်းခြောက်မှုတွေလုပ်ခဲ့ရာမှာ၊ ဥရောပနိုင်ငံတွေက အီရန်နဲ့ စစ်ဖြစ်ရင်တော့တို့ ဝင်မပါဘူးလို့ ပြောခဲ့တဲ့အတွက် The New York Times သတင်းစာကြီးက “War With Iran? Count Us Out, Europe Says” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Please “count me out” for the party this Sunday. I have other plans.

ဒီတနင်္ဂနွေနေ့ပါတီကို ကျနော်လာနိုင်မှာ မဟုတ်ဘူး ၊ ကျနော် တခြားလုပ်စရာအစီအစဉ်တွေ ရှိနေလို့ ပါ။

(၃) Put on ice

Put on (အပေါ်မှာတင်ထားတာ)၊ ice က (ရေခဲ) ဖြစ်ပြီး စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က ရေခဲပေါ်မှာတင်ထားတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ တခုခုအေးသွားအောင် ရေခဲပေါ်တင်ထားရသလို၊ ကိစ္စတခုခုကို ဆက်မလုပ်ဘဲ ဆိုင်းထားတာ၊ ခပ်အေးအေး ခပ်ခွါခွါမှာထားတာကို ဆိုလိုပါတယ်။ ဒီအသုံးကို အမေရိကန်နဲ့ တရုတ်ကြား နှစ်နိုင်ငံ သွင်းကုန်တွေအပေါ် အပြန်အလှန်အခွန်တွေ တိုးကောက်မှုအပြင် သမ္မတ Trump က တရုတ်ရဲ့  Huawei တယ်လီဖုန်း Company ကြီးကို အမေရိကန်ကုမ္ပဏီတွေ က အဆင့်မြင့်နည်းပညာပစ္စည်းတွေ ရောင်းချခွင့်တွေအပေါ် ကန့်သတ်ချက်တွေ ချမှတ်လိုက်တာကြောင့်၊ တရုတ်က အမေရိကန်နဲ့  ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ဆက်မကျင်းပတော့ဘဲ ဆိုင်းထားလိုက်တဲ့အတွက် CBS News ရုပ်သံလွှင့်က “China puts trade talks with U.S. on ice” ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Peace talks between the army and the ethnic armed groups have been “put on ice” because of recent clashes.

မကြာသေးမီက တိုက်ခိုက်မှုတွေကြောင့် စစ်တပ်နဲ့ တိုင်းရင်းလက်နက်ကိုင်အုပ်စုတွေကြား ငြိမ်ချမ်းရေးဆွေးနွေးပွဲတွေဟာ ဆိုင်းထားခြင်းခံနေရတယ်။

XS
SM
MD
LG