သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Shoot စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ shot- ပစ်ခတ်သည် စကားလုံးဝေါဟာရကို အခြေခံတဲ့ shooting the breeze, shoot yourself in foot နဲ့ shooting fish in a barrel တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ shooting the breeze ဖြစ်ပါတယ်။ Shooting = ပစ်နေသည်, the breeze = လေ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လေကိုပစ်နေသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကို မရှင်းပြခင် သောတရှင်များအနေနဲ့ ငါတို့မြန်မာမှာလည်း ဒီအတိုင်း ရှိပါလားဆိုတဲ့ အဖြေကို စဉ်းစားမိကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျမတို့ မြန်မာမှာ လေပန်းတယ်၊ လေပေါတယ်၊ လေပေးတယ် ဘန်းစကားအတိုင်း ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
My brother Jim and his friend were drinking beer and shooting the breeze at the restaurant. So, Jim forgot his appointment with the doctor.
ကျနော့်ညီ Jim နဲ့ သူ့မိတ်ဆွေတို့ စားသောက်ဆိုင်မှာ ဘီယာသောက်ရင် လေပေးနေကြတာ Jim တစ်ယောက် သူ ဆရာဝန်နဲ့တွေ့ဖို့ ချိန်ထားတာကို မေ့သွားခဲ့တယ်။

ဒုတိယတင်ပြပေးမယ့် အသုံးအနှုန်းမှာ shoot yourself in the foot ဖြစ်ပါတယ်။ Shoot = ပစ်သည်, Yourself = မိမိကိုယ်ကိုယ်, In = အထဲမှာ, the Foot = ခြေထောက် တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ပစ်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ပစ်တယ်ဆိုရင် ကိုယ့်အပြစ်ကိုယ်ခံရတာ၊ ကိုယ့်ထိုက်နဲ့ကိုယ် ခံရတာ၊ မည်သူမပြု မိမိအမှုဆိုတဲ့ မြန်မာစကားအတိုင်း၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ၊ ကိုယ့်သေတွင်း ကိုယ်တူးတာ စသဖြင့် ရှိကြတာ အားလုံးအသိဖြစ်ပါတယ်။ ကိုယ့်လုပ်လိုက်တဲ့အမှားကြောင့် ကိုယ့်အခွင့်အရေး ဆုံးရှုံးတာ၊ နစ်နာစေတာ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

If you want to pass the exam, study regularly and don’t miss classes. Don’t shoot yourself in the foot.

စာမေးပွဲ အောင်ချင်ရင် စာမှန်မှန်ကျက်၊ အတန်းတွေကို မပျက်နဲ့ပေါ့။ မည်သူမပြု မိမိအမှုသာ ဖြစ်တယ်။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ shooting fish in a barrel ဖြစ်ပါတယ်။ Shooting = ပစ်သည်, Fish = ငါး, In = အထဲမှာ, A = တစ်ခု, Barrel = စည်ပိုင်း တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က စည်ပိုင်းထဲက ငါးကို ပစ်သည် ဖြစ်ပါတယ်။ တောလိုက်တာ၊ အမဲလိုက်တာ၊ ငါးဖမ်းတယ်ဆိုတဲ့ ဝါသနာတွေကို လူတွေ နှစ်သက်ကြတာကတော့ အားစိုက်ရသလို၊ ဥာဏ်စိုက်ရသလို၊ အကဲစမ်းမှုတွေ ရင်ဆိုင်ရသလို၊ စိတ်လှုပ်ရှားစရာတွေ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့သာ စည်ပိုင်းထဲ ထည့်ထားတဲ့ငါးကို ပစ်ရမယ်ဆိုရင်တော့ လွယ်မှလွယ် ဖြစ်ပါတယ်။

ဒါကြောင့်မို့ အားစိုက်ဖို့ မလွယ်တဲ့အလုပ်၊ သိပ်ကိုလွယ်တဲ့ အလုပ်မျိုးကို ဒီ အီဒီယံနဲ့ အသုံးပြုပြီး တင်စားပြောတ ဖြစ်ပါတယ်။ Shooting fish in a barrel က စည်ပိုင်းထဲမှာ ရှိနေတဲ့ငါးကို ပစ်ရမယ်ဆိုရင် ကျမတို့ မြန်မာစကားအရ မင်းဘယ်ပြေးမလဲ မိရွှေသဲ ဆိုတဲ့ စကားအတိုင်း ဖြစ်ပါတယ်။ ကိုယ့်လက်ခုပ်ထဲ ရောက်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် shooting fish in a barrel အီဒီယံအသုံးက သိပ်ကိုလွယ်ကူတဲ့အလုပ်၊ အားထုတ်မှု သိပ်မလုပ်ရတဲ့အလုပ်မျိုးကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Our football game yesterday with a rival school was like shooting fish in a barrel. Their team was so weak that we won 10-nothing.

မနေ့က ကျနော်တို့ ပြိုင်ဘက်ကျောင်းနဲ့ ကစားတဲ့ ဘောလုံးပွဲကတော့ အသာလေးပဲလို့ ဆိုရမှာပါ။ တဖက်အသင်းက သိပ်ကို အားနည်းလွန်းတော့ ကျနော်တို့က ဆယ်ဂိုး ဂိုးမရှိနဲ့ နိုင်သွားခဲ့တယ်။
XS
SM
MD
LG