သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၄)


Women hold up megaphones during a protest against the G-20 summit in Hamburg, Germany, July 8, 2017.
Women hold up megaphones during a protest against the G-20 summit in Hamburg, Germany, July 8, 2017.
တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ To sugarcoat, To play along နဲ့ A rallying cry တို့ကို တင်ပြထားပါတယ်။

(၁) To sugarcoat

To sugarcoat – sugar (သကြား)၊ coat (အပေါ်ကနေဖြူးတာ၊ သကြားနဲ့ဖုံးတာ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ လုံးကောက်တိုက်ရိုက်အဓိပ္ပါယ်က အပေါ်ကနေ သကြားနဲ့ဖြူးတာ၊ အပေါ်ကနေ သကြားနဲ့လောင်းတာ၊ အပေါ်ကနေ သကြားအုပ်တာ ဖြစ်ပါတယ်။ To sugarcoat က ဒီနေရာမှာ Verb ကြိယာဖြစ်ပြီး ၊ ကျမတို့မြန်မာမှာ သကာရည် လောင်းထားတယ် ဆိုတာလို၊ အဆိုးကို အကောင်းနဲ့ ဖုံးအုပ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ခါးတဲ့ဆေးလုံး၊ ဆေးပြားတွေကို အဝင်ကောင်းရလေအောင် အပေါ်မှာ အချိုဓါတ်နဲ့ အုပ်ထားတဲ့ sugarcoated pills ဆေးပြားတွေလိုပဲ ခါးသည်းတဲ့ ၊အဝင်ဆိုးမယ့် အခံရခက်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အဆိုးကို မပြောဘဲ ကောင်းတာကိုပဲ ထုတ်ပြောတာမျိုးကိုရည်ညွှန်းသုံးတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အချိုသပ်တာမျိုးပဲ ဖြစ်ပါတယ်။ ဆိုးတဲ့၊ လူတွေမကြိုက်တဲ့ နစ်နာစေနိုင်မယ့် အကြောင်းအရာတခုခုကို ကြည့်ကောင်းအောင်၊

ဒဏ်ခံရတာ သက်သာအောင်၊ နားကြားကောင်းအောင် လျှော့ပြောတာမျိုး၊ အပြင်ဘန်းမှာ အမြင်လှရလေအောင် လူတွေကို လှည့်စားဖို့ ကြိုးစားတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Donald Trump က ၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်က ပေးခဲ့တဲ့ ကတိတွေထဲမှာ တခုကတော့ သမ္မတဟောင်း Barack Obama လက်ထက်က အတည်ပြုခဲ့တဲ့ ဈေးနှုန်းသက်သာတဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အစီအစဉ်ဖြစ်တဲ့ Affordable Healthcare Act ကို ဖျက်သိမ်းပြီး ပိုကောင်းတဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု အစီအစဉ်နဲ့ အစားထိုးဖို့ ကြိုးပမ်းပေးမယ်လို့ ပြောခဲ့ရာမှာ လောလောဆယ် Republican အမတ်တွေ ရေးဆွဲထားတဲ့ အစီအစဉ်သစ်ကို လွှတ်တော်ဘတ်ဂျက်ကော်မတီ်ကလေ့လာခဲ့ရာမှာဒီအစီအစဉ်နဲ့ ပတ်သက်လို့ ၂၀၂၆ ခုနှစ်မှာ အမေရိကန်နိုင်ငံသား (၂၆) သန်းတို့ဟာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုအာမခံမရှိဘဲ နေကြလိမ့်မယ်လို့ တွေ့ရှိခဲ့တဲ့အတွက်လည်း အထူးသဖြင့် အထင်ကရ Washington Post သတင်းစာကြီးက ဒီအချက်ကို ထောက်ပြပြီး Don’t sugarcoat this ဒီအကြောင်းနဲ့ ပတ်သက်ပြီး အချိုလာမသပ်လေနဲ့ လို့ခေါင်းကြီးမှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Please don’t sugarcoat the facts, Mary. I think I can handle the truth.

Mary ရေ ၊ အချက်အလက်တွေကိုနားကြားကောင်းအောင်လို့ ကြည့်ပြီးမပြောပါနဲ့ဗျာ။ ကျနော် အမှန်ကို ခံနိုင်ရည် ရှိပါတယ်။

(၂) To Play along

Play (ကစားတာ ၊ တူရိယာဆိုရင် တီးခတ်တာ)၊ along (အတူတကွ) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အတူကစားတာ (ဒါမှမဟုတ်) တူရိယာဆိုရင် အတူလိုက်ပြီး တီးခတ်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က လူတဦးဦး ဒါမှမဟုတ် တခုခုနဲ့ ပတ်သက်လို့ အကြိုက်လိုက်ပြောတာ ဖြစ်ပါတယ်။ တနည်းတော့ တခုခုက မဟုတ်ဘူး၊ မတရားဘူးဆိုပေမယ့်လို့ တဖက်လူစိတ်ဆိုးမှာစိုးလို့ အခြေအနေအရ အလိုက်အထိုက် ကြည့်နေတာ၊ သည်းခံနေတာမျိုး ဖြစ်ပါတယ်။ကျမတို့မြန်မာမှာ ရေ လိုက်ငါးလိုက်နေတယ်ဆိုတဲ့အသုံးနဲ့ဆင်တူတာဖြစ်ပါတယ်။ဒီအသုံးနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံထုတ် The Guardian သတင်းစာကြီးက အမေရိကန်သတင်းထောက်တွေကို မေးခွန်းထုတ်ရာမှာ အိမ်ဖြူတော်မှာ သမ္မတ Trump ရဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ သတင်းထောက်တွေကို ကင်မရာ ရိုက်ခွင့်မပေးတာ၊ သတင်းမှားရေးတဲ့အတွက် CNN သတင်းထောက် (၃) ဦး အလုပ်ဖြုတ်ခံရတာကို ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ၊ သမ္မတ Trump က Tweeter ကတဆင့် သတင်းထောက်တွေကိုပြစ်တင်တာ၊ စသဖြင့် ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ဘာလို့ သည်းခံပြီး အလိုက်အထိုက် နေကြတာလဲဆိုပြီးတော့ Why do journalists play along ? ဆိုပြီးမေးခွန်းထုတ်ခဲ့ရာမှာဒီ အီဒီယံကို သုံးခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Although I don’t like John’s idea, I think it’s best for me to play along.

ကျနော် John ရဲ့ အကြံကို မကြိုက်ပေမယ့်လို့ လောလောဆယ်မှာတော့ သူ့အကြိုက် လိုက်တာ အကောင်းဆုံးလို့ ကျနော် ယူဆတယ်။

(၃)A Rallying cry

Rallying က Rally ဆိုတဲ့ ဝေါဟာရက ဆင်းသက်လာပြီး နာမ် (Noun) အဖြစ် အသုံးပြုရင် လူထုစုဝေးပွဲကြီးဖြစ်ပြီး၊ Verb (ကြိယာ) အဖြစ် အသုံးပြုရင်တော့ စည်းရုံးတာ၊ စုရုံးတာ ဖြစ်ပါတယ်။ Rallying ကို ဒီနေရာမှာ နာမဝိသေသန (Adjective) အဖြစ် အသုံးပြုထားပြီး၊ Cry ဆိုတဲ့ (ငိုသံ၊ အော်သံ၊ ကြွေးကြော်သံ) အဓိပ္ပါယ်ရတဲ့ နာမ် (Noun) ကို အထူးပြုထားတာ ဖြစ်ပါတယ်။ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စည်းရုံးဖို့အတွက် ကြွေးကြော်သံ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလူတွေကို အားတက်စေတဲ့၊ အားကျစေတဲ့ ကြွေးကြော်သံ၊ လူတွေကို စည်းရုံးစေတဲ့ ယုံကြည်မှု (ဒါမှမဟုတ်) အတွေးအခေါ်တရပ် (ဒါမှမဟုတ်) ဆောင်ပုဒ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက လူထုကို စည်းရုံးတဲ့ ကြွေးကြော်သံကတော့ “ပြောင်းလဲချိန်တန်ပြီ" ဖြစ်သလို၊ အခုနောက်ဆုံး ကြွေးကြော်သံကတော့ "ပြည်သူနဲ့အတူ”ဖြစ်ပါတယ်။ ဒါဟာ NLD ရဲ့ Rallying cry ဖြစ်ပါတယ်။ Rallying cry ကို တနည်း Battle cry လို့လည်း တင်စားပြောကြပါတယ်။ စစ်တိုက်ရာမှာ ဇာတိသွေး ဇာတိမာန် တက်ကြွဖို့ ကြွေးကြော်သံမျိုး ဖြစ်ပါတယ်။ ဒီအသုံးက သမ္မတ Trump အစိုးရက သတင်းမီဒီယာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ မကြာခဏ ရင်ဆိုင်ခဲ့ကြရာမှာ Fake News ဆိုတဲ့ လုပ်ကြံသတင်း၊ မဟုတ်မှန်သတင်းကို သတင်းမီဒီယာတွေက ထုတ်လွှင့်နေကြတယ်လို့ သမ္မတ Trump က မကြာခဏ ပြောလေ့ရှိရာမှာ အခုလောလောဆယ်မှာတော့ CNN က Trump လက်ထောက်တဦးနဲ့ ရုရှားဘဏ်ကြား ဆက်သွယ်မှုရှိတယ်လို့ ရေးခဲ့တဲ့ သတင်းဟာ ခိုင်လုံမှုမရှိတဲ့အတွက် ဒီသတင်းကို CNN က ပြန်ရုတ်သိမ်းခဲ့သလို သတင်းယူခဲ့တဲ့ သတင်းထောက် (၃) ဦးကို အလုပ်ကနေ ရပ်စဲပစ်ခဲ့ပါတယ်။ ဒီအချက်ဟာ Trump အစိုးရတွင်း စည်းရုံးဆော်သြဖို့ ကောင်းတဲ့သာဓကတခု ဖြစ်စေခဲ့တဲ့အတွက်ကြောင့်လဲ A Rallying cry in Trump's campaign against fake news ဆိုပြီးတော့ သတင်းမီဒီယာတွေက သုံးနှုန်းခဲ့ကြတာ ဖြစ်ပါတယ်။ အသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The rallying cry for Apple, the multi-international technology company, was "Think Different".

နိုင်ငံတကာ ခေတ်မီနည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Apple ရဲ့ ဆောင်ပုဒ်က အတွေးအခေါ် ဆန်းသစ်ကြပါ ဖြစ်ပါတယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idiom အသုံးတွေက To sugarcoat, To Play along နဲ့ A Rallying cry တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG