သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


Voters fill out their ballots on the first day of early voting at the Hamilton County Board of Elections, Wednesday, Oct. 10, 2018, in Cincinnati. In-person voting has begun in swing-state Ohio for the Nov. 6 elections for governor, U.S. Senate, House seats and a host of other state and local offices and issues. Registration closed Tuesday, and county voting centers opened Wednesday morning. (AP Photo/John Minchillo)
မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:06:02 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ နိုဝင်ဘာလ (၆) ရက်နေ့မှာ ကျင်းပမယ့် Midterm Elections အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးအချို့ ဖြစ်တဲ့ Up for grabs, Swing voter နဲ့ Tight race တို့ကို တင်ပြပေးထားပါတယ်။

(၁) Up for grabs

Up (အပေါ်)၊ for (အတွက်)၊ grabs (ဖမ်းယူတာ၊ လုယူတာ၊ ဆွဲယူတာ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဖမ်းယူဖို့၊ လုယူဖို့ အဆင်သင့် ဖြစ်နေတာကို ဆိုလိုပါတယ်။ Basketball ပြိုင်ပွဲမှာအပေါ်ကို ပစ်တင်လိုက်တဲ့ ဘောလုံးအောက်ပြန်အကျ ဖမ်းရာမှာ ဘယ်သူမိမလဲဆိုတာ မပြောနိုင်ဘဲ အနီးရှိလူတိုင်းက မိလိုမိငြား ကြိုးစားဖမ်းကြတဲ့သဘော ဖြစ်ပါတယ်။ အလုပ်အကိုင်တွေမှာ အလုပ်လျှောက်ကြရင် ဘယ်သူက အလုပ်ရမလဲဆိုတာကို အသေအချာ မသိတာ၊ ရွေးကောက်ပွဲဝင်တဲ့အခါမှာလဲ ဘယ်သူက အနိုင်ရမလဲဆိုတာကို တတ်အပ်မပြောနိုင်တဲ့ အခြေအနေမျိုးမှာ ဒီ idiom ကို ရည်ညွှန်းသုံးပါတယ်။

အီဒီယံအဓိပ္ပါယ် အခြေအနေတခုခုနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကြိုတင်ခန့်မှန်းရခက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ အဖြေဘယ်လို ထွက်လာမလဲဆိုတာကို ကြိုတတ်အပ်မပြောနိုင်တဲ့အတွက်ကြောင့် ရသူယူ၊ ဦးသူယူ၊ ထိုက်သူယူ၊ ကြိုးစားတဲ့လူယူဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို အခုကျင်းပတော့မယ့် အမေရိကန် Midterm elections တွေမှာ အောက်လွှတ်တော်အမတ် (၄၃၅) နေရာအားလုံး နဲ့ အထက်လွှတ်တော်အမတ် (၁၀၀) အနက် သက်တမ်းစေ့တဲ့ (၃၄) နေရာအတွက် အဓိက ရီပတ်ဘလင်ကန် နှင့် ဒီမိုကရက်တစ်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ရှိရာမှာ ၊ ပြည်နယ် (၅၀) အနက် Republican သေချာပေါက်နိုငိမယ့် Red states အနီရောင်ပြည်နယ်တွေရှိသလို၊ Democrat တွေအပိုင်တွက်နိုင်တဲ့ Blue states ရှိပေမယ့် ဘယ်ပါတီ အနိုင်ရမယ်ဆိုတာ မသေချာတဲ့ပြည်နယ်တွေလည်း ရှိပါတယ်။ North Carolina မှာတော့ Grand Old Party (GOP) လို့ အတိုကောက်ခေါ်တဲ့ ရီပတ်ဘလင်ကန်က အနိုင်ရရှိထားတဲ့ အောက်လွှတ်တော်အမတ် (၃) နေရာကို လက်ရှိ နိုင်ငံရေးအခြေအနေအရ ဘယ်ပါတီက အနိုင်ရမလဲဆိုတာကို ကြိုတင်တတ်အပ် မပြောနိုင်ဘူးဆိုပြီး The News and Observer သတင်းစာကြီးက “Three GOP seats in Congress are up for grabs in an unusually unpredictable North Carolina election” ဆိုတဲ့ခေါင်းကြီးနဲ့ ရေးသားထားပါတယ်။

ဥပမာ

The vacant manager’s position is “up for grabs.”

လစ်လပ်နေတဲ့ မန်နေ၈ျာ ရာထူးမှာ ဘယ်သူကို ခန့်မလဲဆိုတာကို ကြိုတင်ခန့်မှန်းရခက်တယ်။

(၂) Swing voter

Swing (လွှဲတာ၊ ယိမ်းတာ)၊ voter (မဲပေးသူ) ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကယိမ်းပြီး၊ လွှဲပြီး မဲပေးသူ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က နိုင်ငံရေးမှာဖြစ်ဖြစ်၊ သဘောထား ခံယူချက်မှာပဲဖြစ်ဖြစ် ပါတီစွဲ၊ တယူသန်စွဲ မရှိဘဲနဲ့ ဟိုဘက်ဒီဘက် စိတ်ပြောင်းပြီး မဲပေးနိုင်တဲ့ လူမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေမှာ Swing voters တွေ များခဲ့ရင် ဘယ်ပါတီက အနိုင်ရမလဲဆိုတာကို ကြိုတင်ဟောကိန်း ထုတ်ရခက်တဲ့အတွက်ကြောင့် ဒီလိုမျိုးပြည်နယ်တွေကို Swing states လို့ခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးကို မကြာမီ ကျင်းပမယ့် အမေရိကန်သက်တမ်းဝက် ရွေးကောက်ပွဲအတွက် သမ္မတ Donald Trump က သူ့ပါတီအတွက်လိုက်ပြီးကြိုပြီး မဲဆွယ်ခဲ့စဉ်က သူ့ပါတီ အနိုင်ရဖို့ မသေချာတဲ့ ပြည်နယ်တွေကို မသွားဘဲ၊ သေချာတဲ့ ပြည်နယ်တွေကိုသာသွားပြီး မဲဆွယ်နေတဲ့အတွက်ကြောင့် MSNBC ရုပ်သံလွှင့်က “Trump's travels: Staying away from swing voters ahead of the midterms” ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Swing voters usually vote across party lines.

ဘယ်ပါတီကို မဲပေးမယ်လို့ မဆုံးဖြတ်ရသေးသူတွေဟာ အများအားဖြင့် ပါတီစွဲကင်းပြီး မဲပေးလေ့ ရှိကြတယ်။

(၃) Tight race

Tight (ကြပ်တာ)၊ race (ယှဉ်ပြိုင်မှု၊ ပြိုင်ဆိုင်မှု) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်က ကျပ်တဲ့ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။ ကျပ်တယ်ဆိုကတည်းကိုက မလှုပ်သာ၊ မရှားသာ။ သူနိုင်ကိုယ်နိုင် အပြိုင်ချဲ ကြရမယ့် အနေအထားမျိုးမှာ ရှိနေတဲ့အတွက်ကြောင့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က ယှဉ်ပြိုင်မှုဟာ အကျိတ်အနယ်ဖြစ်ပြီး ဘယ်သူ အနိုင်ရမလဲလို့ ပြောရခက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို The Capitalists သတင်းစာကြီးက” For Florida Republicans in tight races, Trump needs to rest his trigger finger” ဆိုပြီး Florida ပြည်နယ်မှာ အကျိတ်အနယ် ယှဉ်ပြိုင်ကြမယ့် Republicans တွေအတွက်ငဲ့ပြီး Trump က သူ့ရဲ့  Twitter ပေါ်မှာ စိတ်မထင်ရင် မထင်သလို တက်ရေးတဲ့လက်ကို အနားပေးဖို့လိုတယ်ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

Both candidates are very popular. It’s going to be a very tight race.

ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံးအပေါ်လူကြိုက်များတယ်။ ဒါကြောင့် ရွေးကောက်ပွဲကတော့ အတော်လေးအကျိတ်အနယ် ဖြစ်လိမ့်မယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idiom အသုံးတွေက Up for grabs, Swing voter နဲ့ Tight race တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG