သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Make စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ make စကားလုံး အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ make a beeline for, to make a pass at someone, to make a bundle နဲ့ to make ends meet တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အသုံးအနှုန်းမှာ make a beeline for ဖြစ်ပါတယ်။ Make = ပြုလုပ်သည်, A = တစ်ခု, Beeline = (Bee = ပျား, Line = မျဉ်း) ပျားလုပ်တဲ့မျဉ်း။ အမှန်မှာတော့ ဒီနေရာမှာ ဝတ်ရည်အပြည့် သယ်ဆောင်လာတဲ့ ပျားဟာ ပျားအုံ၊ ပျားအိမ်ကို တန်းပြီးပျံတာကို ဆိုလိုတာဖြစ်ပါတယ်, For = တစ်ခုခုအတွက် စသည်တို့ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတစ်ခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပျားက တစ်ခုခုဆီ ဦးတည်ပြီး ပျံသန်းသွားတာကို ဆိုလိုပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ တစ်နေရာရာကို ရောက်တာနဲ့ ကိုယ်ရည်ရွယ်ထားတဲ့နေရာ၊ ကိုယ်သွားလိုတဲ့နေရာကို တစ်ခါတည်း တန်းပြီးသွားတာကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

As soon as John arrived at the party, he made a beeline for the pretty girl in the red dress to ask her to dance with him.

John အနေနဲ့ ပါတီကို ရောက်ရောက်ချင်းပဲ သူနဲ့ တွဲကရအောင်ခေါ်ဖို့ အင်္ကျ ီအနီနဲ့ မိန်းခလေးချောချောဆီကို တန်းပြီးတော့ သွားတော့တယ်။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ to make a pass at someone ဖြစ်ပါတယ်။ To make = တစ်ခုခုကို ပြုလုပ်သည်, A = တစ်ခု, Pass = (သာမန်အားဖြင့်) ဖြတ်သန်းသည်၊ ကျော်သွားသည်၊ လွှဲပေးသည် အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာတော့ ‘ရိသဲ့သဲ့ လုပ်သည်’ ဖြစ်ပါတယ်။ At someone = တစ်ဦးတစ်ယောက်ကို ဦးတည်သည် ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတစ်ခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လူတစ်ဦးတစ်ယောက်ကို မထိတထိ ရိသဲ့သဲ့ လုပ်ခြင်း ဖြစ်ပါတယ်။ ဘန်းစကားအရ ပြောရရင်တော့ ‘to hit on’ လို့လည်း ပြောလို့ရပါတယ်။

အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ သိပ်မကွာလှပါဘူး။ လူတစ်ဦးတစ်ယောက်ကို ရိသဲ့သဲ့ လုပ်တာကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe lost his job as his boss caught him making a pass at a co-worker.
Joe တစ်ယောက် အလုပ်ပြုတ်သွားတယ်။ သူက လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ရိသဲ့သဲ့ လုပ်တာကို သူ့အထက်လူကြီး မိသွားခဲ့လို့ဖြစ်တယ်။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ to make a bundle ဖြစ်ပါတယ်။ To Make = ပြုလုပ်သည်, A = တစ်ခု, Bundle = အထုပ် တို့ဖြစ်ကြပြီး စကားစုတစ်ခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အထုပ်ရအောင် လုပ်သည် ဖြစ်ပါတယ်။ ဒီနေရာမှာ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကို မရှင်းခင်မှာ အထုပ်လို့ အဓိပ္ပါယ်ရတဲ့ bundle ဝေါဟာရကို ရှင်းပြရမယ်ဆိုရင်တော့ ဒီနေရာမှာ ငွေထုပ်ကို ဆိုလိုပါတယ်။ ဒါကြောင့် အီဒီယံအဓိပ္ပါယ်က ငွေအတော်များများ ရလိုက်ခြင်း၊ အမြတ်များများ ရလိုက်တာကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

As land prices have claimed very high in Rangoon, he made a quite bundle when he sold his home.

ရန်ကုန်မှာ မြေဈေးတွေက သိပ်ကိုတက်နေတော့ သူ့အိမ်ကို ရောင်းလိုက်တဲ့အခါ အတော်လေး အမြတ်များများ ရခဲ့တယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ to make ends meet ဖြစ်ပါတယ်။ To Make = ပြုလုပ်သည်, Ends = အဆုံးများ, Meet = တွေ့ဆုံသည်၊ ဆုံအောင်လုပ်သည် တို့ဖြစ်ကြပြီး စကားစုတစ်ခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အဆုံးတွေကို တွေ့ဆုံအောင်လုပ်သည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တစ်နေ့လုပ်စာ တစ်နေ့စားနိုင်အောင် အနိုင်နိုင်လုပ်ရသည် ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Jobs are so hard to get in this city. So, young families are struggling to make ends meet.

ဒီမြို့မှာ အလုပ်အကိုင်ရဖို့ အတော်လေး ခက်ခဲတော့ လူငယ်မိသားစုတွေဆိုရင် တစ်နေ့စာ တစ်နေ့လောက်အောင် စားနိုင်ဖို့ကို ရုန်းကန်နေရတယ်။
XS
SM
MD
LG