သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလိပ် Premier League ဘောလုံးရာသီ စတင်


Chelsea အသင်းက Eden Hazard (ယာ) နဲ့ Swansea’ အသင်းက Jack Cork (သြဂုတ် ၈၊ ၂၀၁၅)
Chelsea အသင်းက Eden Hazard (ယာ) နဲ့ Swansea’ အသင်းက Jack Cork (သြဂုတ် ၈၊ ၂၀၁၅)

၂၀၁၅-၂၀၁၆ အင်္ဂလိပ် Premier League ဘောလုံးရာသီ ဒီကနေ့မှာ ပြန်စပြီဖြစ်တာနဲ့အတူ Premier League ဖလားလုကြမယ့် ကလပ်အသင်း ၂၀ က သူတို့ရဲ့ အသင်းသားတွေရဲ့ အင်္ကျီနံပါတ်တွေကို ထုတ်ပြန်ခဲ့ကြပါတယ်။

Premier League ပွဲစဉ်တွေ ပထမဆုံးစတင်တဲ့ နေ့မှာ စုစုပေါင်း ဘောလုံးပွဲ ၆ ပွဲရှိပါတယ်။ ပထမဆုံး Manchester United နဲ့ Tottenham Hot Spar ပွဲမှာ Man U က ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပါတယ်။ Premier League ပထမဆုံးဂိုးကိုတော့ ပထမပိုင်း ၂၂ မိနစ်မှာပဲ Tottenham Hot Spar က Kyle Walker က ကိုယ့်ဂိုးကို ပြန်သွင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိ Premier League ချန်ပီယံ Chelsea အသင်းနဲ့ Swansea အသင်းတို့လည်း ဒီကနေ့မှာ ကန်ကြဖို့
ရှိပါတယ်။ ကျန်တဲ့ပွဲတွေကတော့ Bournemouth နဲ့ Aston Villa, Everton နဲ့ Watford, Leicester နဲ့ Sunderland, Norwich City နဲ့ Crystal Palace အသင်းတွေ ကန်ကြမှာဖြစ်ပါတယ်။ အင်္ဂလိပ် Premier League ဘောလုံးပွဲတွေဟာ
ကမ္ဘာတဝန်းမှာ လူကြည့်အများဆုံး စိတ်ဝင်စားမှုအရဆုံး အားကစားပွဲတွေ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG