သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသ ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ (၂)

ဲမြဝတီကြိုတင်မဲပုံးမာျး။
ဲမြဝတီကြိုတင်မဲပုံးမာျး။

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့မှာတော့ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်က စောင့်တဲ့မဲရုံတွေကလွဲလို့ တခြားမဲရုံအားလုံးနီးပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့ပါတယ်။ မြဝတီခရိုင်ထဲမှာရှိတဲ့ တပ်မတော်ကပေးပို့ခဲ့တဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်လို့တော့ ပြည်သူတွေကြားမှာ မယုံကြည်မှုတွေ ရှိနေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

please wait

No media source currently available

0:00 0:03:05 0:00
တိုက်ရိုက် လင့်ခ်

ကယားပြည်နယ်တွင်းက မဲရလဒ်တွေကိုတော့ ၂ ရက်အတွင်း အပြီးသတ် ကြေညာသွားမယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ကယားပြည်နယ်တွင်း ရွေးကောက်ပွဲလုပ်ငန်းစဉ်တခုလုံးမှာ အခက်အခဲ ကြီးကြီးမားမားမရှိခဲ့ဘဲ ကြိုတင်မဲနဲ့ပတ်သက်လို့တော့ အနည်းငယ်ဖြေရှင်းခဲ့ရတယ်လို့လည်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ကယားပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်သွယ်ပြီး မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

please wait

No media source currently available

0:00 0:03:10 0:00
တိုက်ရိုက် လင့်ခ်

မနေ့ နိုဝင်ဘာ (၈) ရက်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ၉၀ % အနိုင်ရသွားခဲ့ပြီး ဒေသခံ မွန်ပါတီတွေကတော့ (၄) ဦးသာ အနိုင်ရခဲ့ပါတယ်။ NLD အနေနဲ့ အစိုးရဖွဲ့နိုင်ခဲ့ရင် ပါတီရဲ့ မူဝါဒတွေအတိုင်း တိုင်းရင်းသားတွေတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆောင်ရွက်သွားမယ်လို့ ပြောထားသလို တိုင်းရင်းသားပါတီတွေကတော့ တိုင်းရင်းသားတွေအကျိုး ဆောင်ရွက်ပေးနိုင်မှုကို စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲလွန်အခြေအနေတွေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က စုစည်းတင်ပြပေးထားပါတယ်။

please wait

No media source currently available

0:00 0:04:39 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG