သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို စစ္ေရးအကူအညီ တိုးေပးဖို႔ EU ကာကြယ္ေရးဝန္ႀကီးေတြ ေဆြးေႏြး 


ဥေရာပသမဂၢ ႏိုင္ငံျခားေရးမူဝါဒဌာန အႀကီးအကဲ Josep Borrell 

[[Zawgyi/Unicode]]

လက္နက္ထုတ္လုပ္ေရးနဲ႔ ယူကရိန္းစစ္တပ္အတြက္ စစ္ေရးေလ့က်င့္မႈေတြ တိုးျမႇင့္ႏိုင္မယ့္နည္းလမ္းေတြအျပင္ ႐ုရွားႏိုင္ငံသားေတြအေပၚ ဗီဇာ ကန႔္သတ္ဖို႔ကိစၥေတြကို ဥေရာပသမဂၢ ကာကြယ္ေရးဝန္ႀကီးေတြက အဂၤါေန႔မွာ ေဆြးေႏြးခဲ့ၾကပါတယ္။ အစည္းအေဝးကို ခ်က္သမၼတႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ ပရာ့ဂ္မွာ က်င္းပေနတာ ျဖစ္ပါတယ္။

“က်ေနာ္တို႔ ထုတ္လုပ္ သိမ္းဆည္းထားတာေတြက ေလ်ာ့ေလ်ာ့သြားေနပါတယ္။ ယူကရိန္းကို စြမ္းေဆာင္ႏိုင္ေအာင္ အမ်ားႀကီး လုပ္ေပးေနတာေၾကာင့္ ျပန္ျဖည့္ရမွာ ျဖစ္ပါတယ္။” လို႔ ဥေရာပသမဂၢ ႏိုင္ငံျခားေရးမူဝါဒဌာန အႀကီးအကဲ Josep Borrell က သတင္းေထာက္ေတြကို ေျပာပါတယ္။

စစ္ေရးဆိုင္ရာပစၥည္းေတြနဲ႔ အရင္းအျမစ္ေတြကို အေကာင္းဆုံး ဘယ္လို စုေပါင္း သုံးၿပီး ယူကရိန္းအတြက္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္လို ကာကြယ္ ေရးဆိုင္ရာ လက္နက္ေတြ၊ ခဲယမ္းမီးေက်ာက္ ဝယ္ယူေရးကိစၥေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။ ဒါ့အျပင္ ယူကရိန္းစစ္သားအသစ္ေတြကို ဥေရာပမွာ စစ္ေရး ေလ့က်င့္ေပးေရး ကိစၥကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

ယူကရိန္းရဲ႕အေတြ႕အႀကဳံရင့္စစ္သားေတြက ေရွ႕တန္းစစ္ေျမျပင္မွာ တိုက္ခိုက္ ေနရတဲ့အတြက္ေၾကာင့္ စစ္သားသစ္ေတြအတြက္ သင္တန္းကိစၥဟာ အေရးပါလာတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ တိုင္းျပည္အေတာ္မ်ားမ်ားက ယူကရိန္းနဲ႔ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အရ ေလ့က်င့္ေပးတာေတြရွိေပမယ့္ အီးယူရဲ႕ အစုအေပါင္း ၾသဇာကို အသုံးျပဳတာက ပို အခ်ိန္စီးမွာကိုလည္း ဝန္ႀကီးေတြက အသိအမွတ္ျပဳၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ကေတာ့ ဒါဟာ လုပ္ဖို႔ကိုင္ဖို႔ ခဲယဥ္းမယ္လို႔ ဆိုၾကပါတယ္။ အလားတူပဲ၊ ႐ုရွား ႏိုင္ငံသားေတြအေပၚ ဗီဇာကန႔္သတ္ ပိတ္ပင္ေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း အျမင္အမ်ိဳးမ်ိဳးရွိေနၿပီး အဂၤါေန႔ ေန႔လယ္ပိုင္းမွာ ညႇိဳႏႈိင္းေဆြးေႏြးေနၾကဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

[[Unicode]]

ယူကရိန်းကို စစ်ရေးအကူအညီ တိုးပေးဖို့ EU ကာကွယ်ရေးဝန်ကြီးတွေ ဆွေးနွေး

လက်နက်ထုတ်လုပ်ရေးနဲ့ ယူကရိန်းစစ်တပ်အတွက် စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်နိုင်မယ့်နည်းလမ်းတွေအပြင် ရုရှားနိုင်ငံသားတွေအပေါ် ဗီဇာ ကန့်သတ်ဖို့ကိစ္စတွေကို ဥရောပသမဂ္ဂ ကာကွယ်ရေးဝန်ကြီးတွေက အင်္ဂါနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို ချက်သမ္မတနိုင်ငံရဲ့မြို့တော် ပရာ့ဂ်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

“ကျနော်တို့ ထုတ်လုပ် သိမ်းဆည်းထားတာတွေက လျော့လျော့သွားနေပါတယ်။ ယူကရိန်းကို စွမ်းဆောင်နိုင်အောင် အများကြီး လုပ်ပေးနေတာကြောင့် ပြန်ဖြည့်ရမှာ ဖြစ်ပါတယ်။” လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဌာန အကြီးအကဲ Josep Borrell က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ရေးဆိုင်ရာပစ္စည်းတွေနဲ့ အရင်းအမြစ်တွေကို အကောင်းဆုံး ဘယ်လို စုပေါင်း သုံးပြီး ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်လို ကာကွယ် ရေးဆိုင်ရာ လက်နက်တွေ၊ ခဲယမ်းမီးကျောက် ဝယ်ယူရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ယူကရိန်းစစ်သားအသစ်တွေကို ဥရောပမှာ စစ်ရေး လေ့ကျင့်ပေးရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်းရဲ့အတွေ့အကြုံရင့်စစ်သားတွေက ရှေ့တန်းစစ်မြေပြင်မှာ တိုက်ခိုက် နေရတဲ့အတွက်ကြောင့် စစ်သားသစ်တွေအတွက် သင်တန်းကိစ္စဟာ အရေးပါလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းပြည်အတော်များများက ယူကရိန်းနဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ လေ့ကျင့်ပေးတာတွေရှိပေမယ့် အီးယူရဲ့ အစုအပေါင်း သြဇာကို အသုံးပြုတာက ပို အချိန်စီးမှာကိုလည်း ဝန်ကြီးတွေက အသိအမှတ်ပြုကြပါတယ်။ ဒါပေမယ့် တချို့ကတော့ ဒါဟာ လုပ်ဖို့ကိုင်ဖို့ ခဲယဉ်းမယ်လို့ ဆိုကြပါတယ်။ အလားတူပဲ၊ ရုရှား နိုင်ငံသားတွေအပေါ် ဗီဇာကန့်သတ် ပိတ်ပင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အမြင်အမျိုးမျိုးရှိနေပြီး အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ ညှိုနှိုင်းဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG