သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲအတွက် EU နဲ့ အမေရိကန် အကူအညီပေးနေ


ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဆန္ဒမဲပေးနေတဲ့ သမ္မတဦးသိန်းစိန်
ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဆန္ဒမဲပေးနေတဲ့ သမ္မတဦးသိန်းစိန်

သြစတြေးလျ၊ ဒိန်းမတ်၊ အီးယူ၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေက မြန်မာနိုင်ငံမှာ ဒီနှစ်ထဲကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် မြန်မာအစိုးရကိုရော NGO အဖွဲ့တွေကိုပါ ညှိနှိုင်းမှုတွေနဲ့ အကူအညီပေးမှုတွေ လုပ်ဆောင်နေတယ်လို့ အီးယူနဲ့ နိုင်ငံ ၆ နိုင်ငံက သံရုံးတွေက ဒီကနေ့ အင်္ဂါနေ့မှာ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေ၊ ပြည်တွင်းက မဲပေးစာရင်းပြုစုတာတွေအတွက် နည်းပညာဆိုင်ရာ ထောက်ပံ့မှုတွေ လုပ်ဆောင်နေသလို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစေဖို့ သင်တန်းတွေပေးနေပြီး မဲလိမ်သူတွေကို တားဆီးနိုင်ဖို့နဲ့ မဲပေးသူတွေ ယုံကြည်စိတ်ချမှုရှိလာစေဖို့ကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာပါဝင်တဲ့ အဖွဲ့အစည်းတွေရဲ့ စွမ်းရည်မြှင့်တင်ပေးတာနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့မီဒီယာတွေကို မဲပေးတာနဲ့သက်ဆိုင်တဲ့ ပညာပေးမှုတွေ လုပ်ပေးနေတယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲမှာပါဝင်တဲ့ အဖွဲ့အစည်းတွေကြား အပြန်အလှန် ဆွေးနွေးမှုရှိစေဖို့ ပုံမှန်ဆွေးနွေးပွဲတွေလုပ်ဖို့ ပန်ကြားထားတဲ့အပြင် ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့ ပံ့ပိုးပေးမှာဖြစ်သလို ဘာသာ၊ လူမျိုး မခွဲခြာဘဲ အားလုံးပါဝင်ပြီး လွတ်လပ်စွာထုတ်ဖေါ်ခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်တွေ ရှိစေဖို့ လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။

XS
SM
MD
LG