သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ကုန်သွယ်ရေးဒဏ်ခတ်ဖို့ EU စဉ်းစား


ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတခု
ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတခု

ရခိုင်ပြည်နယ်အကျပ်အတည်းနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့ ဥရောပ သမဂ္ဂ EU က စဉ်းစားနေတယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအုပ်စုဖြစ်တဲ့ EU အဖွဲ့က မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတာဖြစ်တယ်လို့ EU တာဝန်ရှိသူသုံးဦးက ပြောတယ်ဆိုပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအုပ်စုဖြစ်တဲ့ EU အဖွဲ့က မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတာဖြစ်တယ်လို့ .....

ဥရောပကော်မရှင်က စဉ်းစားနေတဲ့ ဒီ ဒဏ်ခတ်အရေးယူမှုမှာ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းလည်းပါဝင်ပြီး အလုပ်အကိုင် ထောင်ပေါင်းများစွာကို ထိခိုက်မယ့်အန္တရာယ်ရှိပေမဲ့ ချက်ခြင်း သက်ရောက်မှုရှိမှာတော့ မဟုတ်သေးပါဘူး။

ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်မလားဆိုတာ ခြောက်လကြာ သုံးသပ်ဆန်းစစ်မှု စတင်လိုက်တာကိုကပဲ မြန်မာနိုင်ငံဆိုင်ရာ EU ရဲ့မူဝါဒပိုင်းမှာ အရေးပါတဲ့ ပြောင်းလဲမှုတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူသားစာနာမှုနဲ့ ဒီမိုကရေစီ ရေးရာ သတ်မှတ်ချက်တွေကို ပြည့်မီတယ်ဆိုရင် ပြန်ရုပ်သိမ်းနိုင်တယ်လို့လည်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။


ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့ စဉ်းစားတဲ့နေရာမှာ ဥရောပကော်မရှင်ထဲမှာ သဘောထားကွဲလွဲတာတွေ တော့ရှိနေပါတယ်။ EU ကုန်သွယ်ရေးဆိုင်ရာအကြီးအကဲ Cecilia Malmstrom က ဒဏ်ခတ်အရေးယူမှု ချမှတ်ရေး စတင်လုပ် ဆောင်ဖို့ သဘောထားရှိပါတယ်။ ဒါပေမဲ့ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Federica Mogherini ကတော့ သာမန်နိုင်ငံ သားတွေကို ထိခိုက်စေမယ့် စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေကို ရှောင်ရှားဖို့ဆိုတဲ့ EU ရဲ့ မူဝါဒကြောင့် ပိုပြီးသတိထား လုပ်ဆောင်ချင်တဲ့ သဘောထား ရှိနေတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။အခုလို သုံးသပ်ဆန်းစစ်လာတဲ့ အဓိကအကြောင်းရင်းကတော့ ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ “လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ရည်ရွယ်ချက်” နဲ့ မြန်မာစစ်ဘက်က လုပ်ဆောင်ခဲ့တယ်လို့ သြဂုတ်လက ထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီရင်ခံစာမှာ စွပ်စွဲဖော်ပြထားတာပဲဖြစ်ပါတယ်။

ကော်မရှင်ဥက္ကဌ Jean-Claude Juncker ရဲ့ ရည်တည်ချက်ကတော့ ခုချိန်ထိ ထွက်မလာသေးသလို ကော်မရှင်ပြောခွင့်ရက လည်း မှတ်ချက်ပေးပြောဆိုဖို့ ငြင်းတယ်လို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံကနေ EU ကိုတင်ပို့နေတဲ့ ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်းဟာ ၂၀၁၇ ခုနှစ်က ဒေါ်လာ ၁.၈ ဘီလီယံကျော် ရှိပါတယ်။ ဒါဟာ လက်နက်ခဲယမ်းကလွဲပြီး ကျန်တဲ့ကုန်ပစ္စည်းအားလုံးကို ကုန်သွယ်ခွင့်နဲ့ အခွန်ကင်းလွတ်ခွင့် EU က မြန်မာနိုင်ငံကိုပေးပြီး တဲ့နောက်ပိုင်း ၂၀၁၂ ခုနှစ်နဲ့ နှိုှုင်းယှဉ်ရင် ၁၀ ဆနီးပါး တိုးလာတာပါ။

EU ဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဘက်တွေထဲမှာ ခြောက်ခုမြောက် အကြီးဆုံးဖြစ်ပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးကြီးတဲ့ အရင်းအမြစ်တခုလည်းဖြစ်ပါတယ်။

မြန်မာ့ အထည်ချုပ်လုပ်ငန်းအသင်း MGMA ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံကနေ EU ကိုတင်ပို့ကုန်တွေထဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပြီးရင် အထည်ချုပ်လုပ်ငန်းက ဒုတိယအများဆုံးပါ။

EU အနေနဲ့ အထည်ချုပ်လုပ်ငန်းကို ခြွင်းချက်ထားပြီး ဒဏ်ခတ်အရေးယူမှုချမှတ်ဖို့ နည်းလမ်းရှိပေမဲ့လည်း ဒီကဏ္ဍရဲ့ ပို့ကုန် ပမာဏကြီးမားတာကြောင့် EU ရဲ့ ဒဏ်ခတ်အရေးယူမှု ထိရောက်နိုင်ခြေဟာ သိသိသာသာ လျော့ကျသွားမယ်လို့ EU တာဝန် ရှိသူတဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG