သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ စာနာမှုအကူအညီ လိုအပ်ချက်ဖြေရှင်းရေး EU စီစဉ်


စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေစဉ် (ဓာတ်ပုံ - IDPs Support Group)
စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေစဉ် (ဓာတ်ပုံ - IDPs Support Group)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ အကျပ်အတည်းတွေကြား လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေ ပြည့်မှီရေးဟာ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ Team Europe အဖွဲ့အတွက် အဓိက ဦးစားပေးလုပ်ငန်းတခု ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီးယူသံရုံးက ဇွန်လ ၈ ရက်နေ့ နေ့စွဲနဲ့ လူမှုကွန်ယက်မှာ ကြေညာထားပါတယ်။

အထိခိုက်အလွယ်ဆုံးနဲ့ ပဋိပက္ခဒဏ်ခံနေရတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ ဖြည့်ပေးနိုင်ဖို့နဲ့ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခရောက်သူတွေအရေး ရေရှည်အဖြေရှာနိုင်ဖို့ကိစ္စတွေကို ဦးစားပေး လုပ်ငန်းတွေထဲမှာ ရှေ့ဆုံးက ဆောင်ရွက်ဖို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေအတွက် ၂၀၂၃ ခုနှစ်မှာ Team Europe အနေနဲ့ ယူရို ၂၂၃ သန်း ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာလည်း မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ပေါ်ထွန်းလာရေး၊ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်ပံ့ပိုးနေသူ အားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားမယ့်အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကြေညာထားပါတယ်။ ဇန်နဝါရီလ နောက်ဆုံးပတ်ကပဲ မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေအတွက် အရေးပေါ် ယူရို ၁၉ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသူ တစ်သန်းကနေ ၁၈.၆ သန်းအထိ တိုးလာခဲ့တာကို မေလအတွင်းက ဥရောပသမဂ္ဂက တခြားနိုင်ငံတွေနဲ့အတူ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံ စာနာမှုအကူအညီ လိုအပ်ချက်ဖြေရှင်းရေး EU စီစဉ်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG