သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် အီးယူထပ်မံ အရေးယူဒဏ်ခတ်


Army officers detain a man during a protest against the military coup in Yangon, Myanmar, March 2, 2021. Picture taken from behind a window. REUTERS/Stringer
Army officers detain a man during a protest against the military coup in Yangon, Myanmar, March 2, 2021. Picture taken from behind a window. REUTERS/Stringer

မြန်မာစစ်ကောင်စီအပေါ် တတိယမြောက် အရေးယူပိတ်ဆို့ မှုကိုချမှတ်လိုက်ကြောင်း ဥရောပသမဂ္ဂက ဇွန်လ (၂၁) ရက် တနင်္လာနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ ဥရောပသမဂ္ဂရဲ့ ထပ်မံ ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ- အာဏာသိမ်း စစ်အုပ်စုဝင်တွေထဲက နောက်ထပ် ၈ ဦးနဲ့ စစ်တပ်နဲ့ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်း (၃)ခုအပါအဝင် စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့တို့ ပါဝင်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေထဲမှာ- စစ်ကောင်စီ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေအပြင် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး တိုင်းပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ အစိုးရ ရှေ့နချုပ်လည်း ပါဝင်ပါတယ်။

ကျောက်မျက်ရတနာ၊ သစ်လုပ်ငန်း စတာတွေကို ပစ်မှတ်ထားအရေးယူမှုတွေဟာ မြန်မာ့သဘာ၀ သယံဇာတတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ စစ်အုပ်စုရဲ့ ဝင်ငွေတွေကို ကန့်သတ်ဖို့ ရည်ရွယ်ကြောင်း ဖေါ်ပြထားပါတယ်။ တဖက်မှာလည်း မြန်မာပြည်သူတွေအတွက် အလွန်အမင်း ထိခိုက်နစ်နာမှုတွေမဖြစ်အောင် ဥရောပသမဂ္ဂ အနေနဲ့ ရှောင်ရှား ဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဥရောပသမဂ္ဂက ပစ်မှတ်ထား အရေးယူပိတ်ဆို့ထားသူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း ၄၃ ဦးထိရှိသွားပြီဖြစ်ပါတယ်။ ဒါအပြင် စစ်တပ်နဲ့ပတ်သက်နေတဲ့ စီးပွားလုပ်ငန်းအုပ်စု ၆ ခုနဲ့ အခုတခေါက်မှာတော့ စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့ကိုပါ ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

ဖဖေါ်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အင်အားသုံး အကြမ်းဖက် နှိမ်နင်းမှုကြောင့် လူပေါင်း ၈၆၀ ကျော်သေဆုံးခဲ့ပြီး ၄၅၀၀ ကျော်ဖမ်းဆီးခံထားရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီအရေအတွက်ဟာ မှန်ကန်မှုမရှိကြောင်းနဲ့ အဲဒီလောက် အရေအတွက်ထိ မရှိကြောင်းလည်း တုန့်ပြန်ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------





XS
SM
MD
LG