သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူအရေးယူမှု ပြည်သူမထိခိုက်စေလိုဟု မြန်မာအစိုးရဆို


သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေး
သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေး

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ရေး အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက စဉ်းစားနေတဲ့အကြောင်းပြောဆိုနေကြောင်း၊ ဒီလို အရေးယူမယ်ဆိုရင် မြန်မာပြည်သူတွေကို မထိခိုက်ဖို့ လိုတဲ့အကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ကနေ့ ညနေ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ EU အဖွဲ့က မြန်မာနိုင်ငံကိုပေးထားတဲ့ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတာဖြစ်တယ်လို့ EU တာဝန်ရှိသူသုံးဦးက ပြောဆိုတဲ့အကြောင်း ရိုက်တာသတင်းဌာနက ရေးသားချက်အပေါ် ဦးဇော်ဌေးက ပြန်လည် တုန့်ပြန်ပြောဆိုတာပါ။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့လည်း နိုင်ငံတကာစံတွေနဲ့ အညီ စုံစမ်းစစ်ဆေးပြီး၊ လူ့အခွင့်အရေး ချိုးဖေါက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ထွက်ပေါ်လာတဲ့ ရလဒ်တွေအပေါ် မူတည်၊ အရေးယူဆောင်ရွက်မှာဖြစ်တဲ့အကြောင်းနဲ့၊ ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေးအရေးယူမှုတွေလုပ်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြန်လည်ရှင်းလင်းသွားပါတယ်။

“အဓိက ပိတ်ဆို့အရေးယူမှုတွေက ထိရောက်ခြင်း၊ မထိရောက်ခြင်းပေါ့နော်၊ အဓိက ကျနော်တို့ ပြောနေတာက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုဆိုတာက ပြည်သူလူထု မနစ်နာဖို့လိုတယ်။ အဲဒါလည်း EU နဲ့ပတ်သက်တဲ့ နိုင်ငံတကာ သံတမန်တွေလို့ ပြောတယ်။ သူတို့လိုလားချက်က အခုနက နှစ်ချက်ပေါ့နော်။ အဲဒီနှစ်ချက်ကို ကျနော်တို့က ဖြေရှင်းဆောင်ရွက်နေတယ်။ အဲဒီပေါ်မှာ အဓိက ပြည်သူတွေကို ထိခိုက်စေမယ့်ကိစ္စမျိုးတွေ၊ အဲဒါ မျိုးတွေဆိုရင်တော့ မလုပ်ဖို့ ကျနော်တို့ ပြောထားတယ်။ အဓိက-ကအဲလို GSP တို့၊ ဘာတို့ ရုပ်သိမ်းသွား မယ်ဆိုရင် အထည်ချုပ်လုပ်ငန်း၊ --အဓိက ဒုက္ခရောက်မယ်။ အထည်ချုပ်လုပ်ငန်းဒုက္ခရောက်ရင် အဲဒီကို မှီခိုနေတဲ့ ဝန်ထမ်းတွေပေါ့နော်၊ အထည်ချုပ်လုပ်သားတွေ အဲဒါတွေ အများကြီး အလုပ်လက်မဲ့တွေ ဖြစ်ကုန်မယ်။ နောက်တချက်က အဲဒါနဲ့ဆက်စပ်ပြီးတော့ ဖြစ်လာမယ့် ဟာတွေက စီးပွားရေးကဏ္ဍ အများကြီး သက်ရောက်မှုရှိနိုင်တယ်။ ရှိတဲ့အတွက်လည်း ပြည်သူလူထုကို တိုက်ရိုက်ထိခိုက်နစ်နာစေမယ့် ဟာမျိုးတွေ သော်လည်းကောင်း၊ သွယ်ဝိုက်ပြီး ထိခိုက်နစ်နာစေမယ့်ဟာတွေသော်လည်းကောင်း မလုပ်ဖို့ ကျနော်တို့ ရှင်းပြနေတယ်။

…. ဆိုလိုတာက နောက်ဆုံး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတခုကို ပြောမယ်ဆိုရင်ပေါ့နော်- သက်ဆိုင်ရာနိုင်ငံက စုံစမ်းစစ်ဆေးမှုတခုပေါ့နော်- အဲဒီဖြစ်ပွားခဲ့တဲ့ ဘာဖြစ်စဉ်ပဲဖြစ်ဖြစ်- အဲဒီ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုနဲ့လုပ်ဆောင်ဖို့ လုပ်နိုင်စွမ်းမရှိဘူး။ unable ဖြစ်တယ်။ နောက်တချက်က လုပ်ဖို့ ဆန္ဒမရှိဘူး။Unwilling ဖြစ်တယ်ပေါ့နော်။ မလုပ်နိုင်ဘူး၊ ဆန္ဒမရှိဘူးဆိုရင် နိုင်ငံတကာက ဝင်ရောက်လုပ်ကိုင်သင့်တယ် ဆိုတဲ့ - ကြားဝင်ပြီးတော့ လုပ်ကိုင်သင့်တယ်ဆိုတဲ့ အယူအဆက ရှိပါတယ်။ အဲဒါကြောင့်မို့လို့လည်း ကုလသမဂ္ဂအဖွဲ့ဝင်တွေက ဒါမျိုးတွေ ပြောနေတာ။ mechanism တွေမှာလည်း ဒီအတိုင်းပဲ --- ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းမှာတုန်းက ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြောထားပါတယ်။ ကျနော်တို့နိုင်ငံက ဒီ ရခိုင်ကိစ္စမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ စုံစမ်းစစ်ဆေးဖို့ ကျနော်တို့လုပ်နိုင်တယ်။ ကျနော်တို့ မြန်မာနိုင်ငံက able and willing ဖြစ်ပါတယ်ဆိုတာ ကျနော်တို့ ရေးထားတယ်။ အဲလိုလုပ်ဖို့လည်း ကျနော် တို့က စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်။ စိတ်ပိုင်းဖြတ်ထားလို့လည်း independent commission ဖွဲ့ထား တယ်ဆိုတာကို ကျနော်တို့ ပြောတယ်။ အဲလို သက်ဆိုင်ရာနိုင်ငံကိုယ်တိုင်က လုပ်နိုင်စွမ်းရှိတယ်၊ လုပ်ဖို့ ဆန္ဒ အပြည့်အဝရှိတယ်ဆိုရင် သူ့နိုင်ငံက လုပ်နေတဲ့ Process မပြီးမချင်း နိုင်ငံတကာက ဝင်ရောက်စွက်ဖက်မှု မလုပ်သင့်ဘူးဆိုတဲ့ဟာက နိုင်ငံတကာမှာ agreement တွေရှိပါတယ်။ နားလည်မှုတွေရှိတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့က ပြောနေတာဖြစ်တယ်။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG