သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU အထူးကုန်သွယ်မှု မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ ကြိုဆို


မြန်မာ့အထည်ချုပ်လုပ်ငန်းခွင်မြင်ကွင်း။
မြန်မာ့အထည်ချုပ်လုပ်ငန်းခွင်မြင်ကွင်း။
ဥရောပ ပါလီမန်နဲ့ ဥရောပကောင်စီတို့ကနေ မြန်မာနိုင်ငံကို ၁၉၉၇ စပြီးတော့ ပိတ်ပင်ခဲ့တဲ့ အထူးကုန်သွယ်မှု အခွင့်အရေး တွေပြန်ပြီး ဖွင့်ပေးလိုက်တဲ့ အတွက် မြန်မာနိုင်ငံရဲ့ ပို့ ကုန်လုပ်ငန်းကဏ္ဍတွေမှာ ပိုပြီးအားကောင်း လာနိုင်မယ်လို့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေရော စီးပွားရေး ပညာရှင်တွေရော ကပါ ရှုမြင်သုံးသပ်လာကြတာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင်က ဆက်ပြောပြပေးပါလိမ့်မယ်။

၁၉၉၇ ခုနှစ်က စပြီးတော့ ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံမှာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ နေတဲ့အတွက် အထူးကုန်သွယ်မှု အခွင့်အရေး (GSP) ကို ပိတ်ပင်ခဲ့ရာကနေ အခု ၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာပဲ ဥရောပကောင်စီ နဲ့ ဥရောပ ပါလီမန်တို့ကနေ GSP အခွင့်အရေးတွေ ပြန်ပြီးပေးလာခဲ့တာပါ။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှာ ကမ္ဘာအလုပ်သမားအဖွဲ့ချုပ် (ILO) ကနေ မြန်မာနိုင်ငံ အတွင်းမှာ အဓမ္မ လုပ်အားပေးခိုင်းစေ တာတွေ လျော့နည်းလာပြီ ဆိုပြီးတော့ အစီအရင်ခံစာ တစ်ရပ်မှာ ဖော်ပြခဲ့တာကြောင့် ဥရောပ ကော်မရှင်ကနေ မြန်မာနိုင်ငံကို အထူးကုန်သွယ်မှု အခွင့်အရေး (GSP) အခွင့်အရေးတွေပြန်ပေးဖို့တွေ ကို ပြောလာခဲ့ရာကနေ အခုအခါမှာတော့ မြန်မာနိုင်ငံဟာ GSP အခွင့်အရေး ပြန်ရလာခဲ့တာပါ။

အခုလို GSP ပြန်ရလာရင် တစ်ချိန်က ဦးမော့ခဲ့တဲ့ အထည်ချုပ်လုပ်ငန်းတွေ ပို့ကုန် ကဏ္ဍမှာပြန်လည် ဦးမော့လာနိုင်သလို ထုတ်ကုန်လုပ်ငန်းတွေဖြစ်တဲ့ သားငါး ကဏ္ဍတွေလည်း ဈေးကွက် ပြန်ရလာနိုင်တယ်လို့ စီးပွားရေး ပညာရှင် ဒေါ်ခင်အုန်းသန့်က ပြောပါတယ်။

“အထည်ချုပ်က စီးပွားရေးဆန်ရှင် မလုပ်ခင်တုန်းကဆိုရင်၊ US က Department Store တွေမှာလေ ရောင်းနေတယ်။ သူတို့က ကြိုက်တယ်။ ပါတိတ်စတွေ၊ ဘာတွေဆိုရင်လေ။ အရင်တုန်းက Preference မှမရဘဲ။ အခု Preference ရတယ်ဆိုတော့ အခုကိုယ်တွေ ဒီကပို့တာက Tax ရမယ်။ ဆိုတော့ Discount ရတဲ့ သဘောမျိုးပေါ့။ ဆိုတော့ အကျိုးအမြတ်ရနိုင်တာပေါ့။”

အခုလို အထူးကုန်သွယ်မှု အခွင့်အရေးတွေ ပြန်ရလာရင် ပို့ကုန် လုပ်ငန်းပိုင်မှာသာမက မြန်မာနိုင်ငံအတွင်းက အခြား စီးပွားရေး လုပ်ငန်းတွေမှာလည်း ဆက်စပ်ပြီး ကောင်းမွန်မှုတွေရှိလာနိုင်တယ်လို့ လွယ်ဟိန်းကုမ္ပဏီ ဥက္ကဌ ဖြစ်တဲ့ ဒေါက်တာစိုင်းဆန်ထွန်းကပြောပါတယ်။
အထူးကုန်သွယ်မှု အခွင့်အရေးတွေ ပြန်ရလာပေမဲ့ ကာလအတော်ကြာ စီးပွားရေးလုပ်ငန်းတွေမှာ ပိတ်ဆို့မှု တွေ ရှိထားလို့ အိမ်နီးခြင်းနိုင်ငံတွေက ဥရောပ ဈေးကွက်တွေမှာ အသာစီးရယူထားတဲ့ အခြေအနေတွေကနေ အတော်လေးပြန် ပြီးဈေးကွက် ရယူဖို့ ကြိုးစားရလိမ့်ဦး မယ်လို့ ဒေါ်ခင်အုန်းသန့်က သုံးသပ်ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုမှာ နိုင်ငံရပ်ခြားကို ကုန်ပစ္စည်းတွေ အပြိုင်အဆိုင် တင်ပို့နိုင်ရေးအတွက် GSP (Generalized Special Preferences) လို့ခေါ်တဲ့ အကောက်ခွန်လျှော့ပေါ့မှု အထူးအခွင့်အရေးရဖို့ အရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်း က ဗွီအိုအေရဲ့ မေးမြန်မှု တစ်ခု မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အထူးအခွင့်အရေးတွေပြန်ရလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းရှင်တွေ အနေနဲ့ ကာလအတော်ကြာ အခက်အခဲတွေ ရှိခဲ့ရာကနေ လူးသာလွန့်သာ အနေအထား တစ်ရပ်ကိုလည်း ပြန်ပြီး ရောက်လာနိုင်ဖို့ ဖြစ်လာနိုင်တယ်လို့လည်း ကုန်သည်စက်မှု အသင်းချုပ်ရဲ့ ဒုဥက္ကဌ ဦးမြဟန်ကပြောပါတယ်။

ဥရောပက GSP အခွင့်အရေးတွေ ပြန်ပေးလာပေမဲ့ အမေရိကန် နိုင်ငံကတော့ မြန်မာနိုင်ငံအပေါ် GSP အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပိတ်ပင်မှုတွေရှိနေဆဲပါ။ မြန်မာနိင်ငံအနေနဲ့ GSP အခွင့်အရေးကို အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်တဲ့ အခါမှာ ၁၉၇၆ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကတည်းက စပြီးတော့ ရရှိခဲ့ပေမဲ့ ၁၉၈၉ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှာ သူတို့က အကောက်ခွန် သက်သာခွင့် (GSP) ကို ပြန်လည်ပြီး ရုတ်သိမ်းခဲ့တာဖြစ်တယ်။
XS
SM
MD
LG