သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲစောင့် EU အဖွဲ့ တိုင်း နဲ့ ပြည်နယ်တွေ သွားရောက်

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ တာဝန်ရှိကိုယ်စားလှယ်များကရင်ပြည်နယ်ကို ရောက်ရှိစဉ် (ဓါတ်ပုံ- European Union Deligation to Myanmar)
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ တာဝန်ရှိကိုယ်စားလှယ်များကရင်ပြည်နယ်ကို ရောက်ရှိစဉ် (ဓါတ်ပုံ- European Union Deligation to Myanmar)

မြန်မာနိုင်ငံရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် အထောက်ကူတွေ ပေးထားတဲ့ EU ဥရောပသမဂ္ဂ ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပြီး အခြေနေအရပ်ရပ်အပေါ် မေးမြန်းစုံစမ်းမှုတွေပြုလုပ်နေပါတယ်။

ဒီနေရာမှာ နည်းပညာ အခက်အခဲစိမ်ခေါ်မှုတွေရှိနေတာကို တွေ့ရတယ်လို့လည်း EU သံတမန်ကပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ရှားဖေါင် ကပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ဖိတ်ခေါ်တဲ့ အဖွဲ့မှာ ပါဝင်တဲ့ ဥရောပ သမဂ္ဂအဖွဲ့ဟာ လက်ရှိရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးအခြေအနေနဲ့ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိဖို့ တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာရှိတဲ့ နိုင်ငံရေး ပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကို အီးယူ ကိုယ်စားလှယ်အဖွဲ့က သွားရောက်တွေ့ဆုံတဲ့အကြောင်းနဲ့ အခု ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပထမအကြိမ်ဖြစ်တဲ့အတွက် နည်းပညာ အခက်အခဲတွေအပါအဝင် စိန်ခေါ်မှုတွေ အများကြီးနေတဲ့ကြောင်းကို ရန်ကုန် အီးယူသံရုံးရဲ့ ပထမအတွင်းဝန် Andreas Magnusson က အခုလို ပြောပါတယ်။

နိုင်ဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိဖို့အပြင် ထင်သာမြင်သာရှိဖို့အတွက် အီးယူအဖွဲ့က သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေ၊ သတင်းသမားတွေနဲ့ အခြေခံ လူမှုအဖွဲ့အစည်းတွေကိုလည်း အထောက်အကူတွေပေးနေတဲ့အကြောင်း ရန်ကုန် အီးယူသံရုံးရဲ့ ပထမ အတွင်းဝန်က ပြောဆိုသွားတာဖြစ်ပါတယ်။

ပြည်နယ်အဆင့်ဆင့် တိုင်းရင်းသားပါတီ တာဝန်ရှိသူတွေအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ပါတီတွေရဲ့ ရုံးလုပ်ငန်း အခြေအနေတွေကိုလည်း လေ့လာခဲ့ကြပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ရွေးကောက်ပွဲပေါ် အမြင်တွေနဲ့ မဲစာရင်းနဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေကို မေးမြန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

အီးယူ ကိုယ်စားလှယ်အဖွဲ့ဟာ မွန်၊ ကရင်၊ ကယား၊ မကွေး၊ ပဲခူး ဒေသကို သွားရောက်ခဲ့ပြီး အခုလက်ရှိမှာ ပြည်ကိုရောက်ရှိနေပြီး လာမယ့် တပတ်ကျရင်တော့ ကချင်ပြည်နယ်ကို သွားရောက်ဖို့ရှိတယ်လို့ ပထမအတွင်းဝန် မစ္စတာ Andreas Magnusson ကပြောပါတယ်ရှင်။

This item is part of
XS
SM
MD
LG