သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီမှာကျင်းပမယ့် ၂၀၂၄ ဥရောပဖလားလုပွဲ


ဂျာမနီနိုင်ငံ Munich (မြူးနစ်) ကွင်းမှာ ကန်ကြမယ့် ၂၀၂၄ ဥရောပဖလားအဖွင့်ပွဲစဉ် ဂျာမနီနဲ့ စကော့တလန်ပွဲအတွက် အားပေးဖို့ရောက်ရှိနေတဲ့ စကော့တလန်ပရိတ်သတ်များ (ဇွန် ၁၄၊ ၂၀၂၄)
ဂျာမနီနိုင်ငံ Munich (မြူးနစ်) ကွင်းမှာ ကန်ကြမယ့် ၂၀၂၄ ဥရောပဖလားအဖွင့်ပွဲစဉ် ဂျာမနီနဲ့ စကော့တလန်ပွဲအတွက် အားပေးဖို့ရောက်ရှိနေတဲ့ စကော့တလန်ပရိတ်သတ်များ (ဇွန် ၁၄၊ ၂၀၂၄)

ယူရို ၂၀၂၄ ဥရောပဖလားဘောလုံးပွဲတွေကို ဂျာမနီနိုင်ငံမှာ ဒီနေ့ ဇွန်လ ၁၄ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ပွဲဦးထွက် အိမ်ရှင်ဂျာမနီနဲ့ စကော့တလန်အသင်းတို့ ကစားကြမှာဖြစ်ပါတယ်။ ဒီနေ့ Munich (မြူးနစ်) ကွင်းမှာ ကန်ကြမဲ့ပွဲအတွက် စကော့တလန်ပရိတ်သတ်အများအပြားလည်း မြူးနစ်မြို့မှာရောက်နေကြပါတယ်။ ၂၀၁၈ နဲ့ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပွဲတွေအပါအဝင် နိုင်ငံတကာပွဲတွေမှာ အုပ်စုအဆင့်မှာတင် ထွက်ခဲ့ရသလို ပြီးခဲ့တဲ့နှစ်အတွင်းကစားခဲ့တဲ့ ပွဲပေါင်း ၁၁ ပွဲမှာ ၃ ပွဲသာနိုင်ခဲ့တဲ့ အိမ်ရှင် ဂျာမနီအသင်းအနေနဲ့ ဒီတခါတော့ ချန်ပီယံဖြစ်ဖို့ ဂျာမနီပရိသတ်တွေ မျှော်လင့်နေကြပါတယ်။
ဇူလိုင်လ ၁၄ ရက် ဘာလင်ကွင်းမှာ နောက်ဆုံးကျင်းပမဲ့ ချန်ပီယံဖလားလုပွဲဖိုင်နယ်ကို တက်နိုင်ဖို့ အသင်းပေါင်း ၂၄ သင်းဟာ လာမယ့် ၃၁ ရက်အတွင်း အကြိတ်အနယ်ကန်ကြရမှာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပွဲကို နောက်ဆုံး အိမ်ရှင်လုပ်ခဲ့တဲ့ ဂျာမနီနိုင်ငံက အခုမှ နိုင်ငံတကာပွဲကြီးတခုကို အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပတာပါ။ Berlin (ဘာလင်)၊ Cologne (ကလုံး) Munich (မြူးနစ်)၊ Frankfurt (ဖရင့်ဖတ်) Hamburg (ဟမ်းဘပ်ခ်) Dortmund (ဒေါ့မန်) စတဲ့မြို့တွေအပါအဝင် ဂျာမနီမြို့ပေါင်း ၁၀ မြို့မှာ ဘောလုံးပွဲတွေကို ကျင်းပသွားမှာဖြစ်ပါတယ်။ မနက်ဖြန် စနေနေ့ကျရင်တော့ ဟန်ဂေရီနဲ့ ဆွစ်ဇာလန်၊ စပိန်နဲ့ခရိုအေးရှား၊ အီတလီနဲ့ အယ်လ်ဘေးနီးယားအသင်းတွေ ကစားကြမှာဖြစ်ပါတယ်။

ဂျာမနီမှာကျင်းပမယ့် ၂၀၂၄ ဥရောပဖလားလုပွဲ
please wait

No media source currently available

0:00 0:00:36 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG