သုံးရလွယ်ကူစေသည့် Link များ

EgyptAir လေကြောင်းလိုင်းက လေယာဉ်တစင်း ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ပဟေဠိတွေ ထွက်ပေါ်နေချိန်မှာပဲ၊ ဥရောပက လေဆိပ်တွေမှာ လုံခြုံရေးကို အရေးတကြီး ပြန်လည်ဆန်းစစ်မှုတွေ လုပ်ဆောင်လာနေပါတယ်။

EgyptAir ခရီးစဉ်အမှတ် ၈၀၄ လေယာဉ်ဟာ ကောင်းကင်ကနေ ရုတ်တရက်ပြုတ်ကျပြီး၊ မြေထဲပင်လယ်ထဲ ပျက်ကျခဲ့တဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးချိန်မှာပဲ၊ မတော်တဆမှု ဖြစ်တဲ့နေ့က ဒီလေယာဉ်ဝင်ရောက်ခဲ့တဲ့ လေဆိပ်တွေအားလုံးမှာ လုံခြုံရေးပေါ့လျော့မှု ဖြစ်ခဲ့ဖူးတဲ့ ရာဇ၀င်တွေကြောင့် - အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်နိုင်သလားဆိုတဲ့ သံသယတွေလည်း ပိုမိုကြီးထွားလာပါတယ်။

လေယာဉ်ဟာ ရုတ်တရက် တွန့်လိမ်ပြီး၊ ထိုးကျတဲ့အချိန်မှာ၊ လေယာဉ်မှူးက အရေးပေါ် အချက်ပြတာမျိုး မရှိခဲ့တဲ့အကြောင်း လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြနေကြတဲ့အတွက် - ဘယ်လ်ဂျီယံလေဆိပ်မှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေ ကြုံခဲ့ရတာ ၂ လအကြာမှာ ဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျအောင် အကြမ်းဖက်ဝါဒီတွေက စီစဉ်ခဲ့တာလားဆိုပြီး သံသယရှိနေကြတာပါ။

ဒီဖြစ်ရပ်ဟာ ဘယ်လ်ဂျီယံနိုင်ငံ Zaventem လေဆိပ်က တိုက်ခိုက်မှုမှာတော့ အကြမ်းဖက်သမားတွေက ခရီးသွားတွေရှိနေတဲ့ လေဆိပ်အဆောက် အအုံမှာပဲ တိုက်ခိုက်ခဲ့ကြတာပါ။ တကယ်လို့သာ EgyptAir လေယာဉ်ဟာ ဗုံးပေါက်ကွဲပြီး ပျက်ကျခဲ့တာ ဖြစ်ခဲ့မယ် ဆိုရင်တော့ - လေယာဉ်ရပ်နားခဲ့တဲ့ လေဆိပ် ၄ ခုအနက် တခုမှာ ၀န်ထမ်းတယောက်က ဗုံးကိုလေယာဉ်ပေါ် တင်ပေးလိုက်တာက အဖြစ်နိုင်ဆုံး အဖြေဖြစ်လိမ့်မယ်လို့လည်း လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ပြင်သစ်နိုင်ငံကနေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ကို ဦးတည်ပျံသန်းရင်း ပျက်မကျခင်မှာ - EgyptAir လေယာဉ်ဟာ Eritrea နိုင်ငံကနေ အီဂျစ်နိုင်ငံ ခရီးစဉ်၊ ဒီနောက် ကိုင်ရိုမြို့တော်နဲ့ တူနီးရှားနိုင်ငံမြို့တော် Tunis တို့ကြား အသွားအပြန် ခရီးစဉ်တွေကိုလည်း ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG