သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္တပ္အတြက္ Eurovision ဆု ေလလံတင္ေရာင္းခ်


Eurovision ဂီတၿပိဳင္ပြဲမွာ အႏိုင္ရခဲ့တဲ့ "Kalush Orchestra" အဖြဲ႔နဲ႔ ယူကရိန္းစစ္တပ္အတြက္ ရံပံုေငြရဖို႔ ေလလံပစ္ခဲ့တဲ့ သူတို႔ရဲ႕ မိုက္႐ိုဖုန္းသလင္းေက်ာက္ဆု။ (ေမ ၁၄၊ ၂၀၂၂)


[[Zawgyi/Unicode]]

ဒီႏွစ္ Eurovision ဂီတၿပိဳင္ပြဲမွာအႏိုင္ရတဲ့ ယူကရိန္းက Kalush Orchestra (ကာလုရွ္ Orchestra) အဖဲြ႕က သူတို႔ရထားတဲ့ဆုကို ယူကရိန္းစစ္တပ္အတြက္ ရန္ပံုေငြရွာဖို႔ Facebook ေပၚမွာ ေလလံပစ္ခဲ့တာ ေဒၚလာ ၉ သိန္းရရွိခဲ့ပါတယ္။

Crystal သလင္းေက်ာက္နဲ႔လုပ္ထားတဲ့ microphone ပံုဆုကို WhiteBIT ဆိုတဲ့ ယူကရိန္း bitcoin company ကုမၸဏီက ေလလံေအာင္သြားတာျဖစ္ပါတယ္။ အႏိုင္ရသူကို တနဂၤေႏြေန႔က ေၾကညာတဲ့ပြဲမွာ ေလလံပစ္ခဲ့သူအားလံုးကို ကာလုရွ္ Orchestra အဖဲြ႕က ေက်းဇူးတင္ေၾကာင္းနဲ႔ အထူးသျဖင့္ ေဒၚလာ ၉ သိန္းနဲ႔ ေစ်းအျမင့္ဆံုးေပးဝယ္တဲ့ WhiteBIT ကို အထူးေက်းဇူးတင္ေၾကာင္း Facebook ေပၚမွာ ေရးသားခဲ့ပါတယ္။

ေလလံပြဲက ရရွိတဲ့ ေငြေတြကို ယူကရိန္းစစ္တပ္အတြက္ ေမာင္းသူမဲ့ Drone စနစ္ေတြ ဝယ္ယူမွာျဖစ္တယ္လို႔ Facebook ေလလံပြဲမွာ အစီအစဥ္တင္ဆက္သူ TV အစီအစဥ္မွဴးက ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းစစ္တပ္အတြက္ Eurovision ဆု ေလလံတင္ေရာင္းခ်
please wait

No media source currently available

0:00 0:00:28 0:00
တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

ယူကရိန်းစစ်တပ်အတွက် Eurovision ဆု လေလံတင်ရောင်းချ

ဒီနှစ် Eurovision ဂီတပြိုင်ပွဲမှာအနိုင်ရတဲ့ ယူကရိန်းက Kalush Orchestra (ကာလုရှ် Orchestra) အဖွဲ့က သူတို့ရထားတဲ့ဆုကို ယူကရိန်းစစ်တပ်အတွက် ရန်ပုံငွေရှာဖို့ Facebook ပေါ်မှာ လေလံပစ်ခဲ့တာ ဒေါ်လာ ၉ သိန်းရရှိခဲ့ပါတယ်။

Crystal သလင်းကျောက်နဲ့လုပ်ထားတဲ့ microphone ပုံဆုကို WhiteBIT ဆိုတဲ့ ယူကရိန်း bitcoin company ကုမ္ပဏီက လေလံအောင်သွားတာဖြစ်ပါတယ်။ အနိုင်ရသူကို တနင်္ဂနွေနေ့က ကြေညာတဲ့ပွဲမှာ လေလံပစ်ခဲ့သူအားလုံးကို ကာလုရှ် Orchestra အဖွဲ့က ကျေးဇူးတင်ကြောင်းနဲ့ အထူးသဖြင့် ဒေါ်လာ ၉ သိန်းနဲ့ ဈေးအမြင့်ဆုံးပေးဝယ်တဲ့ WhiteBIT ကို အထူးကျေးဇူးတင်ကြောင်း Facebook ပေါ်မှာ ရေးသားခဲ့ပါတယ်။

လေလံပွဲက ရရှိတဲ့ ငွေတွေကို ယူကရိန်းစစ်တပ်အတွက် မောင်းသူမဲ့ Drone စနစ်တွေ ဝယ်ယူမှာဖြစ်တယ်လို့ Facebook လေလံပွဲမှာ အစီအစဉ်တင်ဆက်သူ TV အစီအစဉ်မှူးက ပြောကြားခဲ့ပါတယ်။

=============

XS
SM
MD
LG