သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရေး အကြမ်းဖက်မှု အနည်းဆုံး ၃ ဦးသေဆုံး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆန္ဒပြပွဲများ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆန္ဒပြပွဲများ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လက်ပစ်ဗုံးနဲ့ရော သေနတ်နဲ့ပါ တိုက်ခိုက်ခဲ့လို့ ၃ ယောက်သေဆုံးခဲ့တဲ့နောက် ဇူလိုင်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့အတွက် ရွေးကောက်ပွဲ
အာဏာပိုင်တွေက တောင်းဆိုလိုက်ပါတယ်။

ကြာသပတေးနေ့က အဲဒီတိုက်ခိုက်မှုကြောင့် လူ ၂၂ ယောက်လည်း ဒဏ်ရာရခဲ့တယ် လို့ ဘန်ကောက်မြို့ အရေးပေါ်ဌာန တာဝန်ရှိသူတွေ ကပြောပါတယ်။

ဝန်ကြီးချုပ်ယင်လတ်ရှင်နာဝပ်ကို အာဏာအလွဲသုံးစားမှုနဲ့ ဖွဲ့စည်းပုံခုံရုံးက ရာထူးကဖယ်ရှားအပြီး သီတင်းတပတ်အကြာမှာ အခုလိုအကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပွားနေတာပါ။ Ms. Yingluck ကိုထောက်ခံသူတွေကတော့ သူတို့အစိုးရကို ခုခံကာကွယ်ကြမယ်လို့ ကြုံးဝါးနေကြပါတယ်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက နိုင်ငံပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်နေချိန်မှာ အိမ်စောင့်အစိုးရကို ဖျက်သိမ်းပြီး ဘက်မလိုက်တဲ့ အရွေးကောက်ခံ မဟုတ်တဲ့ အုပ်ချုပ်ရေးကောင်စီတရပ်ဖွဲ့စည်းပြီး အစားထိုးဖို့တောင်း ဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစတင်ခဲ့တဲ့ မတည်ငြိမ်တဲ့ ထိုင်းနိုင်ငံရေး ဂယက်ကြောင့် အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီး လူ ၂၈ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာတွေရခဲ့ကြပါတယ်။
XS
SM
MD
LG