သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖေ့ဘုတ်အကြီးအကဲ အစစ်ဆေးခံရနိုင်ဖွယ်ရှိ


ကမ္ဘာကျော် Facebook အင်တာနက် လူမှုကွန်ယက်လုပ်ငန်းဟာ ဗြိတိန်နဲ့အမေရိကန်အစိုးရတို့ရဲ့ စုံစမ်းစစ်ဆေးမှုအသစ် တွေကို ခံရမယ့်အခြေအနေရှိနေပါတယ်။

Facebook သုံးစွဲသူတွေရဲ့သတင်းအချက်အလက်တွေကို ဘယ်လိုစုဆောင်း သိမ်းဆည်း ထားသလဲ၊ရွေးကောက်ပွဲတွေမှာ လွမ်းမိုးမှုတွေရှိအောင် အချက်အလက်တွေကို ဘယ်လိုဖြန့်ကျက်သလဲ၊ ဗြိတိန်က မဲပေးသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေ စုဆောင်းတဲ့ကုမ္ပဏီက Facebook သုံးစွဲသူတွေရဲ့အချက် အလက်တွေကို ဘယ်လိုအသုံးပြုသလဲ စတာတွေကို မေးမြန်းစုံစမ်းဖို့ရှိနေတာပါ။

Facebook သုံးစွဲသူတွေနဲ့ သူတို့နဲ့ မိတ်ဆွေဖွဲ့ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို Facebook ကုမ္ပဏီက ကာကွယ်မှုတွေ အလုံအလောက်ပေးထား ၊မထားဆိုတာကို သိနိုင်ဖို့ လန်ဒန်မြို့က Cambridge Analytica လို့ခေါ်တဲ့ မဲပေးသူတွေရဲ့ အချက်အလက် စုဆောင်းတဲ့ ကုမ္ပဏီ ဌာနချုပ်ကို ဝင်ရောက်ရှာဖွေဖို့ ဗြိတိန် သတင်းအချက်အလက်ဆိုင်ရာ ကော်မရှင်နာ Elizabeth Denhamက ပြင်ဆင်နေပါတယ်။

Cambridge Analytica ကုမ္ပဏီဟာ Facebook သုံးစွဲသူပေါင်းသန်း ၅၀ ကျော်ရဲ့ ကိုယ်ရေး အချက်အလက်တွေကို မမှန်ကန်တဲ့နည်းတွေနဲ့အသုံးပြုခဲ့တဲ့အကြောင်း၊ အဲဒီအထဲမှာ ၂၀၁၆ခုနှစ် အမေရိကန်သမ္မတ မဲဆွယ်ပွဲကာလတွေအတွင်း ဒေါ်နလ်ထရမ့်ကိုမဲထည့်ရေး Facebook သုံးစွဲသူ ၆သန်းကိုလှုံ့ဆော်ခဲ့တဲ့အကြောင်း သတင်းတွေထွက်နေပါတယ်။

Cambridge Analytica ကုမ္ပဏီကို Facebookက သူ့ရဲ့ကွန်ယက်ထဲကနေ လောလောဆယ်မှာ ဖယ်ထုတ်ထားပါတယ်။ Facebook သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်လက်တွေကို ဘယ်လိုအသုံးချနေသလဲဆိုတာနဲ့ပတ် သက်ပြီး Facebook ကုမ္ပဏီရဲ့အကြီးအကဲ Mark Zuckerberg ကို လွှတ်တော်ဆိုင်ရာ ကြားနာစစ်ဆေးမှုလုပ်ဖို့ အမေရိ ကန်လွှတ်တော်အမတ် တော်တော်များများကလည်း တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG