သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ FaceBook ကနေ အမုန်းစကားနဲ့သတင်းမှားဖြန့်တာ မတားနိုင်သေး

{{Zawgyi/Unicode}}

Facebook လှုမှုကွန်ယက်ပေါ်ကတဆင့် မြန်မာနိုင်ငံမှာ အမုန်းစကားတွေနဲ့ သတင်းမှား ဖြန့်ဝေနေတာတွေကို စစ်ဆေးတာနဲ့ လျော့နည်းသွားအောင်လုပ်တာမှာ Facebook အနေနဲ့ ပြဿနာတွေ ရှိနေသေးတဲ့အကြောင်း ကုမ္ပဏီအတွင်းက မှတ်တမ်းမှတ်ရာတွေကိုသုံးသပ်ပြီး AP သတင်းဌာနက ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ဘာသာရေး လူနည်းစုတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာဖို့ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို လှုံ့ဆော်တဲ့ Facebook ပေါ်က ရေးသားချက်တွေကို စစ်ဆေးပိတ်ပင်ဖို့မှာ Facebook ဘက်က နှစ်နဲ့ချီ ကြိုးပမ်းခဲ့ပေမဲ့ အားနည်းချက်တွေ ရှိနေတာကို AP သတင်းဌာနက ထောက်ပြတာပါ။

ဒီလို အကြမ်းဖက်မှုတွေ ပေါ်လာအောင် အမုန်းစကားတွေဖြန့် အသုံးချနေတာတွေကို စစ်ဆေးဖို့ Facebook ကုမ္ပဏီက လွန်ခဲ့တဲ့သုံးနှစ်က စစ်ဆေးခဲ့ပြီး နည်းလမ်းပေါင်းစုံသုံး ဟန့်တားဖို့ ကတိပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း Facebook ပေါ်မှာ အမုန်းစကားတွေ ဆက်ရှိနေပြီး မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ နိုင်ငံတဝန်းပေါ်ပေါက်လာတဲ့အချိန် ရန်လို တိုက်ခိုက်လို သူတွေက Facebook ကိုသုံးပြီး အကြမ်းဖက်တိုက်ခိုက်မှုကို စေ့ဆော်တဲ့ သတင်းစကားတွေ၊ သတ်ဖြတ် မုဒိန်းကျင့်ဖို့ ခြိမ်းခြောက်တဲ့ ပို့စ်တွေကို မကြာခနဆိုသလို တွေ့နေရတဲ့အကြောင်း AP သတင်းမှာ ရေးထားပါတယ်။

အတိုက်အခံတွေကို အကြမ်းဖက်ဖြိုခွင်းဖို့ စစ်တပ်ထောက်ခံသူတဦးက ခြိမ်းခြောက်ပြောဆိုထားတဲ့ နှစ်မိနစ် ခွဲကြာ ဗွီဒီယိုတခုကို ဥပမာတခုအနေနဲ့ AP သတင်းဌာနက ဖော်ပြထားပါတယ်။

Facebook ကုမ္ပဏီဟာ အမုန်းတရားပျံ့အောင် သတင်းအချက်အလက် ဖြန့်ဝေတာတွေကို မသိကျိုးကျွံပြုနေတယ်ဆိုတဲ့ ကုမ္ပဏီဝန်ထမ်းဟောင်း Frances Haugen မကြာသေးခင်လပိုင်းက အမေရိကန်လွှတ်တော်ကို တင်ပြခဲ့တဲ့ တည်းဖြတ်ထားတဲ့ မှတ်တမ်းအထောက်အထားတွေကို AP နဲ့ တခြား သတင်းဌာနတွေ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ FaceBook ကနေ အမုန်းစကားနဲ့သတင်းမှားဖြန့်တာ မတားနိုင်သေး
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

=========

{{Unicode}}








=========

This item is part of
XS
SM
MD
LG