သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Facebookေပၚ အမုန္းစကားမ်ားမထိန္းခ်ဳပ္ႏိုင္ေသးဟု Global Witness ထုတ္ျပန္


Myanmar Facebook


[[Zawgyi/Unicode]]

႐ိုဟင္ဂ်ာေတြအေပၚ အမုန္းစကားနဲ႔ အၾကမ္းဖက္ဖို႔လႈံ႔ေဆာ္ခ်က္ေတြပါတဲ့ ေၾကာ္ျငာခ်က္ေတြကို Facebook က ထိန္းခ်ဳပ္ ျဖတ္ေတာက္မႈမလုပ္ႏိုင္ခဲ့ဘူးလို႔ Global Witness အဖြဲ႔က ေျပာပါတယ္။

Global Witness အဖြဲ႔အေနနဲ႔ အဲဒီလို ေၾကာ္ျငာမ်ိဳး (၈) ခုကို facebook ဆီမွာ ခြင့္ျပဳခ်က္ယူ စမ္းသပ္ခဲ့တာပါ။ ဒီအေျခအေနကိုေထာက္ျပၿပီး Facebook ဟာ အၾကမ္းဖက္လႈံ႔ေဆာ္မႈေတြနဲ႔ အမုန္းစကားေတြကို ထိန္းခ်ဳပ္ႏိုင္မႈမရွိဘူးဆိုၿပီး Global Witness က ေထာက္ျပလိုက္တာပါ။ Facebook ဟာ အၾကမ္းဖက္ လႈံ႔ေဆာ္မႈေတြ၊ အမုန္းစကားေတြကို ခြင့္ျပဳထားတယ္ဆိုၿပီး စြပ္စြဲခ်က္ေတြထြက္ေပၚခဲ့ၿပီးေနာက္ Facebook ဘက္က ဒီလို ေရးသားမႈေတြကို ေစာင့္ၾကည့္ထိန္းခ်ဳပ္သြားမွာျဖစ္သလို ျမန္မာစစ္တပ္နဲ႔ဆက္ႏြယ္တဲ့ အေကာင့္အေတာ္မ်ားမ်ားကိုလည္း ပိတ္ပင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း Global Witness ကေတာ့ အခုလို သူတို႔စမ္းသပ္ခဲ့တာကိုၾကည့္ရင္ Facebook ဘက္က သူတို႔ကတိအတိုင္း အေသအခ်ာ စုံစမ္း ထိန္းခ်ဳပ္မႈ မလုပ္ႏိုင္ေသးဘူးလို႔ ေဝဖန္ပါတယ္။ Facebook မွာ ခြင့္ျပဳခ်က္ယူခဲ့တဲ့ ေၾကာ္ျငာေတြကိုေတာ့ Facebook မွာ ပုံႏွိပ္ေဖာ္ျပမႈမလုပ္ခဲ့ပါဘူး။ အဲဒီထဲမွာေတာ့ ႐ိုဟင္ဂ်ာေတြ မႀကိဳက္တဲ့အသုံးအႏႈံးေတြနဲ႔ ႐ိုဟင္ဂ်ာေတြကို သတ္ျဖတ္အၾကမ္းဖက္ဖို႔ လႈံေဆာ္ေရးသားခ်က္ေတြပါဝင္ပါတယ္။

Global Witness အဖြဲ႔ဟာ ႏိုင္ငံတကာ NGO အဖြဲ႔တဖြဲ႔ ျဖစ္ၿပီး ျမန္မာႏိုင္ငံက သစ္လုပ္ငန္း၊ ေက်ာက္စိမ္းနဲ႔ သဘာဝ အရင္းအျမစ္လုပ္ငန္းေတြအေၾကာင္း သုေတသနျပဳ စာတမ္းေတြ ထုတ္ခဲ့ဖူးတဲ့ အဖြဲ႔ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္ လႈံ႔ေဆာ္မႈေတြ၊ အမုန္းစကားေတြကို ေဖာ္ျပခဲ့တယ္ဆိုၿပီး ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြဘက္ကေတာ့ ေဖ့ဘြတ္အေပၚ ေဒၚလာ ၁၅၀ ဘီလီယံ နစ္နာေၾကးနဲ႔ အေမရိကန္တရား႐ုံးတခုမွာ တရားစြဲထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========


[[Unicode]]

Facebookပေါ် အမုန်းစကားများမထိန်းချုပ်နိုင်သေးဟု Global Witness ထုတ်ပြန်

ရိုဟင်ဂျာတွေအပေါ် အမုန်းစကားနဲ့ အကြမ်းဖက်ဖို့လှုံ့ဆော်ချက်တွေပါတဲ့ ကြော်ငြာချက်တွေကို Facebook က ထိန်းချုပ် ဖြတ်တောက်မှုမလုပ်နိုင်ခဲ့ဘူးလို့ Global Witness အဖွဲ့က ပြောပါတယ်။

Global Witness အဖွဲ့အနေနဲ့ အဲဒီလို ကြော်ငြာမျိုး (၈) ခုကို facebook ဆီမှာ ခွင့်ပြုချက်ယူ စမ်းသပ်ခဲ့တာပါ။ ဒီအခြေအနေကိုထောက်ပြပြီး Facebook ဟာ အကြမ်းဖက်လှုံ့ဆော်မှုတွေနဲ့ အမုန်းစကားတွေကို ထိန်းချုပ်နိုင်မှုမရှိဘူးဆိုပြီး Global Witness က ထောက်ပြလိုက်တာပါ။ Facebook ဟာ အကြမ်းဖက် လှုံ့ဆော်မှုတွေ၊ အမုန်းစကားတွေကို ခွင့်ပြုထားတယ်ဆိုပြီး စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပြီးနောက် Facebook ဘက်က ဒီလို ရေးသားမှုတွေကို စောင့်ကြည့်ထိန်းချုပ်သွားမှာဖြစ်သလို မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ အကောင့်အတော်များများကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Global Witness ကတော့ အခုလို သူတို့စမ်းသပ်ခဲ့တာကိုကြည့်ရင် Facebook ဘက်က သူတို့ကတိအတိုင်း အသေအချာ စုံစမ်း ထိန်းချုပ်မှု မလုပ်နိုင်သေးဘူးလို့ ဝေဖန်ပါတယ်။ Facebook မှာ ခွင့်ပြုချက်ယူခဲ့တဲ့ ကြော်ငြာတွေကိုတော့ Facebook မှာ ပုံနှိပ်ဖော်ပြမှုမလုပ်ခဲ့ပါဘူး။ အဲဒီထဲမှာတော့ ရိုဟင်ဂျာတွေ မကြိုက်တဲ့အသုံးအနှုံးတွေနဲ့ ရိုဟင်ဂျာတွေကို သတ်ဖြတ်အကြမ်းဖက်ဖို့ လှုံဆော်ရေးသားချက်တွေပါဝင်ပါတယ်။

Global Witness အဖွဲ့ဟာ နိုင်ငံတကာ NGO အဖွဲ့တဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံက သစ်လုပ်ငန်း၊ ကျောက်စိမ်းနဲ့ သဘာဝ အရင်းအမြစ်လုပ်ငန်းတွေအကြောင်း သုတေသနပြု စာတမ်းတွေ ထုတ်ခဲ့ဖူးတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် လှုံ့ဆော်မှုတွေ၊ အမုန်းစကားတွေကို ဖော်ပြခဲ့တယ်ဆိုပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်ကတော့ ဖေ့ဘွတ်အပေါ် ဒေါ်လာ ၁၅၀ ဘီလီယံ နစ်နာကြေးနဲ့ အမေရိကန်တရားရုံးတခုမှာ တရားစွဲထားပါတယ်။
===========

XS
SM
MD
LG