သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Cincinnati ၿမိဳ႕ FBI ႐ုံးဝင္ေရာက္ဖို႔ ႀကိဳးစားသူ ပစ္သတ္ခံရ


 အိုဟုိင္းယိုးျပည္နယ္၊ Cincinnati ၿမိဳ႕က ေသနတ္သမားတဦးအတင္းဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့တဲ့  FBI ဖက္ဒရယ္အစိုးရ စံုစမ္းေရးဗ်ဴ႐ိုရံုး။ (ၾသဂုတ္ ၁၁၊ ၂၀၂၂) 

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စု အိုဟိုင္းယိုးျပည္နယ္ Cincinnati ၿမိဳ႕ FBI ဖယ္ဒရယ္အစိုးရ စုံစမ္းေရးဗ်ဴ႐ို႐ုံးထဲကို မေန႔တုန္းက ဇြတ္အတင္းဝင္ေရာက္ဖို႔ ႀကိဳးစားတဲ့ လက္နက္ကိုင္အမ်ိဳးသားကို Ohio ျပည္နယ္ ရဲတပ္ဖြဲ႔က လိုက္လံဖမ္းဆီးဖို႔ ႀကိဳးစားရင္း ႏွစ္ဘက္ အျပန္အလွန္ထိပ္တိုက္ေတြ႕ၿပီးတဲ့ေနာက္ ရဲက ပစ္ခတ္ဖမ္းဆီးလိုက္ေၾကာင္း ေၾကညာပါတယ္။

ေသဆံုးသူဟာ အသက္ ၄၂ ႏွစ္အ႐ြယ္ Ricky Shiffer ျဖစ္ၿပီး သူ႔ကို ညႇိႏႈိင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ရဲအရာရွိကို ေသနတ္နဲ႔ ခ်ိန္ရြယ္ခဲ့တဲ့ေနာက္ ပစ္ခတ္ဖမ္းဆီးလိုက္ တာလို႔လည္း ရဲက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

သူဟာ မႏွစ္က ဇန္နဝါရီလ ၆ ရက္၊ အေမရိကန္လႊတ္ေတာ္ကို ဝင္ေရာက္စီးနင္းခဲ့တဲ့အခ်ိန္ ဆႏၵျပတာမွာ ပါဝင္ေကာင္း ပါဝင္ႏိုင္ေၾကာင္းနဲ႔ လႊတ္ေတာ္စီးနင္းမႈနဲ႔ ဆက္စပ္ၿပီး ျပစ္မႈတစုံတရာနဲ႔ တရားစြဲဆိုထားတာေတာ့ မရွိတဲ့အေၾကာင္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။ စုံစမ္းစစ္ေဆးေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ရဲအရာရွိေတြက အေသးစိတ္ ေျပာဆိုတာမ်ိဳးေတာ့ မရွိပါဘူး။

အခု FBI ႐ုံးကို ဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့တဲ့ Shiffer ဟာ Proud Boys လို လက္ယာအစြန္းေရာက္အဖြဲ႕ေတြ၊ တျခား အစြန္းေရာက္အဖြဲ႕အစည္းေတြနဲ႔ ဆက္ႏြယ္ပတ္ သက္မႈ ရွိမရွိ ဖက္ဒရယ္အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးေနပါတယ္။

သမၼတေဟာင္း Donald Trump ရဲ႕ ဖေလာ္ရီဒါ ေနအိမ္မွာ အိမ္ျဖဴေတာ္က လွ်ဳိ႕ဝွက္ မွတ္တမ္းမွတ္တရာေတြ ယူေဆာင္သြားျခင္း ရွိမရွိ FBI က တနလၤာေန႔က ရွာေဖြခဲ့ၿပီးတဲ့ေနာက္ အြန္လိုင္းကေန ၿခိမ္းေျခာက္မႈေတြ ပိုရွိလာတယ္လို႔ FBI အဖြဲ႕က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

Cincinnati မြို့ FBI ရုံးဝင်ရောက်ဖို့ ကြိုးစားသူ ပစ်သတ်ခံရ

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် Cincinnati မြို့ FBI ဖယ်ဒရယ်အစိုးရ စုံစမ်းရေးဗျူရိုရုံးထဲကို မနေ့တုန်းက ဇွတ်အတင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ လက်နက်ကိုင်အမျိုးသားကို Ohio ပြည်နယ် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးဖို့ ကြိုးစားရင်း နှစ်ဘက် အပြန်အလှန်ထိပ်တိုက်တွေ့ပြီးတဲ့နောက် ရဲက ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း ကြေညာပါတယ်။

သေဆုံးသူဟာ အသက် ၄၂ နှစ်အရွယ် Ricky Shiffer ဖြစ်ပြီး သူ့ကို ညှိနှိုင်းဖို့ ကြိုးစားခဲ့ပေမယ့် ရဲအရာရှိကို သေနတ်နဲ့ ချိန်ရွယ်ခဲ့တဲ့နောက် ပစ်ခတ်ဖမ်းဆီးလိုက် တာလို့လည်း ရဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သူဟာ မနှစ်က ဇန်နဝါရီလ ၆ ရက်၊ အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့တဲ့အချိန် ဆန္ဒပြတာမှာ ပါဝင်ကောင်း ပါဝင်နိုင်ကြောင်းနဲ့ လွှတ်တော်စီးနင်းမှုနဲ့ ဆက်စပ်ပြီး ပြစ်မှုတစုံတရာနဲ့ တရားစွဲဆိုထားတာတော့ မရှိတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ စုံစမ်းစစ်ဆေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရဲအရာရှိတွေက အသေးစိတ် ပြောဆိုတာမျိုးတော့ မရှိပါဘူး။

အခု FBI ရုံးကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ Shiffer ဟာ Proud Boys လို လက်ယာအစွန်းရောက်အဖွဲ့တွေ၊ တခြား အစွန်းရောက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်ပတ် သက်မှု ရှိမရှိ ဖက်ဒရယ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

သမ္မတဟောင်း Donald Trump ရဲ့ ဖလော်ရီဒါ နေအိမ်မှာ အိမ်ဖြူတော်က လျှို့ဝှက် မှတ်တမ်းမှတ်တရာတွေ ယူဆောင်သွားခြင်း ရှိမရှိ FBI က တနင်္လာနေ့က ရှာဖွေခဲ့ပြီးတဲ့နောက် အွန်လိုင်းကနေ ခြိမ်းခြောက်မှုတွေ ပိုရှိလာတယ်လို့ FBI အဖွဲ့က ပြောပါတယ်။

XS
SM
MD
LG