သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI ညွှန်ကြားရေးမှုး တာဝန်ကအနားယူဖို့အစီအစဉ်ရှိနေ


အမေရိကန် အစိုးရ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) ညွှန်ကြားရေးမှူး Christopher Wray 
အမေရိကန် အစိုးရ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) ညွှန်ကြားရေးမှူး Christopher Wray 

ဇန်နဝါရီ မှာ သမ္မတ ဂျိုးဘိုင်ဒန် သက်တမ်းကုန်ဆုံးတဲ့အခါ သူလည်း အနားယူဖို့ အစီအစဥ်ရှိတယ်လို့ အမေရိကန် အစိုးရ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) ညွှန်ကြားရေးမှူးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ရွေးကောက်ခံ သမ္မတ ထရမ့်က FBI ညွှန်ကြားရေးမှူး အဖြစ် သူ့ရဲ့ သစ္စာခံ Kash Patel ကို လျာထားကြောင်း ကြေညာလိုက်ပြီး တပတ်အကြာမှာ ခရစ္စတိုဖာ ရေးက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ သေချာ စဥ်းစားပြီးနောက် နားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်လို့ အက်ဖ်ဘီအိုင် ဝန်ထမ်းတွေနဲ့ လုပ်တဲ့ အစည်းအဝေးမှာ ရေးက ပြောပါတယ်။

ထရမ့်ကို စွဲဆိုတဲ့ အမှု ၂ မှု အပါအဝင် နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ထင်ရှားတဲ့ အမှုတွေကို သူ့လက်ထက်မှာ စုံစမ်းစစ်ဆေးခဲ့ရတာပါ။ တကယ်တော့ ထရမ့်ရဲ့ ပထမ သက်တမ်းမှာ အဲဒီတုန်းက ညွှန်ကြားရေးမှူး James Comey ကို ဖြုတ်ပြီး ၂၀၁၇ ခုနှစ်မှာ Christopher Wray ကို ခန့်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရ ပြောင်းပေမဲ့ နိုင်ငံရေးအရ ဩဇာ သက်ရောက်မှု မရှိရအောင် ဒီလို ရာထူးတွေကို ဆယ်နှစ် သက်တမ်း သတ်မှတ်ထားပါတယ်။

ပြဋ္ဌာန်းချက်အရဆိုရင်တော့ ခရစ္စတိုဖာ ရေး ရဲ့ သက်တမ်းပြည့်ဖို့ သုံးနှစ် ကျန်ပါသေးတယ်။ မစ္စတာ ရေးဟာ ပထမ သက်တမ်းတုန်းကတည်းက ထရမ့်သဘော မလိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ တခုကတော့ မဲလိမ်တယ် ဆိုတဲ့ ကိစ္စမှာ မစ္စတာရေးက အထောက်အထား မရှိပါကြောင်း သမ္မတကို ပြောကြားခဲ့တာပါ။

FBI ညွှန်ကြားရေးမှုး တာဝန်ကအနားယူဖို့အစီအစဉ်ရှိနေ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG