သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို အစ္စရေးတိုက်ခိုက်မယ့် အစီအစဉ်ပေါက်ကြားမှု FBI စုံစမ်းစစ်ဆေး


ဝါရှင်တန်မှာရှိတဲ့ FBI ဌာနချုပ်
ဝါရှင်တန်မှာရှိတဲ့ FBI ဌာနချုပ်

အီရန်အပေါ် တုံ့ပြန် တိုက်ခိုက်ဖို့အတွက် အစ္စရေးက ပြင်ဆင်နေပုံကို ဖော်ပြထားတဲ့ အဆင့်မြင့် လျှို့ဝှက် ထောက်လှမ်းရေးစာရွက်စာတမ်းတွေ ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို FBI က အင်္ဂါနေ့က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေး အသိုက်အဝန်းက မိတ်ဘက်တွေနဲ့ အနီးကပ် လုပ်ဆောင် နေပါတယ်လို့ အက်ဖ်ဘီအိုင် ထုတ်ပြန်ချက် မှာ ပြောပါတယ်။ ပေါက်ကြားမှုလား၊ အင်တာနက် ဖောက်ထွင်း ခိုးယူမှုလား မဆုံးဖြတ်နိုင်သေးပါဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ John Kirby က တနင်္လာနေ့က ပြောပါတယ်။ စုံစမ်းစစ်ဆေးတာကိုလည်း သမ္မတ ဂျိုးဘိုင်ဒန်က အနီးကပ် စောင့်ကြည့်နေပါတယ်လို့ သူက ဆိုပါတယ်။

အောက်တိုဘာ ၁၅-၁၆ ဂြိုဟ်တု ဓာတ်ပုံတွေအရ၊ အစ္စရေး လေတပ်နဲ့ ရေတပ် အနေအထားအပေါ် အမေရိကန်အနေနဲ့ ဘယ်လို ယူဆနိုင်သလဲ ဆိုတာကို တင်ပြဖို့ ပြင်ဆင်နေတဲ့ စာရွက်စာတမ်းတွေ ပေါက်ကြားသွားခဲ့တာ ဖြစ်ပါတယ်။ အာကာသနဲ့ ပထဝီရေးရာ အမျိုးသား ထောက်လှမ်းရေး ဌာနလို့ အဓိပ္ပါယ် ရနိုင်တဲ့ National Geospatial-Intelligence Agency က ပြင်ဆင်နေတဲ့ စာရွက်စာတမ်းတွေ ဖြစ်ပါတယ်။ ဒီ စာရွက်စာတမ်းတွေက Telegram လူမှု စာမျက်နှာ အက်ပ်မှာ ပြီးခဲ့တဲ့ အပတ်က ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG