သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston ဗုံးခွဲမှု အဖမ်းအဆီးသတင်း မဟုတ်မှန်ကြောင်း အာဏာပိုင်တွေ ငြင်းဆို


ဗုံးခွဲသူကို ဖမ်းမိဖို့ အာဏာပိုင်တွေ သဲလွန်စ ဆက်လက်ရှာဖွေ
ဗုံးခွဲသူကို ဖမ်းမိဖို့ အာဏာပိုင်တွေ သဲလွန်စ ဆက်လက်ရှာဖွေ
တနင်္လာနေ့က Boston မာရသွန်ပြိုင်ပွဲ ဗုံးကွဲမှုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ မှာ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိလာပြီလို့ FBI ဗဟိုအစိုးရ ထောက်လှမ်းရေး ဗျူရို က ပြောပါတယ်။

ဗုံးကွဲမှုနဲ့ ဆက်နွယ်ပြီးတော့ သင်္ကာမကင်းဖြစ်သူ တဦးကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းက မဟုတ်ဘူးလို့တော့ အမေရိကန် လုံခြုံရေး အာဏာပိုင်တွေက ငြင်းဆို ပါတယ်။

လုံခြုံရေးကင်မရာမှာတော့ လူတဦးဟာ အမဲရောင် အိတ်တစ်အိတ် သယ်လာပြီး ပေါက်ကွဲမှုဖြစ်တဲ့ နေရာတခုမှာ ချထားခဲ့ပုံရတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက သတင်းဌာနတွေကို ပြောပါတယ်။

အနီးအနား ကုန်တိုက်တခုက ရတဲ့ ဗွီဒီယိုကင်မရာ မှတ်တမ်းနဲ့ Boston ရုပ်သံဌာနက ရတဲ့ ဗွီဒီယိုတွေမှာ ဗုံးကွဲမှုကြောင့် သင်္ကာမကင်း ဖြစ်ရသူ ကို ခြေရာခံနိုင်လောက်တဲ့ အရေးကြီးတဲ့ အထောက်အထားတွေ ရခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။

ဗုံးခွဲမှုနဲ့ သင်္ကာမကင်း ဖြစ်သူတဦးကို ဖမ်းထားပြီဆိုတဲ့ သတင်းကြောင့် Boston က ပြည်ထောင်စု တရားရုံးကို သတင်းထောက်တွေ၊ စိတ်ဝင်စားသူတွေ ကြည့်ရှုဖို့ ဗုဒ္ဓဟူးနေ့မှာ စုပြုံလာခဲ့ပါတယ်။

ဒီနောက် ပြည်ထောင်စု လုံခြုံရေး အရာရှိတွေက တရားရုံးကနေ လူတွေ ထွက်ခွာဖို့ အမိန့်ထုတ်လိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတာ လုံခြုံရေး အာဏာပိုင်တွေက မပြောပေမဲ့၊ New York Times Online သတင်းမှာတော့ ဗုံးကွဲနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် Boston ပြည်ထောင်စု တရားရုံးကနေ လူတွေကို ထွက်ခွာခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

Boston မာရသွန်ပြိုင်ပွဲ ဗုံးခွဲမှုနဲ့ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးသူတွေဟာ ဗုံးကွဲတဲ့နေရာမှာရှိတဲ့ အပိုင်းအစတွေ အတော်များများကိုတော့ စုဆောင်းပြီး သုံးသပ်နေပါတယ်။ အနီးအနား အဆောက်အဦးတခု အမိုးပေါ်မှာတော့ ဗုံးထောင်ရာမှာ သုံးတယ်လို့ ယူဆရတဲ့ ပေါင်းအိုးရဲ့ အဖုံးတခုကို တွေ့ခဲ့ရပါတယ်။ အခြား ပေါင်းအိုးက သတ္ထုအပိုင်းအစတွေ ဝါယာကြိုးတွေ ဘတ်ထရီနဲ့ အခြား သံတိုသံစ ပစ္စည်းတွေကိုလည်း ဗုံးကွဲတဲ့နေရာမှာ တွေ့ကြရပါတယ်။
XS
SM
MD
LG