သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖက္ဒရယ္စနစ္နဲ႔ ကိုက္ညီမယ့္ အမ်ိဳးသားေရးဝါဒ ဘာလဲ (အပိုင္း ၂)


Myanmar United Nations

ဒီကေန႔ ျမန္မာႏိုင္ငံမွာ စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ထြန္းေရး ရည္မွန္းခ်က္ေတြ၊ ကတိစကားေတြ နဲ႔အတူ ေဆြးေႏြးညႇိႏႈိင္းမႈေတြလဲ ၾကားေနရပါတယ္။ တခ်ိန္တည္းမွာပဲ လူမ်ိဳးတမ်ိဳးခ်င္းစီကို အေျချပဳတဲ့ Ethnic-nationalism ဟာလဲ အရွိန္အဟုန္ ျမင့္မားေနတယ္ဆိုရင္ မွားမယ္မဟုတ္ပါဘူး။ ဒီ လူမ်ိဳးအေျချပဳ အမ်ိဳးသားေရးဝါဒသည္ တန္းတူညီမွ်မႈကို အေျခခံေသာ ဖက္ဒရယ္စနစ္နဲ႔ ကိုက္ညီပါရဲ႕လား၊ ဖက္ဒရယ္ျပည္ေထာင္စုအတြက္ တကယ္လိုအပ္တဲ့ အမ်ိဳးသားေရးဝါဒက ဘယ္လို ျဖစ္သင့္ပါသလဲ။ ဖယ္ဒရယ္ေရးတက္ႂကြသူ သုေတသီေဆာင္းပါးရွင္ စိုင္းဝမ္ဆိုင္း နဲ႔ ဦးေက်ာ္ဇံသာ ဆက္လက္ ေဆြးေႏြးထားပါတယ္။

ေျဖ ။ ။ က်ေနာ္တို႔ရဲ႕ ႏိုင္ငံေရးအျမင္ဟာ Civic Nationalism ျပည္သူ႔အေျချပဳအမ်ိဳးသားေရးဝါဒကို က်ေနာ္တို႔က ေပါင္းစည္းေပးရမယ္လို႔ ေျပာေနတာ။

ေမး ။ ။ ျပည္ေထာင္စုျမန္မာႏိုင္ငံဆိုၿပီးေတာ့ နယ္ခ်ဲ႕ၿဗိတိသွ်ေတြ လက္ထဲက လြတ္လာၿပီးတဲ့ေနာက္မွာ ထူေထာင္လာၾကတယ္။ အဲဒီတုန္းက က်ေနာ္တို႔ရဲ႕ ျပည္ေထာင္စုတည္ေထာင္တဲ့ ပုဂၢိဳလ္ေတြက ဘယ္လိုအမ်ိဳးသားေရးဝါဒကို အေျခခံခဲ့သလဲ။ နည္းနည္းျပန္ေျပာင္း သုံးသပ္ၾကည့္မယ္ဆိုရင္ အဲဒီမွာ Civic Nationalism ဆိုတဲ့သေဘာထားက အဓိကလား။ ျမန္မာ-ဗမာ အမ်ိဳးသားေရး - Bama Nationalism လား။ သမိုင္းကိုျပန္ၾကည့္ရင္ ဘယ္လိုပုံစံမ်ိဳးလို႔ အဲဒါကို ျပန္သုံးသပ္လိုပါသလဲ။

ေျဖ ။ ။ ၁၉၄၈ ခုႏွစ္မတိုင္မီ ဗမာမဟုတ္တဲ့ တိုင္းရင္းသားေတြရဲ႕ ႏိုင္ငံေရးအျမင္က အဲဒီေလာက္ထိ က်ယ္ျပန႔္ေသးတာ မဟုတ္ဘူး။ သူတို႔စိတ္ထဲမွာ တခုပဲရွိတယ္။ ဗမာနဲ႔ ေပါင္းလိုက္ရင္ သူတို႔တပည့္ ျဖစ္သြားမယ္ဆိုတာကို သူတို႔က ေၾကာက္တဲ့အတြက္ေၾကာင့္မို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လန္ဒန္ သြားတဲ့အခ်ိန္မွာ ေၾကးနန္း႐ိုက္ၿပီး သူက က်ေနာ္တို႔ကို ကိုယ္စားမျပဳပါဘူး ဆိုတာေတြ ျဖစ္လာတယ္။ ဆိုေတာ့ အဲဒီဥစၥာကို က်ားကန္ ခြဲထြက္၊ ခြဲထြက္ပိုင္ခြင့္ေတြ ဘာေတြ၊ သူတို႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ေတာင္းတဲ့အခါမွာ ၁၉၄၇ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒမွာ ထည့္ေပးထားတယ္။ အဲဒီမွာ ရွမ္းနဲ႔ ကရင္နီက အဓိကပါခဲ့တယ္။ Civic Nationalism ဆိုတဲ့ ဘာညာ အေခၚအေဝၚေတြက အဲဒီတုန္းက မေပၚေသးဘူး။ ေနာက္ပိုင္း ႏိုင္ငံေရးသုေတသီေတြက ေဖာ္ထုတ္ခဲ့တာ။ သူတို႔ရဲ႕ အဓိက ရည္မွန္းခ်က္က Earn it equality - ဗမာတက်ပ္၊ ရွမ္းတက်ပ္၊ ရခိုင္တက်ပ္ ရွမ္းတက်ပ္ အဲဒီလို တန္းတူညီမွ်ေရးကို အဓိကထားၿပီး ျပည္ေထာင္စုကို တည္ေထာင္ဖို႔ ႀကိဳးစားတာ။ ဒါေပမဲ့ တည္ေထာင္ၿပီးတဲ့ေနာက္ပိုင္းၾကေတာ့ အဲဒီလို ျဖစ္မလာဘူး။ ျဖစ္မလာဘဲ ႏိုင္ငံေတာ္ရဲ႕ အာဏာကို မဟာဗမာထဲက အုပ္စီးလိုက္တဲ့အတြက္ေၾကာင့္မို႔ က်ေနာ္တို႔ ျပည္တြင္းစစ္ ျဖစ္ခဲ့တယ္။ အဲဒီ ျပည္တြင္းစစ္က အခုထိ မၿငိမ္ေသးဘူး။ အဲဒါကိုပဲ သူတို႔က အခုထိ မျပင္ေသးဘူး။ အဲဒါကို မျပင္သေ႐ြ႕ ျပည္တြင္းစစ္က ၿပီမွာမဟုတ္ဘူး။ ဆိုေတာ့ အခု ဗမာလူထုကလည္း အရင္နဲ႔မတူဘဲနဲ႔ ပိုႏိုးၾကားလာတယ္။ ႏိုးၾကားလာတဲ့အတြက္ေၾကာင့္မို႔ တိုင္းရင္းသားေတြရဲ႕ ခံစားမႈ၊ နာၾကည္းမႈ၊ တိုင္းရင္းသားေတြရဲ႕ ႏိုင္ငံေရးေတာင့္တမႈေတြကို သူတို႔ နားလည္လာတယ္။ သူတို႔ကိုယ္တိုင္ ဖိႏွိပ္ခံေနရတယ္။ အဲဒါ ေကာင္းတဲ့အေကြ႕တခုကို ေရာက္သြားေရာက္လာတာေပါ့။

အဲဒါေၾကာင့္မို႔ နိဂုံးခ်ဳပ္ရရင္ေတာ့ လြတ္လပ္ေရးမရခင္ကာလတုန္းကေတာ့ တိုင္းရင္းသားေခါင္းေဆာင္ေတြက တန္းတူညီမွ်ေရးကိုပဲ အဓိကထားၿပီး၊ သူတို႔က ျပည္ေထာင္စုကို ဖြဲ႕စည္းခဲ့တယ္လို႔ အဲဒီလိုပဲ သုံးသပ္မိတယ္။

ေမး ။ ။ နိဂုံးမခ်ဳပ္ပါနဲ႔အုံး။ က်ေနာ္ ဆက္ၿပီးေတာ့ေမးခ်င္ေသးတယ္။ အဲဒီတုန္းက လုပ္ခဲ့တဲ့ကာလမွာ တိုင္းရင္းသားေခါင္းေဆာင္ေတြက ဗမာလူမ်ိဳးႀကီးဝါဒနဲ႔ အေျခခံၿပီးေတာ့ လာခဲ့တယ္။ အဲဒီလိုမ်ိဳး မျမင္ခဲ့ဘူး။ စစ္အစိုးရအဆက္ဆက္ကလည္း အဲဒီလိုေျပာတယ္။ဒါေပမဲ့ ၾကားမွာ ျပည္သူလူထုကို ကိုယ္စားျပဳတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္လည္း အစိုးရလည္း တက္ခဲ့ပါတယ္။ ဆိုေတာ့ အမ်ိဳးသားဒီမိုကေရစီ အစိုးရလက္ထက္မွာ ပင္လုံကို ဒုတိယပင္လုံဆိုၿပီး ဘာညာဆိုၿပီး ဆက္က်င္းပခဲ့ပါတယ္။ အဲဒီလို က်င္းပတဲ့အခ်ိန္မွာေကာ အမ်ိဳးသားေရးဝါဒနဲ႔ ပတ္သက္ၿပီး သေဘာတရားဟာ အခုလိုပဲ Civic Nationalism ျဖစ္ေျမာက္ေရးကို ဦးတည္ခဲ့တယ္လို႔ ဆရာ သုံးသပ္မိပါသလဲ။

ေျဖ ။ ။ က်ေနာ္က အဲဒီလို မသုံးသပ္မိဘူး။ ဘာေၾကာင့္ မသုံးသပ္မိဘူးဆိုေတာ့ NLD က Operation ဆန႔္က်င္ဘက္မွာ ေနရင္ေနတဲ့ အခ်ိန္တုန္းက သူက CRPP လို႔ေခၚတဲ့ အဖြဲ႕အစည္းမွာလဲ တိုင္းရင္းသားအဖြဲ႕အစည္းေတြနဲ႔ေပါင္းၿပီး စစ္မွန္တဲ့ ဒီမိုကေရစီ ရေအာင္၊ ဖယ္ဒရယ္ရေအာင္ ဘယ္လို လုပ္ခဲ့၊ သေဘာတူခဲ့၊ လုပ္ခဲ့ကိုင္ခဲ့တာ ရွိတယ္။ ဒါေပမဲ့ အာဏာရသြားၿပီးေနာက္ပိုင္းၾကေတာ့ NLD ေခါင္းေဆာင္ေတြက သူတို႔ရဲ႕ အဓိက reconciliation အျပန္အလွန္ ပူးေပါင္းနီးစပ္ေရးကို သူတို႔က တိုင္းရင္းသားေတြနဲ႔ မလုပ္ဘဲနဲ႔ စစ္တပ္နဲ႔ပဲ လုပ္ခဲ့တယ္။ ဒါေၾကာင့္မို႔ ရခိုင္မွာဆိုလဲ ANP က မဲအမ်ားႀကီးႏိုင္ရဲ႕သားနဲ႔ သူတို႔က အစိုးရကို မဖြဲ႕ႏိုင္ဘူး။ ျပည္နယ္ဝန္ႀကီးခ်ဳပ္လည္း ျဖစ္မလာခဲ့ဘူး။ NLD ကပဲ လက္ဝါးႀကီးအုပ္ခဲ့တယ္။ ထိုနည္းတူစြာ ရွမ္းျပည္နယ္မွာလဲ ထိုနည္းလည္းေကာင္းပဲ။

ဆိုေတာ့ သူတို႔က တိုင္းရင္းသားေတြနဲ႔ အရင္တုန္းကအတူတူ ေအးအတူပူအမွ် စစ္တပ္လူတန္းစားကို ဆန႔္က်င္တဲ့အခ်ိန္တုန္းက ေနခဲ့ေပမဲ့ အာဏာရသြားတဲ့အခ်ိန္မွာ NLD က ေျပာင္းသြားတယ္။ အဲဒါေၾကာင့္မို႔ NLD က အဲဒီ Civic Nationalism ေတြ ဘာေတြညာေတြကို စဥ္းစားသလားဆိုရင္ က်ေနာ့္ကိုေမးရင္ သူတို႔လုံးဝ မစဥ္းစားဘူးလို႔ အဲဒီလိုမ်ိဳးပဲ ေျပာရမွာ။

ေမး ။ ။ အဲဒီေတာ့ အခု စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ဆန႔္က်င္ၾကတဲ့အဖြဲ႕ထဲမွာ NLD က လက္ရွိအာဏာရပါတီ၊ လက္ရွိအာဏာရ အစိုးရက ပုဂၢိဳလ္ေတြ၊ အဲဒီဘက္က အဲဒီပါတီအတြက္ ေ႐ြးေကာက္ခံၿပီး အာဏာရထားတဲ့ ပုဂၢိဳလ္ေတြက ဦးေဆာင္ၿပီးလုပ္တယ္ဆိုတာကေတာ့ အသိပါပဲ။ ဆိုေတာ့ ဒီပုဂၢိဳလ္ေတြကေရာ NLD ရဲ႕ လမ္းစဥ္နဲ႔လုပ္မွ ခြဲထြက္လိမ့္မယ္။ လမ္းခြဲၿပီးေတာ့ အခု Civic Nationalism ျဖစ္ေရးကို ဦးတည္တယ္လို႔ ယူဆႏိုင္သလား။ က်ေနာ္က သံသယရွိလို႔ ေျပာတာမဟုတ္ပါဘူး၊ စိုင္းဝမ္ဆိုင္ဟာ ကြၽမ္းက်င္တဲ့ ပုဂၢိဳလ္တေယာက္အေနနဲ႔ ဘယ္လိုျမင္သလဲဆိုတာကို သိခ်င္လို႔ပါ။

ေျဖ ။ ။ သူတို႔ရဲ႕ တိုင္းရင္းသားေတာ္လွန္ေရးဟာက ပူးေပါင္းလုပ္ေဆာင္မႈ၊ ေနာက္ၿပီးေတာ့ သူတို႔ရဲ႕ ႐ိုဟင္ဂ်ာအေပၚထားတဲ့မူဝါဒ ဘာညာတို႔က NLD အရင္တုန္းက ထားခဲ့တဲ မူဝါဒနဲ႔ ေျပာင္းျပန္ျဖစ္သြားတယ္။ ျဖစ္သြားတယ္ဆိုေတာ့ သူတို႔က Enlighten တစိတ္တပိုင္းေတာ့ ျဖစ္လာတယ္လို႔ က်ေနာ္တို႔ ေျပာလို႔ရတယ္။ ဒါေပမဲ့ သူက လုံးဝႀကီး အခုန က်ေနာ္တို႔ေျပာသလို တန္းတူညီမွ်ေရးကို ဦးစားေပးေနသလားဆိုေတာ့ က်ေနာ္တို႔လည္း အတိအက် မခန႔္မွန္းႏိုင္ဘူး။ ဒါေပမဲ့ အခုလူေတြ ေထာက္ေထာက္ျပေနတဲ့ Point တခု ရွိတယ္။ အဲဒါက ဘာလဲဆိုေတာ့ တိုင္းရင္းသားေတြကေျပာတယ္၊ က်ေနာ္တို႔က အခုေလာေလာဆယ္ ခုႏွစ္ျပည္နယ္ ရွိတယ္။ အဲဒါ ဗမာျပည္နယ္တခုရွိမွ က်ေနာ္တို႔က တန္းတူညီမွ်အတူတူ အလုပ္လုပ္ႏိုင္မယ္။ အဲဒါကို လက္ရွိဦးေဆာင္ေနတဲ့ NUG က လူေတြက တိတိက်က် မေတြ႕ရဘူး။ ဆိုေတာ့ သူတို႔အေနနဲ႔ အခု အက်ဥ္းခံေနရတဲ့ NLD ေခါင္းေဆာင္ေတြရဲ႕ အေနအထားကို ငဲ့ညႇာၿပီး အတိအက် မေျပာရဲတာလား။ သူတို႔ကိုယ္တိုင္က မယုံၾကည္တာလား အဲဒါေတာ့ က်ေနာ္ မဆုံးျဖတ္ႏိုင္ဘူး။ ေရွ႕ဆက္လုပ္မယ့္အလုပ္ကိုပဲ ေစာင့္ၾကည့္ရမွာေပါ့။

ေမး ။ ။ အဲဒီဗမာျပည္နယ္အျဖစ္ လက္ခံဖို႔ဆိုတဲ့ကိစၥကို ေခါင္းေဆာင္လူနည္းစုက တခ်ိဳ႕တဦးခ်င္းအေနနဲ႔ သဘာေပါက္ လက္ခံႏိုင္သည္တိုင္ေအာင္ ဗမာျပည္သူအမ်ားစုကေရာ လက္ခံႏိုင္မလား။ သူတို႔ အ႐ိုးဆြဲလာတဲ့ ပညာေရး အေတြးအေခၚ စိတ္ဓါတ္နဲ႔။ အဲဒါကို ထည့္သြင္းစဥ္းစားလို႔မ်ား ေျဖရခက္ေနတယ္ဆိုတာ မျဖစ္ႏိုင္ဘူးလား။

ေျဖ ။ ။ ဒါလဲ ျဖစ္ႏိုင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူက မဟာလူမ်ိဳးႀကီးဝါဒက လုံးဝမကင္းစင္လို႔ အခု သူတို႔အေပၚစီးရထားတဲ့ အခြင့္အေရးကို လက္မလႊတ္ႏိုင္လို႔ မလုပ္ရဲႏိုင္တာလဲ ျဖစ္ႏိုင္တယ္။ ျဖစ္တယ္လို႔ က်ေနာ္ေျပာတာ မဟုတ္ဘူး။ ျဖစ္ႏိုင္တယ္လို႔ ေျပာတာ။ ဆိုေတာ့ အဲဒီလမ္းကေန ခြဲထြက္ၿပီးေတာ့ အတိအက်ေအာ္ေနတဲ့ အဖြဲ႕အစည္းတခုက ၾကားဖူးတာေတာ့ Burma People Liberation Front ဖြဲ႕စည္းထားတာ လူတရာေက်ာ္၊ ႏွစ္ရာေက်ာ္ေလာက္ ရွိမလား မသိဘူး။ ကရင္ျပည္ထဲမွာပဲေနတယ္။ သူကေတာ့ အတိအက်ပဲ မဟာလူမ်ိဳးႀကီးဝါဒကို လုံးဝကို ဆန႔္က်င္တယ္။ ေနာက္ ဗမာျပည္နယ္ အဖြဲ႕အစည္းေတြကိုလဲ သူက ေထာက္ခံတယ္။ ဒါေပမဲ့ သူက လူနည္းစု ျဖစ္မွာေပါ့။ က်ေနာ္ထင္တာက အခု NUG ေခါင္းေဆာင္ေတြနဲ႔ တိုင္းရင္းသားေတြနဲ႔ နဖူးတိုက္ ဒူးတိုက္ ေတြ႕ၿပီး၊ အဲဒါကို ျပတ္ျပတ္သားသား ေအးေအးလင္းလင္း ေဆြးေႏြးရင္ေတာ့ က်ေနာ္ထင္တာ ရမယ္။

ေမး ။ ။ က်ေနာ္ ေမးဖို႔ တခုက်န္ေသးတယ္။ တိုင္းရင္းသားေတြဘက္က သေဘာထားကိုလဲ က်ေနာ္တို႔ ေမးရမွာ ျဖစ္ပါတယ္။ က်ေနာ့္အေနနဲ႔ … တိုင္းရင္းသားေတြကေရာ တကယ္ Civic Nationalism လို႔ ဆိုလိုက္ရင္၊ သူတို႔ကေရာ သူတို႔ရဲ႕ Ethnic nationalism - သူတို႔ရဲ႕ လူမ်ိဳုးေရး၊ ဘာသာေရး ယဥ္ေက်းမႈကို အေျချပဳထားတဲ့ အမ်ိဳးသားေရးဝါဒကို စြန႔္ပစ္ၿပီးေတာ့ မတူကြဲျပားမႈအားလုံးကို လက္ခံတယ္။ ျပည္သူအားလုံးပါဝင္ေသာ ျပည္သူ႔အမ်ိဳးသားေရးဝါဒ Civic Nationalism မ်ိဳးကို လက္ခံလိမ့္မယ္ ထင္ပါသလား။ ဒါက တိုင္းရင္းသားေတြနဲ႔ ပတ္သက္ၿပီး ေယဘူယ် ေမးခြန္းတခုပါ။

ေျဖ ။ ။ က်ေနာ္ထင္တာက အဲဒီ အခုန က်ေနာ္တို႔ေျပာေနတဲ့ Concept အေတြးအေခၚက အမ်ားႀကီး က်ေနာ္တို႔ ရွင္းျပဖို႔ လိုေသးတယ္။ လိုေသးတဲ့အတြက္မို႔ တိုင္းရင္းသားေခါင္းေဆာင္ေတြက အဲဒီလို Vision မ်ိဳး သူတို႔မွာ ရွိၿပီလား။ မရွိေသးဘူးလား။ ၾကားေကာၾကားဖူးၿပီလား။ အဲဒါကို က်ေနာ္က ေျပာျပမတတ္ဘူး။ က်ေနာ္တို႔ မဆုံးျဖတ္ႏိုင္ဘူး။ ဆိုေတာ့ တရက္တရက္ သူ႔ရဲ႕ ျဖစ္ေပၚတိုးတက္မႈကို ေသခ်ာဂဃနဏ ရွင္းျပရမယ္ဆိုရင္ Ethnic Nationalism ကို သူက လုံးဝပစ္ပယ္တာ မဟုတ္ဘူး။ Ethnic Nationalism မွာ မေကာင္းတဲ့အပိုင္းေတြကို ကိုယ္က ခ်န္ထားၿပီး၊ Civic Nationalism မွ ေကာင္းတဲ့ဟာေတြ အကုန္လုံးေပါင္းၿပီး လူေတြအကုန္လုံး ေက်နပ္တဲ့ ဖြဲ႕စည္းပုံမ်ိဳး၊ စံတန္းဖိုးမ်ိဳး အဲဒါေတြ လက္ခံၿပီးမွ လုပ္လို႔ရွိရင္ အားလုံးေက်နပ္မယ္လို႔ ထင္တယ္။ ဒါေပမဲ့ ဒါက Awareness Building လို႔ေခၚတဲ့ ႏိုင္ငံေရးအရ ပညာေပးမႈေတြက လိုေနအုံးမယ္။

ေမး ။ ။ တခ်ိဳ႕ေသာ တိုင္းရင္းသားေတြက ဝကို အားက်ၿပီးေတာ့ ဖက္ဒရယ္မဟုတ္ေတာ့ဘူး၊ ကြန္ဖက္ဒရိတ္ဆိုတဲ့ သေဘာမ်ိဳးအထိ ေျပာလာၾကတဲ့အခ်ိန္မွာ ကြန္ဖက္ဒရိတ္ လိုခ်င္ေသာဆႏၵသည္ Civic Nationalim ထက္ လြန္မသြားဘူးလား ကြန္ဖက္ဒရိတ္ သေဘာက။ သူတို႔ရဲ႕ သီးသန႔္သေဘာ မေဆာင္သြားဘူးလား ဆိုတာပဲ ျဖစ္ပါတယ္။ ဘယ္လိုသေဘာရပါသလဲ။ ဘယ္လိုဆက္စပ္မလဲ။

ေျဖ ။ ။ ကြန္ဖက္ဒရိတ္ပုံစံနဲ႔ သြားခ်င္လို႔ Civic Nationalism ကို လက္မခံဘူးလို႔ အဲဒီလိုလဲ ေျပာလို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ Ethnic Nationalism နဲ႔ Civic Nationalism တို႔ ေပါင္းစပ္မႈ အတိုင္းအတာက က်ေနာ္တို႔ အကုန္လုံးဝိုင္းၿပီး၊ ထိုင္ၿပီး စကားေျပာရမယ့္အလုပ္။ အဲဒါကို ဝေတြကလဲ ဝင္ၿပီးေတာ့ စကားေျပာမယ္ဆိုရင္ေတာ့ အဲဒါလဲ အေျဖတခု ထြက္လာမွာပါ။ ကြန္ဖက္ဒရိတ္ကိုသြားလို႔ Civic Nationalism့ို လက္မခံႏိုင္ဘူးဆိုတာ အဲဒါေတာ့ မဟုတ္ဘူးထင္တယ္။

=== Unicode ===

ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေး ရည်မှန်းချက်တွေ၊ ကတိစကားတွေ နဲ့အတူ ဆွေးနွေးညှိနှိုင်းမှုတွေလဲ ကြားနေရပါတယ်။ တချိန်တည်းမှာပဲ လူမျိုးတမျိုးချင်းစီကို အခြေပြုတဲ့ Ethnic-nationalism ဟာလဲ အရှိန်အဟုန် မြင့်မားနေတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဒီ လူမျိုးအခြေပြု အမျိုးသားရေးဝါဒသည် တန်းတူညီမျှမှုကို အခြေခံသော ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီပါရဲ့လား၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် တကယ်လိုအပ်တဲ့ အမျိုးသားရေးဝါဒက ဘယ်လို ဖြစ်သင့်ပါသလဲ။ ဖယ်ဒရယ်ရေးတက်ကြွသူ သုတေသီဆောင်းပါးရှင် စိုင်းဝမ်ဆိုင်း နဲ့ ဦးကျော်ဇံသာ ဆက်လက် ဆွေးနွေးထားပါတယ်။

ဖြေ ။ ။ ကျနော်တို့ရဲ့ နိုင်ငံရေးအမြင်ဟာ Civic Nationalism ပြည်သူ့အခြေပြုအမျိုးသားရေးဝါဒကို ကျနော်တို့က ပေါင်းစည်းပေးရမယ်လို့ ပြောနေတာ။

မေး ။ ။ ပြည်ထောင်စုမြန်မာနိုင်ငံဆိုပြီးတော့ နယ်ချဲ့ဗြိတိသျှတွေ လက်ထဲက လွတ်လာပြီးတဲ့နောက်မှာ ထူထောင်လာကြတယ်။ အဲဒီတုန်းက ကျနော်တို့ရဲ့ ပြည်ထောင်စုတည်ထောင်တဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုအမျိုးသားရေးဝါဒကို အခြေခံခဲ့သလဲ။ နည်းနည်းပြန်ပြောင်း သုံးသပ်ကြည့်မယ်ဆိုရင် အဲဒီမှာ Civic Nationalism ဆိုတဲ့သဘောထားက အဓိကလား။ မြန်မာ-ဗမာ အမျိုးသားရေး - Bama Nationalism လား။ သမိုင်းကိုပြန်ကြည့်ရင် ဘယ်လိုပုံစံမျိုးလို့ အဲဒါကို ပြန်သုံးသပ်လိုပါသလဲ။

ဖြေ ။ ။ ၁၉၄၈ ခုနှစ်မတိုင်မီ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအမြင်က အဲဒီလောက်ထိ ကျယ်ပြန့်သေးတာ မဟုတ်ဘူး။ သူတို့စိတ်ထဲမှာ တခုပဲရှိတယ်။ ဗမာနဲ့ ပေါင်းလိုက်ရင် သူတို့တပည့် ဖြစ်သွားမယ်ဆိုတာကို သူတို့က ကြောက်တဲ့အတွက်ကြောင့်မို့ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန် သွားတဲ့အချိန်မှာ ကြေးနန်းရိုက်ပြီး သူက ကျနော်တို့ကို ကိုယ်စားမပြုပါဘူး ဆိုတာတွေ ဖြစ်လာတယ်။ ဆိုတော့ အဲဒီဥစ္စာကို ကျားကန် ခွဲထွက်၊ ခွဲထွက်ပိုင်ခွင့်တွေ ဘာတွေ၊ သူတို့က ဗိုလ်ချုပ်အောင်ဆန်းကို တောင်းတဲ့အခါမှာ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ထည့်ပေးထားတယ်။ အဲဒီမှာ ရှမ်းနဲ့ ကရင်နီက အဓိကပါခဲ့တယ်။ Civic Nationalism ဆိုတဲ့ ဘာညာ အခေါ်အဝေါ်တွေက အဲဒီတုန်းက မပေါ်သေးဘူး။ နောက်ပိုင်း နိုင်ငံရေးသုတေသီတွေက ဖော်ထုတ်ခဲ့တာ။ သူတို့ရဲ့ အဓိက ရည်မှန်းချက်က Earn it equality - ဗမာတကျပ်၊ ရှမ်းတကျပ်၊ ရခိုင်တကျပ် ရှမ်းတကျပ် အဲဒီလို တန်းတူညီမျှရေးကို အဓိကထားပြီး ပြည်ထောင်စုကို တည်ထောင်ဖို့ ကြိုးစားတာ။ ဒါပေမဲ့ တည်ထောင်ပြီးတဲ့နောက်ပိုင်းကြတော့ အဲဒီလို ဖြစ်မလာဘူး။ ဖြစ်မလာဘဲ နိုင်ငံတော်ရဲ့ အာဏာကို မဟာဗမာထဲက အုပ်စီးလိုက်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ပြည်တွင်းစစ် ဖြစ်ခဲ့တယ်။ အဲဒီ ပြည်တွင်းစစ်က အခုထိ မငြိမ်သေးဘူး။ အဲဒါကိုပဲ သူတို့က အခုထိ မပြင်သေးဘူး။ အဲဒါကို မပြင်သရွေ့ ပြည်တွင်းစစ်က ပြီမှာမဟုတ်ဘူး။ ဆိုတော့ အခု ဗမာလူထုကလည်း အရင်နဲ့မတူဘဲနဲ့ ပိုနိုးကြားလာတယ်။ နိုးကြားလာတဲ့အတွက်ကြောင့်မို့ တိုင်းရင်းသားတွေရဲ့ ခံစားမှု၊ နာကြည်းမှု၊ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးတောင့်တမှုတွေကို သူတို့ နားလည်လာတယ်။ သူတို့ကိုယ်တိုင် ဖိနှိပ်ခံနေရတယ်။ အဲဒါ ကောင်းတဲ့အကွေ့တခုကို ရောက်သွားရောက်လာတာပေါ့။

အဲဒါကြောင့်မို့ နိဂုံးချုပ်ရရင်တော့ လွတ်လပ်ရေးမရခင်ကာလတုန်းကတော့ တိုင်းရင်းသားခေါင်းဆောင်တွေက တန်းတူညီမျှရေးကိုပဲ အဓိကထားပြီး၊ သူတို့က ပြည်ထောင်စုကို ဖွဲ့စည်းခဲ့တယ်လို့ အဲဒီလိုပဲ သုံးသပ်မိတယ်။

မေး ။ ။ နိဂုံးမချုပ်ပါနဲ့အုံး။ ကျနော် ဆက်ပြီးတော့မေးချင်သေးတယ်။ အဲဒီတုန်းက လုပ်ခဲ့တဲ့ကာလမှာ တိုင်းရင်းသားခေါင်းဆောင်တွေက ဗမာလူမျိုးကြီးဝါဒနဲ့ အခြေခံပြီးတော့ လာခဲ့တယ်။ အဲဒီလိုမျိုး မမြင်ခဲ့ဘူး။ စစ်အစိုးရအဆက်ဆက်ကလည်း အဲဒီလိုပြောတယ်။ဒါပေမဲ့ ကြားမှာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း အစိုးရလည်း တက်ခဲ့ပါတယ်။ ဆိုတော့ အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာ ပင်လုံကို ဒုတိယပင်လုံဆိုပြီး ဘာညာဆိုပြီး ဆက်ကျင်းပခဲ့ပါတယ်။ အဲဒီလို ကျင်းပတဲ့အချိန်မှာကော အမျိုးသားရေးဝါဒနဲ့ ပတ်သက်ပြီး သဘောတရားဟာ အခုလိုပဲ Civic Nationalism ဖြစ်မြောက်ရေးကို ဦးတည်ခဲ့တယ်လို့ ဆရာ သုံးသပ်မိပါသလဲ။

ဖြေ ။ ။ ကျနော်က အဲဒီလို မသုံးသပ်မိဘူး။ ဘာကြောင့် မသုံးသပ်မိဘူးဆိုတော့ NLD က Operation ဆန့်ကျင်ဘက်မှာ နေရင်နေတဲ့ အချိန်တုန်းက သူက CRPP လို့ခေါ်တဲ့ အဖွဲ့အစည်းမှာလဲ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ရအောင်၊ ဖယ်ဒရယ်ရအောင် ဘယ်လို လုပ်ခဲ့၊ သဘောတူခဲ့၊ လုပ်ခဲ့ကိုင်ခဲ့တာ ရှိတယ်။ ဒါပေမဲ့ အာဏာရသွားပြီးနောက်ပိုင်းကြတော့ NLD ခေါင်းဆောင်တွေက သူတို့ရဲ့ အဓိက reconciliation အပြန်အလှန် ပူးပေါင်းနီးစပ်ရေးကို သူတို့က တိုင်းရင်းသားတွေနဲ့ မလုပ်ဘဲနဲ့ စစ်တပ်နဲ့ပဲ လုပ်ခဲ့တယ်။ ဒါကြောင့်မို့ ရခိုင်မှာဆိုလဲ ANP က မဲအများကြီးနိုင်ရဲ့သားနဲ့ သူတို့က အစိုးရကို မဖွဲ့နိုင်ဘူး။ ပြည်နယ်ဝန်ကြီးချုပ်လည်း ဖြစ်မလာခဲ့ဘူး။ NLD ကပဲ လက်ဝါးကြီးအုပ်ခဲ့တယ်။ ထိုနည်းတူစွာ ရှမ်းပြည်နယ်မှာလဲ ထိုနည်းလည်းကောင်းပဲ။

ဆိုတော့ သူတို့က တိုင်းရင်းသားတွေနဲ့ အရင်တုန်းကအတူတူ အေးအတူပူအမျှ စစ်တပ်လူတန်းစားကို ဆန့်ကျင်တဲ့အချိန်တုန်းက နေခဲ့ပေမဲ့ အာဏာရသွားတဲ့အချိန်မှာ NLD က ပြောင်းသွားတယ်။ အဲဒါကြောင့်မို့ NLD က အဲဒီ Civic Nationalism တွေ ဘာတွေညာတွေကို စဉ်းစားသလားဆိုရင် ကျနော့်ကိုမေးရင် သူတို့လုံးဝ မစဉ်းစားဘူးလို့ အဲဒီလိုမျိုးပဲ ပြောရမှာ။

မေး ။ ။ အဲဒီတော့ အခု စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆန့်ကျင်ကြတဲ့အဖွဲ့ထဲမှာ NLD က လက်ရှိအာဏာရပါတီ၊ လက်ရှိအာဏာရ အစိုးရက ပုဂ္ဂိုလ်တွေ၊ အဲဒီဘက်က အဲဒီပါတီအတွက် ရွေးကောက်ခံပြီး အာဏာရထားတဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်ပြီးလုပ်တယ်ဆိုတာကတော့ အသိပါပဲ။ ဆိုတော့ ဒီပုဂ္ဂိုလ်တွေကရော NLD ရဲ့ လမ်းစဉ်နဲ့လုပ်မှ ခွဲထွက်လိမ့်မယ်။ လမ်းခွဲပြီးတော့ အခု Civic Nationalism ဖြစ်ရေးကို ဦးတည်တယ်လို့ ယူဆနိုင်သလား။ ကျနော်က သံသယရှိလို့ ပြောတာမဟုတ်ပါဘူး၊ စိုင်းဝမ်ဆိုင်ဟာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ ဘယ်လိုမြင်သလဲဆိုတာကို သိချင်လို့ပါ။

ဖြေ ။ ။ သူတို့ရဲ့ တိုင်းရင်းသားတော်လှန်ရေးဟာက ပူးပေါင်းလုပ်ဆောင်မှု၊ နောက်ပြီးတော့ သူတို့ရဲ့ ရိုဟင်ဂျာအပေါ်ထားတဲ့မူဝါဒ ဘာညာတို့က NLD အရင်တုန်းက ထားခဲ့တဲ မူဝါဒနဲ့ ပြောင်းပြန်ဖြစ်သွားတယ်။ ဖြစ်သွားတယ်ဆိုတော့ သူတို့က Enlighten တစိတ်တပိုင်းတော့ ဖြစ်လာတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူက လုံးဝကြီး အခုန ကျနော်တို့ပြောသလို တန်းတူညီမျှရေးကို ဦးစားပေးနေသလားဆိုတော့ ကျနော်တို့လည်း အတိအကျ မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ အခုလူတွေ ထောက်ထောက်ပြနေတဲ့ Point တခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ တိုင်းရင်းသားတွေကပြောတယ်၊ ကျနော်တို့က အခုလောလောဆယ် ခုနှစ်ပြည်နယ် ရှိတယ်။ အဲဒါ ဗမာပြည်နယ်တခုရှိမှ ကျနော်တို့က တန်းတူညီမျှအတူတူ အလုပ်လုပ်နိုင်မယ်။ အဲဒါကို လက်ရှိဦးဆောင်နေတဲ့ NUG က လူတွေက တိတိကျကျ မတွေ့ရဘူး။ ဆိုတော့ သူတို့အနေနဲ့ အခု အကျဉ်းခံနေရတဲ့ NLD ခေါင်းဆောင်တွေရဲ့ အနေအထားကို ငဲ့ညှာပြီး အတိအကျ မပြောရဲတာလား။ သူတို့ကိုယ်တိုင်က မယုံကြည်တာလား အဲဒါတော့ ကျနော် မဆုံးဖြတ်နိုင်ဘူး။ ရှေ့ဆက်လုပ်မယ့်အလုပ်ကိုပဲ စောင့်ကြည့်ရမှာပေါ့။

မေး ။ ။ အဲဒီဗမာပြည်နယ်အဖြစ် လက်ခံဖို့ဆိုတဲ့ကိစ္စကို ခေါင်းဆောင်လူနည်းစုက တချို့တဦးချင်းအနေနဲ့ သဘာပေါက် လက်ခံနိုင်သည်တိုင်အောင် ဗမာပြည်သူအများစုကရော လက်ခံနိုင်မလား။ သူတို့ အရိုးဆွဲလာတဲ့ ပညာရေး အတွေးအခေါ် စိတ်ဓါတ်နဲ့။ အဲဒါကို ထည့်သွင်းစဉ်းစားလို့များ ဖြေရခက်နေတယ်ဆိုတာ မဖြစ်နိုင်ဘူးလား။

ဖြေ ။ ။ ဒါလဲ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက မဟာလူမျိုးကြီးဝါဒက လုံးဝမကင်းစင်လို့ အခု သူတို့အပေါ်စီးရထားတဲ့ အခွင့်အရေးကို လက်မလွှတ်နိုင်လို့ မလုပ်ရဲနိုင်တာလဲ ဖြစ်နိုင်တယ်။ ဖြစ်တယ်လို့ ကျနော်ပြောတာ မဟုတ်ဘူး။ ဖြစ်နိုင်တယ်လို့ ပြောတာ။ ဆိုတော့ အဲဒီလမ်းကနေ ခွဲထွက်ပြီးတော့ အတိအကျအော်နေတဲ့ အဖွဲ့အစည်းတခုက ကြားဖူးတာတော့ Burma People Liberation Front ဖွဲ့စည်းထားတာ လူတရာကျော်၊ နှစ်ရာကျော်လောက် ရှိမလား မသိဘူး။ ကရင်ပြည်ထဲမှာပဲနေတယ်။ သူကတော့ အတိအကျပဲ မဟာလူမျိုးကြီးဝါဒကို လုံးဝကို ဆန့်ကျင်တယ်။ နောက် ဗမာပြည်နယ် အဖွဲ့အစည်းတွေကိုလဲ သူက ထောက်ခံတယ်။ ဒါပေမဲ့ သူက လူနည်းစု ဖြစ်မှာပေါ့။ ကျနော်ထင်တာက အခု NUG ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားတွေနဲ့ နဖူးတိုက် ဒူးတိုက် တွေ့ပြီး၊ အဲဒါကို ပြတ်ပြတ်သားသား အေးအေးလင်းလင်း ဆွေးနွေးရင်တော့ ကျနော်ထင်တာ ရမယ်။

မေး ။ ။ ကျနော် မေးဖို့ တခုကျန်သေးတယ်။ တိုင်းရင်းသားတွေဘက်က သဘောထားကိုလဲ ကျနော်တို့ မေးရမှာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ … တိုင်းရင်းသားတွေကရော တကယ် Civic Nationalism လို့ ဆိုလိုက်ရင်၊ သူတို့ကရော သူတို့ရဲ့ Ethnic nationalism - သူတို့ရဲ့ လူမျိုုးရေး၊ ဘာသာရေး ယဉ်ကျေးမှုကို အခြေပြုထားတဲ့ အမျိုးသားရေးဝါဒကို စွန့်ပစ်ပြီးတော့ မတူကွဲပြားမှုအားလုံးကို လက်ခံတယ်။ ပြည်သူအားလုံးပါဝင်သော ပြည်သူ့အမျိုးသားရေးဝါဒ Civic Nationalism မျိုးကို လက်ခံလိမ့်မယ် ထင်ပါသလား။ ဒါက တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ယေဘူယျ မေးခွန်းတခုပါ။

ဖြေ ။ ။ ကျနော်ထင်တာက အဲဒီ အခုန ကျနော်တို့ပြောနေတဲ့ Concept အတွေးအခေါ်က အများကြီး ကျနော်တို့ ရှင်းပြဖို့ လိုသေးတယ်။ လိုသေးတဲ့အတွက်မို့ တိုင်းရင်းသားခေါင်းဆောင်တွေက အဲဒီလို Vision မျိုး သူတို့မှာ ရှိပြီလား။ မရှိသေးဘူးလား။ ကြားကောကြားဖူးပြီလား။ အဲဒါကို ကျနော်က ပြောပြမတတ်ဘူး။ ကျနော်တို့ မဆုံးဖြတ်နိုင်ဘူး။ ဆိုတော့ တရက်တရက် သူ့ရဲ့ ဖြစ်ပေါ်တိုးတက်မှုကို သေချာဂဃနဏ ရှင်းပြရမယ်ဆိုရင် Ethnic Nationalism ကို သူက လုံးဝပစ်ပယ်တာ မဟုတ်ဘူး။ Ethnic Nationalism မှာ မကောင်းတဲ့အပိုင်းတွေကို ကိုယ်က ချန်ထားပြီး၊ Civic Nationalism မှ ကောင်းတဲ့ဟာတွေ အကုန်လုံးပေါင်းပြီး လူတွေအကုန်လုံး ကျေနပ်တဲ့ ဖွဲ့စည်းပုံမျိုး၊ စံတန်းဖိုးမျိုး အဲဒါတွေ လက်ခံပြီးမှ လုပ်လို့ရှိရင် အားလုံးကျေနပ်မယ်လို့ ထင်တယ်။ ဒါပေမဲ့ ဒါက Awareness Building လို့ခေါ်တဲ့ နိုင်ငံရေးအရ ပညာပေးမှုတွေက လိုနေအုံးမယ်။

မေး ။ ။ တချို့သော တိုင်းရင်းသားတွေက ဝကို အားကျပြီးတော့ ဖက်ဒရယ်မဟုတ်တော့ဘူး၊ ကွန်ဖက်ဒရိတ်ဆိုတဲ့ သဘောမျိုးအထိ ပြောလာကြတဲ့အချိန်မှာ ကွန်ဖက်ဒရိတ် လိုချင်သောဆန္ဒသည် Civic Nationalim ထက် လွန်မသွားဘူးလား ကွန်ဖက်ဒရိတ် သဘောက။ သူတို့ရဲ့ သီးသန့်သဘော မဆောင်သွားဘူးလား ဆိုတာပဲ ဖြစ်ပါတယ်။ ဘယ်လိုသဘောရပါသလဲ။ ဘယ်လိုဆက်စပ်မလဲ။

ဖြေ ။ ။ ကွန်ဖက်ဒရိတ်ပုံစံနဲ့ သွားချင်လို့ Civic Nationalism ကို လက်မခံဘူးလို့ အဲဒီလိုလဲ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ Ethnic Nationalism နဲ့ Civic Nationalism တို့ ပေါင်းစပ်မှု အတိုင်းအတာက ကျနော်တို့ အကုန်လုံးဝိုင်းပြီး၊ ထိုင်ပြီး စကားပြောရမယ့်အလုပ်။ အဲဒါကို ဝတွေကလဲ ဝင်ပြီးတော့ စကားပြောမယ်ဆိုရင်တော့ အဲဒါလဲ အဖြေတခု ထွက်လာမှာပါ။ ကွန်ဖက်ဒရိတ်ကိုသွားလို့ Civic Nationalism့ို လက်မခံနိုင်ဘူးဆိုတာ အဲဒါတော့ မဟုတ်ဘူးထင်တယ်။

XS
SM
MD
LG