သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICC သေဘာတူညီခ်က္မွာ ဖိလစ္ပိုင္ ျပန္ပါမည္မဟုတ္


ဖိလစ္ပိုင္သမၼတFerdinand Marcos Jr


[[Zawgyi/Unicode]]

ဖိလစ္ပိုင္ႏိုင္ငံက အျပည္ျပည္ဆိုင္ရာ ရာဇဝတ္မႈခုံ႐ုံး (ICC) သေဘာတူညီခ်က္ ကို ျပန္လည္ဝင္ေရာက္ဖို႔ အစီအစဥ္မရွိဘူးလို႔ သမၼတ Ferdinand Marcos Jr က တနလၤာေန႔က ေျပာလိုက္ပါတယ္။ ICC က စုံစမ္းစစ္ေဆးတာေတြ ျပန္စတဲ့ အေျခအေနမွာ သမၼတ ဖာဒီန္မားကို႔စ္အငယ္က ခုလို ေၾကညာလိုက္တာ ျဖစ္ပါတယ္။ သမၼတဒူတာေတးရဲ႕သမီး ဆာရာကလည္း ဒုတိယသမၼတ ျဖစ္ေနပါတယ္။

မူးယစ္ေဆးဝါးႏွိမ္နင္းေရးအစီအစဥ္မွာ လူ ေထာင္ေပါင္းမ်ားစြာ ေသခဲ့တာနဲ႔ ပတ္သက္ၿပီး ICC က စတင္ စုံစမ္းစစ္ေဆးတဲ့အခါ အဲဒီတုန္းက သမၼတ ဒူတာေတးက ICC ဆိုင္ရာ သေဘာတူညီခ်က္ကေန ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့တာပါ။ ဒါေပမယ့္ အရပ္သားေတြအေပၚ တရားမဝင္ စနစ္တက် တိုက္ခိုက္ခဲ့ပုံ ေပါက္တဲ့အတြက္ ICC တရားသူႀကီးေတြက ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ ICC ေရွ႕ေန႐ုံးကို စစ္ေဆးပိုင္ခြင့္ ေပးခဲ့ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံက ဒီ အမႈေတြကို စစ္ေဆးမွာေၾကာင့္ ရပ္ေပးဖို႔ ေတာင္းဆိုခဲ့တဲ့အတြက္ ေနာက္ ၂ လ အၾကာမွာ ICC က စုံစမ္းစစ္ေဆးတာေတြကို ရပ္ဆိုင္းခဲ့ပါေသးတယ္။ ဒါေပမယ္ အဲဒီလို ေတာင္းဆိုခ်က္က မွန္ကန္တရားမွ်တေၾကာင္း မျပသႏိုင္တဲ့အတြက္ အျမန္ဆုံး စုံစမ္းစစ္ေဆးတာေတြ ျပန္စရမယ္လို႔ ICC ေရွ႕ေန Karim Khan က ဇြန္လ မွာ ဆုံးျဖတ္ခဲ့တာပါ။ ICC ရဲ႕ ဆုံးျဖတ္ပိုင္ခြင့္ နယ္ပယ္ မဟုတ္ဘူးလို႔ ဆိုၿပီး သမၼတဒူတာေတးဟာ သူ အာဏာရွိစဥ္အတြင္း ICC နဲ႔ ပူးေပါင္းေဆာင္႐ြက္ ဖို႔ ျငင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဒီ အခ်က္ကို ဖိလစ္ပိုင္ တရားလႊတ္ေတာ္ခ်ဳပ္က ပယ္ခ်ခဲ့ပါတယ္။

ICC က ျပန္လည္ စုံစမ္းစစ္ေဆးရာမွာ ဖိလစ္ပိုင္ကို ေလ့လာၾကည့္ရႈဖို႔ ဖိတ္ ေခၚထားတယ္လို႔ သမၼတရဲ႕ ဆက္သြယ္ေရး႐ုံးက ေျပာပါတယ္။ အေၾကာင္းျပန္ ဖို႔ စက္တင္ဘာ ၈ ရက္ထိ အခ်ိန္ေပးထားတာပါ။

ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီနဲ႔ ICC တို႔ ရဲ႕ ဖိအားေၾကာင့္ ဖိလစ္ပိုင္ အစိုးရဟာ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးကာလအတြင္းက ေသမႈေသခင္းေတြကို စစ္ေဆးေနရပါတယ္။ ဒါေပမယ့္ ခုထိေတာ့ အမႈအနည္းငယ္ကိုပဲ စြဲဆိုၿပီး ရဲ ၃ ဦး အျပစ္ရွိတာကို ေတြ႕ရပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

==================
[[Unicode]]

ICC သဘောတူညီချက်မှာ ဖိလစ်ပိုင် ပြန်ပါမည်မဟုတ်

ဖိလစ်ပိုင်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သဘောတူညီချက် ကို ပြန်လည်ဝင်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ သမ္မတ Ferdinand Marcos Jr က တနင်္လာနေ့က ပြောလိုက်ပါတယ်။ ICC က စုံစမ်းစစ်ဆေးတာတွေ ပြန်စတဲ့ အခြေအနေမှာ သမ္မတ ဖာဒီန်မားကို့စ်အငယ်က ခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ သမ္မတဒူတာတေးရဲ့သမီး ဆာရာကလည်း ဒုတိယသမ္မတ ဖြစ်နေပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးအစီအစဉ်မှာ လူ ထောင်ပေါင်းများစွာ သေခဲ့တာနဲ့ ပတ်သက်ပြီး ICC က စတင် စုံစမ်းစစ်ဆေးတဲ့အခါ အဲဒီတုန်းက သမ္မတ ဒူတာတေးက ICC ဆိုင်ရာ သဘောတူညီချက်ကနေ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့တာပါ။ ဒါပေမယ့် အရပ်သားတွေအပေါ် တရားမဝင် စနစ်တကျ တိုက်ခိုက်ခဲ့ပုံ ပေါက်တဲ့အတွက် ICC တရားသူကြီးတွေက ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ICC ရှေ့နေရုံးကို စစ်ဆေးပိုင်ခွင့် ပေးခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ဒီ အမှုတွေကို စစ်ဆေးမှာကြောင့် ရပ်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် နောက် ၂ လ အကြာမှာ ICC က စုံစမ်းစစ်ဆေးတာတွေကို ရပ်ဆိုင်းခဲ့ပါသေးတယ်။ ဒါပေမယ် အဲဒီလို တောင်းဆိုချက်က မှန်ကန်တရားမျှတကြောင်း မပြသနိုင်တဲ့အတွက် အမြန်ဆုံး စုံစမ်းစစ်ဆေးတာတွေ ပြန်စရမယ်လို့ ICC ရှေ့နေ Karim Khan က ဇွန်လ မှာ ဆုံးဖြတ်ခဲ့တာပါ။ ICC ရဲ့ ဆုံးဖြတ်ပိုင်ခွင့် နယ်ပယ် မဟုတ်ဘူးလို့ ဆိုပြီး သမ္မတဒူတာတေးဟာ သူ အာဏာရှိစဉ်အတွင်း ICC နဲ့ ပူးပေါင်းဆောင်ရွက် ဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီ အချက်ကို ဖိလစ်ပိုင် တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။

ICC က ပြန်လည် စုံစမ်းစစ်ဆေးရာမှာ ဖိလစ်ပိုင်ကို လေ့လာကြည့်ရှုဖို့ ဖိတ် ခေါ်ထားတယ်လို့ သမ္မတရဲ့ ဆက်သွယ်ရေးရုံးက ပြောပါတယ်။ အကြောင်းပြန် ဖို့ စက်တင်ဘာ ၈ ရက်ထိ အချိန်ပေးထားတာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ICC တို့ ရဲ့ ဖိအားကြောင့် ဖိလစ်ပိုင် အစိုးရဟာ မူးယစ်ဆေးဝါး နှိမ်နင်းရေးကာလအတွင်းက သေမှုသေခင်းတွေကို စစ်ဆေးနေရပါတယ်။ ဒါပေမယ့် ခုထိတော့ အမှုအနည်းငယ်ကိုပဲ စွဲဆိုပြီး ရဲ ၃ ဦး အပြစ်ရှိတာကို တွေ့ရပါသေးတယ်။

XS
SM
MD
LG