သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင်နဲ့ စပိန် ဆီမီးဖိုင်နယ်တက်


အမျိုးသမီးကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် စပိန်နဲ့ ဆွီဒင် သြဂုတ် ၁၅၊ ၂၀၂၃ ကစားမည်
အမျိုးသမီးကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် စပိန်နဲ့ ဆွီဒင် သြဂုတ် ၁၅၊ ၂၀၂၃ ကစားမည်

အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်နေပြီး ဆွီဒင်အသင်းနဲ့ စပိန်အသင်းတို့ ဆီမီး ဖိုင်နယ်ကို တက်သွားပါပြီ။ ဆွီဒင်အသင်းက ဂျပန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသလို စပိန်အသင်းကလည်း နယ်သာလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

စပိန်က ကစားကွက်အသာနဲ့ကစားခဲ့ပြီး ၈၁ မိနစ်မှာ ပင်နယ်တီကတဆင့် ဦးဆောင်ဂိုးရခဲ့ပါတယ်။ ပွဲပြီးခါနီး ၉၁ မိနစ်မှာ နယ်သာလန်က နောက်ကျချေပဂိုးသွင်းယူနိုင်ခဲ့လို့ တဂိုးစီသရေနဲ့ အချိန်ပို မိနစ် ၃၀ ဆက်ကစားခဲ့ကြပါတယ်။ အချိန်ပို ဒုတိယပိုင်း ပွဲချိန် ၁၁၁ မိနစ်အရောက်မှာ စပိန်အသင်းက အနိုင်ဂိုး သွင်းသွားခဲ့တာပါ။

ဆွီဒင် အမျိုးသမီးအသင်းကတော့ အရင်က ကမ္ဘာ့ဖလားမှာ သုံးကြိမ် တတိယနေရာမှာ ရောက်ခဲ့ပြီး ဒီနှစ် ၁၆ သင်းရှုံးထွက်အဆင့်မှာ လက်ရှိချန်ပီယံ အမေရိကန်အသင်းကို အနိုင်ရခဲ့ပါတယ်။ ၂၀၁၁ မှာ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ ဗိုလ်စွဲခဲ့ဖူးတဲ့ ဂျပန်အသင်းကိုတော့ ဒီနေ့ ကွာတားဖိုင်နယ်မှာ ဖြုတ်ထားနိုင်ခဲ့ပါတယ်။ မနက်ဖြန်မှာ အိမ်ရှင် သြစတြေးလျနဲ့ ပြင်သစ်၊ အင်္ဂလန်နဲ့ ကိုလံဘီယာတို့ ကွာတားဖိုင်နယ်ပွဲစဉ်တွေဆက်ကစားကြဦးမှာပါ။ သြဂုတ်လ ၁၅ နဲ့ ၁၆ ရက်တွေမှာ ဆီမီးဖိုင်နယ်နှစ်ပွဲ ကစားကြမှာဖြစ်ပြီး ဖိုင်နယ်ပွဲကိုတော့ သြစတြေးလျနိုင်ငံမှာ သြဂုတ်လ ၂၀ ရက်နေ့ ကစားကြမှာပါ။ ဩဂုတ်လ ၁၅ ရက်နေ့ ဆီးမီးဖိုင်နယ်မှာ စပိန်နဲ့ ဆွီဒင် အသင်းတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG