သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံမြို့ ထွေ၊ အုပ်ရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်


မြင်းခြံထွေအုပ်ရုံးအား တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ထုတ်ပြန်ခဲ့ (အောက်တိုဘာ ၉၊ ၂၀၂၄)
မြင်းခြံထွေအုပ်ရုံးအား တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ထုတ်ပြန်ခဲ့ (အောက်တိုဘာ ၉၊ ၂၀၂၄)

မန္တလေးတိုင်း မြင်းခြံမြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့ပြီး၊ လုံခြုံရေး တာဝန်ယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။ တိုက်ခိုက်မှုတွေ ဆက်လက် အရှိန်မြှင့်မှာ ဖြစ်တာကြောင့် မြို့ခံတွေ သတိနဲ့ သွားလာကြဖို့လည်း တိုက်တွန်းနေတာပါ။ မြင်းခြံမြို့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

မြင်းခြံမြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံ Black Tiger (MBT) လို့ အမည်ပေးထားတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့က ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ တနင်္ဂနွေနေ့ညဘက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့လည်း အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

“လျှပ်တပြတ်ပေါ့၊ ကျနော်တို့ MBT တပ်ဖွဲ့ပေါ့နော် ဒီ UG အဖွဲ့တွေကနေပြီးတော့ အနီးကပ်ဝင်ပြီးတော့ ကျနော်တို့ လက်ပစ်ဗုံးနဲ့ ဝင်ပြီး ပစ်ခဲ့တာပါ။ အဲ့မှာ ကင်းစောင့်နေတဲ့ တပ်သား အင်အားအရေအတွက် ကျနော်တို့ မသိဘူး၊ ဒါပေမယ့် ကျနော်တို့ ပစ်လိုက်တဲ့ လက်ပစ်ဗုံးကြောင့်ပေါ့နော် ကင်းစောင့်နေတဲ့ စကစတပ်သား ၂ဦး ထိခိုက် ဒဏ်ရာရသွားတယ်၊ တစ်ယောက်ကတော့ တော်တော်ပြင်းပြင်းထန်ထန်ရသွားတယ်ဗျဟုတ် ဆွဲပြီးတော့ ဒီကားအောက်ကို ဝင်သွားတာတွေ့ရပါတယ်ခင်ဗျ။”

ဒီတကြိမ်နဲ့ပါဆိုရင် မြို့ပြပျောက်ကျား တိုက်ခိုက်နေတ ၇ ကြိမ်ထက်မနည်း ရှိသွားပြီလို့လည်း ပြောပါတယ်။ နောက်ထပ်လည်း တိုက်ခိုက်မှုတွေ တိုးမြှင့်ဖို့ ပြင်ဆင်ထားတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့တွေရှိရာ နေရာတွေကို အရပ်သားတွေ သွားလာမှုတွေ မလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

“ကျနော်တို့ MBT တပ်ဖွဲ့အနေနဲ့ပေါ့နော် ဒီ လက်နက်ခဲယမ်းတောင့်တင်းလာတာနဲ့အမျှ ကျနော်တို့ မြို့သိမ်းတိုက်ပွဲတွေကို ဖော်ဆောင်သွားဖို့ရှိတယ်။ စခန်းတိုက်ပွဲတွေကို ဖော်ဆောင်သွားဖို့ ရှိတယ်။ ဒီလိုအခြေအနေတွေကပေါ့နော် အချိန်နဲ့အမျှပေါ့နော်၊ ဘယ်အချိန်မှာလို့ မပြောနိုင်တာတခုပဲ။ အချိန်မရွေးဖြစ်သွားနိုင်တဲ့ အနေအထားတခုမှာ ဒါကြောင့်မို့လို့ မိဘပြည်သူအနေနဲ့ပေါ့နော် စစ်အုပ်စုနဲ့ပေါ့နာ် ဝေးကွာတဲ့နေရာပေါ့နော် ဒါမှမဟုတ် ကျနော်တို့ လုံးဝရှောင်လွှဲလို့ဘူးဆိုရင်တောင်မှပေါ့နော် စစ်အုပ်စု အထိုင်ချတဲ့ စခန်းတွေ အဆောက်အဦးတွေ ဒီနေရာတွေမှာ အထူးသဖြင့် သွားလာခြင်းမပြုလုပ်ဖို့ ကျနော်တို့ဘက်က အကြံပေးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့အနေနဲ့ စစ်ရေးအရပေါ့နော်၊ သာရင်သာတဲ့အချိန် လစ်ရင်လစ်တဲ့အချိန်ပေါ့နော် အခွင့်အရေးရရင်ရတဲ့အချိန် ကျနော်တို့က ဝင်လုပ်မှာပဲ။”

မြင်းခြံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ုပြန်ချက်ရရှိဖို့ မန္တလေးတိုင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အခမ်းအနားတခုတက်ရောက်နေတာလို့ တုံ့ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG