သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့ ရာသီဥတု ထိန်းသိမ်းရေး သဘောတူညီ ချက် ရဖို့ ကြိုးပမ်းနေ


ညီလာခံတက်ရောက်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ။ (ဒီဇင်ဘာ ၁၂၊ ၁၂၊ ၂၀၁၅)

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲလာမှု ကာကွယ်ရေး ပြင်သစ်နိုင်ငံ ပါရီမြို့တော် မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ညီလာခံကြီးမှာ ကမ္ဘာကြီး ပူနွေးလာမှု အရှိန်နှေး သွားစေအောင်ဆောင်ရွက်မယ့် သဘောတူညီချက် မူကြမ်းကို အတည်ပြုနိုင်ဖို့ ကိုယ်စားလှယ်တွေ အားထုတ်နေကြပါတယ်။ သီတင်း ၂ပါတ်ကြာ ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီးနောက် သဘောတူနိုင်ခဲ့တဲ့ မူကြမ်း ကို စနေနေ့ မနက်ပိုင်းမှာ ထုတ်ပြန်နိုင်ခဲ့ ပါတယ်။

ဒီမူကြမ်းထဲမှာ ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီ Celsius ထက် မကျော်အောင်၊ ဖြစ်နိုင်ရင် ၁.၅ ဒီဂရီ Celsius အောက်မှာ ထားနိုင်ဖို့ အဆိုပြု ချက် ပါဝင်တယ် လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius ကပြောပြီး သဘောတူညီမှုဟာ သမိုင်းဝင် အချိုးအကွေ့တခုဖြစ်မယ်လို့ ဆိုခဲ့ပါတယ်။

ဒီသဘောတူချက် မူကြမ်းကို အတည်ပြုနိုင်ဖို့ နိုင်ငံပေါင်း ၁၉၀ ကျော် က ကိုယ်စားလှယ်တွေ အခုဆက်ပြီး ဆွေးနွေးနေကြတာပါ။ ကမ္ဘာ့ အကျိုးစီးပွား ကို ရှေ့ရှုပြီး ညီညီညွတ်ညွတ် ဆောင်ရွက်တာက ကိုယ့်နိုင်ငံတွေ အတွက် အကျိုးများစေတယ်ဆိုတာ ပြသဖို့အချိန်ရောက်နေပြီ လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆွေးနွေးမှုတွေ မစခင်မှာ ပြောကြားခဲ့ပါတယ်။

မဖြစ်မနေလိုက်နာရမယ့် သဘောတူညီချက်အရ ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ဖို့ နိုင်ငံတွေရဲ့ အစီအစဉ်ကို နောင် ၅ နှစ်တကြိမ် ပြန်လည် သုံးသပ်မှာဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကမ္ဘာကြီးပူနွေးလာမှု လျှော့ချနိုင်ရေး
ဆောင်ရွက်မှုတွေအတွက် ရန်ပုံငွေ ၁ နှစ်ကို ဒေါ်လာ ဘီလျံ ၁၀၀
ထက်မနည်းသတ်မှတ်ဖို့လဲ သဘောတူချက် မူကြမ်းထဲမှာ ပါတယ်လို့ ပြင်သစ်
နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

တကယ်လို့သာ အတည်ပြုနိုင်မယ်ဆိုရင် ကမ္ဘာကြီး ပူနွေးစေတဲ့ ဖန်လုံ အိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုလျှောချနိုင်ဖို့ ဆယ်စုနှစ်နဲ့ချီ အားထုတ်နေတဲ့ အားထုတ်မှုအတွက် ထူးခြားတဲ့ တိုးတက်မှုတခုအဖြစ် မှတ်ယူနိုင်ပါတယ်။ ကမ္ဘာ့ရာသီဥတုဟာ
စိုးရိမ်စရာကောင်းတဲ့ အရှိန်နဲ့ မြင့်တက်နေတယ်လို့ သိပ္ပံပညာရှင်တွေက
သတိပေးနေကြတာဖြစ်ပါတယ်။ ချမ်းသာတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရဲ့ အကျိုးစီးပွားကို ချိန်ခွင်လျှာညှိပြီး သဘောတူညီချက် မူကြမ်းကို ပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG