သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲဝင် ပထမဆုံး မြန်မာအသင်း

ၤၤFirst Global Challenge စက်ရုပ်ပြိုင်ပွဲဝင် မြန်မာအသင်း။
ၤၤFirst Global Challenge စက်ရုပ်ပြိုင်ပွဲဝင် မြန်မာအသင်း။

Robotic Technology လို့ခေါ်တဲ့ စက်ရုပ်ဆိုင်ရာ နည်းပညာဟာ ကမ္ဘာပေါ်က ဖွံ့ဖြိုးပြီးနိုင်ငံ အတော်များများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ နှစ်အတော်ကြာပြီဖြစ်ပေမဲ့လဲ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတခုမှာတော့ အခုမှ စပြီး လေ့လာဖို့ အခွင့်အလန်းရလာကြတာပါ။ မြန်မာနိုင်ငံမှာ ဒီနည်းပညာကို လေ့လာနေတဲ့ လက်ရှိအခြေအနေ၊ ရှေ့အလားအလာ စတာတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာလုပ်တဲ့ 2017 First Global Challenge နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲဝင် မြန်မာအသင်းရဲ့ အဖွဲ့ဝင်တဦးဖြစ်သူ အသက် ၁၉ နှစ်အရွယ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ Mechatronics ဘာသာရပ် တတိယနှစ်ကျောင်းသား ကိုဖုန်းသီဟကျော်ကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ တင်ဆက်ထားပါတယ်။

နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲဝင် ပထမဆုံး မြန်မာအသင်း
please wait

No media source currently available

0:00 0:07:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG