သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ IS တိုက်ခိုက်မှု ပထမဆုံးအကြိမ် ဖြစ်ပွား


လက်ပစ်ဗုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော ကွာလာလမ်ပူ မြို့ပြင်ရှိ The Movida ဘားကို ဂျွန်လ ၂၈ရက်နေ့ က တွေ့ရစဉ်။ (ဓါတ်ပုံ - REUTERS)
လက်ပစ်ဗုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော ကွာလာလမ်ပူ မြို့ပြင်ရှိ The Movida ဘားကို ဂျွန်လ ၂၈ရက်နေ့ က တွေ့ရစဉ်။ (ဓါတ်ပုံ - REUTERS)

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပါတ်က နိုက်ကလပ် တခုမှာ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရမှုဟာ IS စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်တယ်လို့ မလေးရှား အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ပါတ်သက်လို့ ဖမ်းဆီးခံထားရသူ ၂ ယောက်ကို တိုက်ရိုက် ညွှန်ကြားမှုတွေ ပေးသူဟာ မလေးရှား IS တိုက်ခိုက်ရေးသမားလို့ သိကြသူ Muhammad Wanndy Mohamed Jedi ဖြစ်တယ်လို့ ရဲချုပ် Khalid Abu Bakar က တနင်္လာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မလေးရှားမြေပေါ်မှာ တိုက်ခိုက်ဖို့ IS စစ်သွေးကြွတွေ ကြိုးစားနေတာ ၉ ကြိမ်မြောက် ရှိခဲ့ပြီး အခု တခေါက်ကတော့ IS တွေဖက်က ပထမဆုံး အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့ပုံရတယ်လို့ မလေးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

ကွာလာလမ်ပူ မြို့တော် အနီးရှိ Puchong မြို့က Movida Nightclub မှာ ဂျွန်လ ၂၈ ရက်နေ့ ညတုန်းက ဥရောပဖလား ဘောလုံးဗိုလ်လုပွဲ တိုက်ရိုက် ပြသမှုကို ပရိသတ်တွေ ကြည့်နေကြစဉ် တိုက်ခိုက်ခံခဲ့ရတာပါ။

သေဆုံးသူ မရှိခဲ့ပေမဲ့ ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှုနဲ့ တိုက်ရိုက် ဆက်နွယ်နေသူ ၂ ယောက်ကိုလဲ ရဲကဆက်ပြီး ရှာဖွေနေပါတယ်။ ဖမ်းမိထားတဲ့ ၁၅ ယောက်ထဲမှာ ရာထူးငယ်တဲ့ ရဲအရာရှိ ၂ ယောက်လဲ ပါဝင်ပါတယ်။

လူဆိုး ဂိုဏ်းတွေကြား ဒါမှမဟုတ် စီပွားရေး ရန်လိုမှုကြောင့် တိုက်ခိုက်တာလို့ ရဲက အစပိုင်းမှာ ထင်ခဲ့ပေမဲ့ ၊ IS အဖွဲ့က သူ့ရဲ့ Facebook မှာ တိုက်ခိုက်မှှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပြီးနောက်၊ စုံစမ်းစစ်ဆေးမှုကို IS ဘက်ကို အာရုံပြောင်းခဲ့တာ ဖြစ်တယ်လို့ ရဲကပြောပါတယ်။

IS စစ်သွေးကြွအဖွဲ့ က မကြာခင်ကပဲ ထုတ်ပြန်ခဲ့တဲ့ အရှေ့တောင်အာရှက IS တိုက်ခိုက်ရေး သမားတွေအကြောင်း Video တခုမှာတော့ IS အပေါ် ထောက်ခံကြ သူတွေကို အိမ်ပြင် မထွက်ကြဖို့ နဲ့၊ IS အဖွဲ့ကြီး အောက်မှာ စည်းစည်းလုံးလုံး နဲ့ ဒေသတွင်း တိုက်ခိုက်မှုတွေ ဆက်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

မလေးရှားမှာ IS တိုက်ခိုက်မှု ပထမဆုံးအကြိမ် ဖြစ်ပွား
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG