သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် Louisville မြို့ ပစ်ခတ်မှု လူ ၅ ဦး သေဆုံး


ကင်တာကီပြည်နယ် လူးဝစ်ဗေးမြို့လည် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီး ကင်တာကီပြည်နယ်အုပ်ချုပ်ရေးမှူး Andy Beshear ရဲတပ်ဖွဲ့ဝင်တွေကို စကားပြောဆိုနေစဉ် (ဧပြီ ၁၀၊ ၂၀၂၃)
ကင်တာကီပြည်နယ် လူးဝစ်ဗေးမြို့လည် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီး ကင်တာကီပြည်နယ်အုပ်ချုပ်ရေးမှူး Andy Beshear ရဲတပ်ဖွဲ့ဝင်တွေကို စကားပြောဆိုနေစဉ် (ဧပြီ ၁၀၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စု ကန်တာကီပြည်နယ် လူးဝီဗေးလ်မြို့ (Louisville)လည် ဘဏ်တခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးသွားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ( ပြီးခဲ့တဲ့ နာရီပိုင်း) ဒေသစံတော်ချိန် တနင်္လာမနက် ၈ နာရီလောက်က Old National ဘဏ် ပစ်ခတ်မှုအတွင်း ရဲအရာရှိတဦး အပါအဝင် လူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့ရတာပါ။

လူတွေ အဲဒီနေရာကို ရှောင်ကွင်းသွားလာ ကြဖို့လည်း ရဲက သတိပေးခဲ့ပါတယ်။ “ထိခိုက်သူများပြားပါတယ်၊ တိုက်ခိုက်သူ မမိသေးပါလို့ ရဲက တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ အစမှာရေးပြီး နောက်တော့ တိုက်ခိုက်သူ သေဆုံးသွားကြောင်း ရေးထားပါတယ်။ အခင်းဖြစ်ပွားနေတဲ့နေရာမှာ ရဲကားတွေရောက်ရှိ ဝိုင်းထားတာကို ရုပ်မြင်သံကြား သတင်းတွေမှာ တွေ့ရပါတယ်။ ဧပြီလ စကတည်းကဆိုရင် ၁၀ ရက်အတွင်း အမေရိကန် ပြည်ထောင်စုမှာ လူအများကိုပစ်ခတ်မှု ၁၅ ခု ရှိသွားပြီလို့ သေနတ်နဲ့ အကြမ်းဖတ်မှု မှတ်တမ်းဌာန စာရင်းမှာ တွေ့နိုင်ပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ လူအများကို ပစ်ခတ်မှုပေါင်း ဒီနှစ်အတွင်းမှာတင် ၁၄၆ ခု ရှိသွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG