သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nashville ခရစ်ယာန်ကျောင်းပစ်ခတ်မှု ကလေး ၃ ဦး၊ လူကြီး ၃ ဦး သေဆုံး


APTOPIX Nashville School Shooting
APTOPIX Nashville School Shooting

{{Zawgyi/Unicode}}

Tennessee ပြည်နယ် Nashville က ပုဂ္ဂလိက ခရစ်ယာန်ကွန်ဗင့် ကျောင်းမှာ တနင်္လာနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၆ ဦး သေဆုံးခဲ့ပြီးအဲထဲမှာ ကလေးသုံးဦးပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ ၁၄ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း သံသယတရားခံ အမျိုးသမီးလည်းသေဆုံးခဲ့ပါတယ်။ ဘုရားကျောင်းက ဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်လို့ ကျောင်းထဲမှာ ရဲအစောင့်အရှောက်မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သေနတ်သမားသမားဟာ အသက် ၂၈ နှစ်အရွယ်ရှိပြီး Nashville ဒေသခံလို့ ပြောပါတယ်။ သူဟာ ချေမှုန်းရေး ရိုင်ဖယ်သေနတ်နှစ်လက်နဲ့ ပစ္စတိုတစ်လက် ကိုင်ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သေနတ်ပစ်ခတ်ရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ ဒီကျောင်းမှာ မူကြိုကနေ ဆဋ္ဌမတန်းအထိ ကျောင်းသား ၂၀၀ လောက် ရှိနေတာပါ။ အမေရိကားမှာ အခုနှစ်ပိုင်း ကျောင်းတွင်း သေနတ်ပစ်ခတ်မှုတွေ တိုးမြင့်နေလို့ နိုင်ငံတဝှမ်းမှာ လူအများ စိုးရိမ်နေချိန်မှာ အခု ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။

Nashville ပစ်ခတ်မှုအပြီးမှာ တိုက်ခိုက်ရေး လက်နက်တားမြစ်ချက်ကို အတည်ပြုဖို့ သမ္မတဂျိုးဘိုင်ဒန်က လွှတ်တော်ကို ထပ်မံတောင်းဆိုခဲ့ပါတယ်။

"ဒါဟာ ကြေကွဲစရာဖြစ်ပြီး မိသားစုတွေအတွက် အိပ်မက်ဆိုးတခုလိုပါပဲ" လို့ သမ္မတဘိုင်ဒန်ကပြောခဲ့ပြီး သမ္မတကတော်ကလည်း ကလေးတွေဟာ ဒီထက်ပို ထိုက်ထိုက်တန်တန် အကာအကွယ်ပေးနိုင်ခဲ့သင့်တယ်လို့ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==========

{{Unicode}}







ဆက်စပ်သတင်းများ ...

XS
SM
MD
LG