Uvalde ေက်ာင္းပစ္ခတ္မႈ မ်က္ျမင္ေက်ာင္းသူေလးတဦးရဲ႕အေတြ႕အၾကံဳ
{{Zawgyi/Unicode}}
အေမရိကန္ျပည္ေထာင္စု၊ တကၠဆတ္ျပည္နယ္ Uvalde ၿမိဳ႔ မူလတန္းေက်ာင္း ပစ္ခတ္မႈကေန လြတ္ေျမာက္ခဲ့တဲ့ အသက္ (၁၁) ႏွစ္အရြယ္ ေလးတန္း ေက်ာင္းသူတေယာက္ကသူ႔အေတြ႔အႀကဳံကို ကြန္ဂရက္လႊတ္ေတာ္ေရွ႔မွာ ဗုဒၶဟူးေန႔က ထြက္ဆိုခဲ့ပါတယ္။
“ ေသနတ္သမားက good night လို႔ေျပာၿပီး က်မ ဆရာမရဲ ေခါင္းကိုပစ္ပါတယ္။ အတန္းေဖာ္တခ်ိဳ႔နဲ႔ သင္ပုန္းကိုလည္း ပစ္သြားတာပါ။ ေက်ာပိုးအိတ္ေတြထားတဲ့ေနရာဆီက်မသြားတဲ့အခါ လွမ္းပစ္တဲ့အတြက္ က်မေဘးက သူငယ္ခ်င္းကိုထိသြြားပါတယ္ “ လို႔ Miah Cerrillo ကသူ႔အေတြ႔အႀကဳံကို ေျပာျပသြားတာပါ။
ေသနတ္သမားျပန္ေရာက္လာမယ္လို႔ထင္တဲ့အတြက္ ဆုံးသြားတဲ့ အတန္းေဖာ္ရဲ ႔ေသြးေတြ သူ႔ကိုယ္မွာလူးၿပီး ေသခ်င္ေယာင္ေဆာင္ခဲ့တယ္လို႔ လည္းေျပာပါတယ္။ ေနာက္မွ 911 ကိုဖုန္းေခၚၿပီး အကူအညီေတာင္းခဲ့တယ္လို႔လည္း Robb Elementary ေက်ာင္းသူ Cerrillo က ဗြီဒီယိုကတဆင့္ လႊတ္ေတာ္ၾကားနာပြဲမွာ ထြက္ဆိုသြားတာပါ။ ေက်ာင္းတက္ရတာ လုံၿခဳံတယ္လို႔မခံစားရဘူးလို႔လည္း Cerrillo က ေျပာပါတယ္။
ေက်ာင္းသူေလးရဲ ႔အေဖျဖစ္သူ Miguel Cerillo ကလည္း ပစ္ခတ္မႈျဖစ္ၿပီးေနာက္ပုိင္း သူ႔သမီးေလး ေျပာင္းလဲသြားတယ္လို႔ လႊတ္ေတာ္ေရွ ႔မွာထြက္ဆိုခဲ့ပါတယ္။ စာသင္ေက်ာင္းေတြမွာ လုံၿခဳံမႈမရွိတဲ့အတြက္ အေျပာင္းအလဲလုပ္ဖို႔လည္း Miguel Cerillo က တုိက္တြန္းေတာင္းဆိုသြားပါတယ္။
အေမရိကန္မွာ ေသနတ္ကိုင္အၾကမ္းဖက္မႈဆက္တုိက္ဆိုသလိုေပၚေပါက္ေနၿပီး ေသဆုံးမႈေတြတိုးလာေနတဲ့အတြက္ လႊတ္ေတာ္အမတ္ေတြအေနနဲ႔ တခုခုလုပ္ကုိင္ေပးဖို႔ Buffalo နဲ႔ Uvalde ၿမိဳ ႔ပစ္ခတ္မႈနဲ႔ ႀကဳံခဲ့ရသူေတြရဲ ႔မိသားစု၀င္ေတြက လြႊတ္ေတာ္ၾကားနာပြဲမွာ ဒုတိယေန႔အျဖစ္လာေရာက္ထြက္ဆိုေနတာလည္းျဖစ္ပါတယ္။
.....................................................
Uvalde ကျောင်းပစ်ခတ်မှု မျက်မြင်ကျောင်းသူလေးတဦးရဲ့အတွေ့အကြုံ
{{Zawgyi/Unicode}}
အမေရိကန်ပြည်ထောင်စု၊ တက္ကဆတ်ပြည်နယ် Uvalde မြို့ မူလတန်းကျောင်း ပစ်ခတ်မှုကနေ လွတ်မြောက်ခဲ့တဲ့ အသက် (၁၁) နှစ်အရွယ် လေးတန်း ကျောင်းသူတယောက်ကသူ့အတွေ့အကြုံကို ကွန်ဂရက်လွှတ်တော်ရှေ့မှာ ဗုဒ္ဓဟူးနေ့က ထွက်ဆိုခဲ့ပါတယ်။
“ သေနတ်သမားက good night လို့ပြောပြီး ကျမ ဆရာမရဲ ခေါင်းကိုပစ်ပါတယ်။ အတန်းဖော်တချို့နဲ့ သင်ပုန်းကိုလည်း ပစ်သွားတာပါ။ ကျောပိုးအိတ်တွေထားတဲ့နေရာဆီကျမသွားတဲ့အခါ လှမ်းပစ်တဲ့အတွက် ကျမဘေးက သူငယ်ချင်းကိုထိသွားပါတယ် “ လို့ Miah Cerrillo ကသူ့အတွေ့အကြုံကို ပြောပြသွားတာပါ။
သေနတ်သမားပြန်ရောက်လာမယ်လို့ထင်တဲ့အတွက် ဆုံးသွားတဲ့ အတန်းဖော်ရဲ့သွေးတွေ သူ့ကိုယ်မှာလူးပြီး သေချင်ယောင်ဆောင်ခဲ့တယ်လို့ လည်းပြောပါတယ်။ နောက်မှ 911 ကိုဖုန်းခေါ်ပြီး အကူအညီတောင်းခဲ့တယ်လို့လည်း Robb Elementary ကျောင်းသူ Cerrillo က ဗွီဒီယိုကတဆင့် လွှတ်တော်ကြားနာပွဲမှာ ထွက်ဆိုသွားတာပါ။ ကျောင်းတက်ရတာ လုံခြုံတယ်လို့မခံစားရဘူးလို့လည်း Cerrillo က ပြောပါတယ်။
ကျောင်းသူလေးရဲ့အဖေဖြစ်သူ Miguel Cerillo ကလည်း ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း သူ့သမီးလေး ပြောင်းလဲသွားတယ်လို့ လွှတ်တော်ရှေ့မှာထွက်ဆိုခဲ့ပါတယ်။ စာသင်ကျောင်းတွေမှာ လုံခြုံမှုမရှိတဲ့အတွက် အပြောင်းအလဲလုပ်ဖို့လည်း Miguel Cerillo က တိုက်တွန်းတောင်းဆိုသွားပါတယ်။
အမေရိကန်မှာ သေနတ်ကိုင်အကြမ်းဖက်မှုဆက်တိုက်ဆိုသလိုပေါ်ပေါက်နေပြီး သေဆုံးမှုတွေတိုးလာနေတဲ့အတွက် လွှတ်တော်အမတ်တွေအနေနဲ့ တခုခုလုပ်ကိုင်ပေးဖို့ Buffalo နဲ့ Uvalde မြို့ပစ်ခတ်မှုနဲ့ ကြုံခဲ့ရသူတွေရဲ့မိသားစုဝင်တွေက လွှတ်တော်ကြားနာပွဲမှာ ဒုတိယနေ့အဖြစ်လာရောက်ထွက်ဆိုနေတာလည်းဖြစ်ပါတယ်။