သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ကိုင်အကြမ်းဖက်မှု ဆန့်ကျင်ရေး အမေရိကန်မြို့ကြီးတွေမှာ စုဝေးဆန္ဒပြ 


People participate in the 'March for Our Lives' rally against gun violence
People participate in the 'March for Our Lives' rally against gun violence

တက္ကဆက်ပြည်နယ် မူလတန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးခဲ့ရပြီးနောက် သေနတ်ကိုင် အကြမ်းဖက်မှုတွေ လျှော့ချနိုင်ရေး ရည်ရွယ်တဲ့ ဥပဒေကို လွှတ်တော် အမတ်တွေဘက်က အတည်ပြုကြဖို့ တောင်းဆိုတဲ့ အနေနဲ့ မြို့တော် ဝါရှင်တန်ဒီစီ အပါအဝင် နိုင်ငံတဝန်းမှာ စနေနေ့က လူပေါင်း ရာချီ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ 

သေနတ်ကိုင်အကြမ်းဖက်မှု ဆန့်ကျင်ရေး အမေရိကန်မြို့ကြီးတွေမှာ စုဝေးဆန္ဒပြ

{{Zawgyi/Unicode}}
တက္ကဆက်ပြည်နယ် မူလတန်းကျောင်းမှာ ပြီးခဲ့တဲ့လက သေနတ်ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးခဲ့ရပြီးနောက် သေနတ်ကိုင် အကြမ်းဖက်မှုတွေ လျှော့ချနိုင်ရေး ရည်ရွယ်တဲ့ ဥပဒေကို လွှတ်တော် အမတ်တွေဘက်က အတည်ပြုကြဖို့ တောင်းဆိုတဲ့ အနေနဲ့ မြို့တော် ဝါရှင်တန်ဒီစီ အပါအဝင် နိုင်ငံတဝန်းမှာ စနေနေ့က ထောင်သောင်းချီ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဖလော်ရီဒါ ပြည်နယ် Parkland အထက်တန်းကျောင်းမှာ ၂၀၁၈ ခုနှစ်က သေနတ်ပစ်ခတ်မှုအတွင်း အသက်ရှင် လွတ်မြောက်ခဲ့သူ ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ သေနတ် အန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှု အဖွဲ့ March for Our Lives – MFOL က စနေနေ့ချီ တက်ပွဲကို စီစဉ်တာ ဖြစ်ပါတယ်။ မြို့တော် ဝါရှင်တန် ဒီစီမှာတော့ မိုးဖွဲဖွဲ ကျနေတဲ့ ကြားကဘဲ လွှတ်တော်အနီး ဝန်းကျင် National Mall မှာ လူပေါင်း ထောင်သောင်ချီ ချီတက်ခဲ့ကြပါတယ်။

စိုးရိမ်ကြောက်ရွံ့မှုနဲ့ နေထိုင်နေကြရတဲ့ နိုင်ငံတဝန်းက ကလေးငယ်တွေနဲ့ လူငယ်တွေနဲ့ သွေးစည်းညီညွတ်စွာ ရပ်တည်တယ်ဆိုတာကို ပြသဖို့က သိပ်ကို အရေးကြီးပါတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ Starsky Wilson က ဗွီအိုအေကို ပြောဆိုခဲ့တာပါ။

တိုက်ခိုက်ရေးသုံး လက်နက်တွေကို တားမြစ်ရေး၊ နောက်ကြောင်းရာဇဝင် စစ်ဆေးမှုကို တိုးချဲ့ ဆောင်ရွက်ဖို့နဲ့ သေနတ် ထိန်းချုပ်ရေး ဆောင်ရွက်ကြဖို့ ဒီလ အစောပိုင်းမှာ လွှတ်တော်ကို တိုက်တွန်းထားတဲ့ အမေရိကန် သမ္မတ Joe Biedn ကလည်း စနေနေ့က ဆန္ဒပြပွဲကို ထောက်ခံထားပါတယ်။

အမေရိကန် အထက်လွှတ်တော်မှာ သေနတ် ထိန်းချုပ်ရေး အတည်ပြုမယ့် အရေးကို ရီပတ်ပလီကန် အတိုက်အခံတွေက တာဆီးထားပေမယ့်လည်း လွှတ်တော် အနေနဲ့ ဥပဒေပြုရေး ဆောင်ရွက်ကြရေး တိုက်တွန်း တောင်းဆိုတဲ့ ၂၀၁၈ ခုနှစ်က March for Our Lives – MFOL အဖွဲ့ရဲ့ ဝါရှင်တန်က ချီတက်ပွဲမှာလည်း လူပေါင်း သိန်းချီ တက်ရောက်ခဲ့ကြပါတယ်။ ဖလော်ရီဒါ ပြည်နယ် Parkland က Marjory Stoneman Douglas အထက်တန်းကျောင်းမှာ ပစ်ခတ်ခံရမှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပြီးနောက် သီတင်းပတ်တွေ အတွင်းမှာ ချီတက် တောင်းဆိုပွဲ လုပ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

..........................................................


{{Zawgyi/Unicode}}






XS
SM
MD
LG