(Zawgyi/ Unicode)
အေမရိကန္ျပည္ေထာင္စုမွာ လူအစုလိုက္ ေသနတ္နဲ႔ပစ္သတ္ခံရမႈ ပိုဆိုးဆိုးဝါးဝါး ၾကံဳလာေနရတာေၾကာင့္ ေသနတ္ေရာင္းခ်မႈ ကန္႔သတ္တားျမစ္တာကို ဆန္႔က်င္သူေတြေတာင္ ဒီအျဖစ္ဆိုးေတြ ျဖစ္မလာေအာင္ တားဆီးဖို႔ လက္ေတြ႕က်က် ေတြးလာၾကၿပီလို႔ သမၼတဂ်ိဳးဘိုင္ဒန္က တနလၤာေန႔မွာ ေျပာပါတယ္။
တကၠဆက္မွာ ၿပီးခဲ့တဲ့သီတင္းပတ္ထဲ ေက်ာင္းသား ၁၉ ေယာက္နဲ႔ ဆရာမ ၂ ေယာက္ ေသနတ္နဲ႔ အပစ္ခတ္ခံရၿပီး ေသဆံုးခဲ့ရတဲ့ ယူဗဲလ္ဒီ က မူလတန္းေက်ာင္းေလးကို တနဂၤေႏြေန႔မွာ သြားေရာက္ခဲ့တဲ့ သမၼတဘိုင္ဒန္က ေသနတ္ကိုင္ေဆာင္မႈ ထိန္းခ်ဳပ္ေရးဆိုင္ရာ ဥပေဒခ်မွတ္ေရး ကြန္ဂရက္လႊတ္ေတာ္ကို ထပ္မံ ဖိအားေပးေနတာ ျဖစ္ပါတယ္။ ေသနတ္ဝယ္ယူသူေတြ အတြက္ ေနာက္ခံရာဇဝင္စစ္ေဆးမႈ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ၿပီးမွ ေရာင္းခ်ဖု႔ို ျဖစ္ပါတယ္။
ေသနတ္ဝယ္ယူ ကိုင္ေဆာင္မႈ တင္းတင္းၾကပ္ၾကပ္ လုပ္ေဆာင္ဖို႔ ဖိအားေပးေနတဲ့ ဒီမိုကရက္တစ္ပါတီက အေရးပါတဲ့ အထက္လႊတ္ေတာ္ အမတ္ေတြကေတာ့ အရင္တုန္းက ဒီကိစၥကို ပံုမွန္ ျငင္းပယ္ေလ့ရွိတဲ့ ရီပတ္ဘလစ္ကင္ ပါတီက အမတ္ေတြေတာင္ ဒီကိစၥလႊတ္ေတာ္မွာ အတည္ျပဳႏိုင္ေအာင္ ဘယ္လိုလုပ္ေဆာင္မႈ အသစ္မ်ိဳး ခ်မွတ္ဖို႔လိုမယ္ ဆိုတာကို ေသေသခ်ာခ်ာ ေဆြးေႏြး လာေနၿပီျဖစ္တဲ့အတြက္ အေျပာင္းအလဲ ျဖစ္လာႏိုင္တယ္လို႔ ေျပာၾကပါတယ္။
အရင္တုန္းက ဘယ္လိုပဲ ဆိုးဝါးတဲ့ လူအစုလိုက္ ပစ္ခတ္သတ္ျဖတ္မႈ ျဖစ္ပြါးေနပါေစ ဝမ္းနည္းေၾကကြဲေၾကာင္း ေျပာၿပီး ေနာက္ထပ္ဒါမ်ိဳးမၾကံဳရေအာင္ ဘာမွဆက္လုပ္ေလ့မရွိေပမယ့္ အခုေတာ့ အားလံုးခ်င့္ခ်င့္ခ်ိန္ခ်ိန္ စဥ္းစားလာေနၾကၿပီလို႔ သမၼတဘိုင္ဒန္က ေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ တခ်ိဳ႕လက္နက္ေတြအတြက္ အေရာင္းအဝယ္ လုပ္မႈကို ၁၉၉၄ ခုကေန ၂၀၀၄ ခုႏွစ္အတြင္း တားျမစ္ခဲ့ေပမယ့္ လႊတ္ေတာ္က ေနာက္ထပ္ သက္တမ္းတိုးဖို႔ တားျမစ္ခဲ့တာ ျဖစ္ၿပီး သမၼတဘိုင္ဒန္ကေတာ့ တားျမစ္ဖို႔လုပ္လာႏိုင္ပါတယ္။
(Unicode)
သေနတ်ထိန်းချုပ်ရေး ယခင်ဆန့်ကျင်ခဲ့သူများပါ လိုလားလာကြ (သမ္မတ Biden)
အမေရိကန်ပြည်ထောင်စုမှာ လူအစုလိုက် သေနတ်နဲ့ပစ်သတ်ခံရမှု ပိုဆိုးဆိုးဝါးဝါး ကြုံလာနေရတာကြောင့် သေနတ်ရောင်းချမှု ကန့်သတ်တားမြစ်တာကို ဆန့်ကျင်သူတွေတောင် ဒီအဖြစ်ဆိုးတွေ ဖြစ်မလာအောင် တားဆီးဖို့ လက်တွေ့ကျကျ တွေးလာကြပြီလို့ သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ ပြောပါတယ်။
တက္ကဆက်မှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ ကျောင်းသား ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက် သေနတ်နဲ့ အပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတဲ့ ယူဗဲလ်ဒီ က မူလတန်းကျောင်းလေးကို တနင်္ဂနွေနေ့မှာ သွားရောက်ခဲ့တဲ့ သမ္မတဘိုင်ဒန်က သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေချမှတ်ရေး ကွန်ဂရက်လွှတ်တော်ကို ထပ်မံ ဖိအားပေးနေတာ ဖြစ်ပါတယ်။ သေနတ်ဝယ်ယူသူတွေ အတွက် နောက်ခံရာဇဝင်စစ်ဆေးမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ပြီးမှ ရောင်းချဖု့ို ဖြစ်ပါတယ်။
သေနတ်ဝယ်ယူ ကိုင်ဆောင်မှု တင်းတင်းကြပ်ကြပ် လုပ်ဆောင်ဖို့ ဖိအားပေးနေတဲ့ ဒီမိုကရက်တစ်ပါတီက အရေးပါတဲ့ အထက်လွှတ်တော် အမတ်တွေကတော့ အရင်တုန်းက ဒီကိစ္စကို ပုံမှန် ငြင်းပယ်လေ့ရှိတဲ့ ရီပတ်ဘလစ်ကင် ပါတီက အမတ်တွေတောင် ဒီကိစ္စလွှတ်တော်မှာ အတည်ပြုနိုင်အောင် ဘယ်လိုလုပ်ဆောင်မှု အသစ်မျိုး ချမှတ်ဖို့လိုမယ် ဆိုတာကို သေသေချာချာ ဆွေးနွေး လာနေပြီဖြစ်တဲ့အတွက် အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ပြောကြပါတယ်။
အရင်တုန်းက ဘယ်လိုပဲ ဆိုးဝါးတဲ့ လူအစုလိုက် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွါးနေပါစေ ဝမ်းနည်းကြေကွဲကြောင်း ပြောပြီး နောက်ထပ်ဒါမျိုးမကြုံရအောင် ဘာမှဆက်လုပ်လေ့မရှိပေမယ့် အခုတော့ အားလုံးချင့်ချင့်ချိန်ချိန် စဉ်းစားလာနေကြပြီလို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တချို့လက်နက်တွေအတွက် အရောင်းအဝယ် လုပ်မှုကို ၁၉၉၄ ခုကနေ ၂၀၀၄ ခုနှစ်အတွင်း တားမြစ်ခဲ့ပေမယ့် လွှတ်တော်က နောက်ထပ် သက်တမ်းတိုးဖို့ တားမြစ်ခဲ့တာ ဖြစ်ပြီး သမ္မတဘိုင်ဒန်ကတော့ တားမြစ်ဖို့လုပ်လာနိုင်ပါတယ်။