သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသံရုံးများ နေပြည်တော်ပြောင်းရေး ညှိနှိုင်းဆောင်ရွက်နေဆဲ


နေပြည်တော် အစိုးရရုံးများ
နေပြည်တော် အစိုးရရုံးများ

မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံတကာသံရုံးတွေကို နှစ် ၉၀ ကြာမြေနေရာဌားရမ်းမှုနဲ့ နေပြည်တော် သံတမန် ဇုံမှာဌားရမ်းသွားဖို့ရှိပါတယ်။ အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က မြေကွက် ၅ကွက် အထိရယူထားပြီး မလေးရှား၊ ဘင်္ဂလားဒေရှ့်၊ ဘရူနိုင်းတို့လို အာဆီယံနိုင်ငံတွေ လည်းမြေနေရာ ရယူထားနေပြီလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ကဆိုပါတယ်။ ပြောင်းရွှေ့မှုနဲ့ ပတ်သတ်လို့ အစိုးရနဲ့ သံတမန်တွေ တွေ့ဆုံဆွေး နွေးပွဲတခု လုပ်ဖို့ စီစဉ်နေတာလည်း ရှိပါတယ်။ ပြောင်းရွှွှေမယ့် အစီအစဉ်တွေနဲ့ပတ်သတ်လို့ နောက်ဆုံး အခြေ အနေတွေကို ဗွီအိုအေ မြန်မာပိုင်းက သတင်းထောက်မေခက ဆက်သွယ်မေးမြန်းထားပါတယ်။

မေခ။ ။ ဆရာတို့ နိုင်ငံခြားသံရုံးတွေအကုန်လုံးကို နေပြည်တော်ဘက်မှာ ရွေ့ပြောင်းဖို့ ကိစ္စလေးနဲ့ ပတ်သက်ပြီးတော့ ကြေညာထားပြီးသွားပြီလား သူတို့ဘက်ကရော ဘယ်လို အကြောင်းပြန်တာမျိုး ရှိနေပြီလဲ။

ဦးမြင့်သူ။ ။ ကျနော်တို့ ၂၀၁၆ တုန်းကတည်းက စပြီးတော့ မြေကွက်တွေ သူတို့နဲ့ စပြီးတော့ ပြပါတယ်။ သံတမန်တွေကို သံရုံး ၁ ရုံးကို မြေကွက် ၂ ကွက်နဲ့ allocate လုပ်ပေးပါတယ်။ တချို့သံရုံးတွေဆိုရင် လာပြီးတော့ နေရာရွေးပြီးသွားပါပြီ။ အခု လက်ရှိအနေအထားမှာတော့ တရုတ်က ကျနော်တို့ မြေကွက် ၅ ကွက် ခွင့်ပြုပြီး ဖြစ်ပါတယ်။ အလားတူပဲ အမေရိကန်သံရုံးကလည်း မြေကွက် ၅ ကွက် ခွင့်ပြုဖို့ ရှိပါတယ်။ ဒါက ကျနော်တို့ ဒီ ၁ နှစ် ၂ နှစ်အတွင်းက တိုးတက်မှုပါ။ ကျနော်တို့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြီးခဲ့တဲ့ လကုန်အပိုင်းမှာ ကျနော်တို့ အစည်းအဝေးလေး လုပ်တယ်။ ဒါပြီးရင်တော့ ဒီအစည်းအဝေးမှာ ကျနော်တို့ ဆွေးနွေးချက်တွေ သံတမန်တွေကို ခေါ်ပြီး အသိပေးပါ့မယ်။ အဲဒါ ကျနော်တို့ဘက်က လုပ်ပေးနိုင်တာ ကတော့ နေပြည်တော်ကောင်စီနဲ့ ညှိနှိုင်းပြီးတော့ ဖြေလျော့မှုတွေကို ဆောင်ရွက် ပေးပါ့မယ်။ နောက်တခုက နိုင်ငံခြားသံရုံးတွေ ပြောင်းရွှေ့တဲ့အခါမှာ ဆောက်လုပ်ရေး ပစ္စည်းတွေ ၊ အခွန်ခတွေ ပါဖို့အတွက် ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ပေးပါ့မယ်။ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နေပြည်တော်ကောင်စီနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ သူတို့ မြန်မြန်ရွေ့ဖို့အတွက် ဆောင်ရွက်ပေးမှာပါ။

မေခ။ ။ သူတို့ကို ဘယ်အချိန်အတိုင်းအတာဆိုပြီးတော့ သတ်မှတ်ထားတာရှိပါသလား။

ဦးမြင့်သူ။ ။ကျနော်တို့က မြန်မြန်ရွှေ့နိုင်ဖို့အတွက် ကျနော်တို့သူတို့ကို တိုက်တွန်းနေတာပါ အဲဒါကြောင့်လည်း ကျနော်တို့ သူတို့နဲ့ ရန်ကုန်မှာ အစည်းအဝေးလေးတခုထပ်လုပ်ဖို့ ရှိပါတယ်။ အဲဒီမှာ ကျနော်တို့ ဆောင်ရွက်ထားတာတွေလည်း အသိပေးပါ့မယ်။ အထူးသဖြင့် ကျနော်တို့ နေပြည်တော်ကောင်စီကနေ ပံ့ပိုးမယ့်အစီအစဉ်တွေလည်း အသိပေးပါ့မယ်။ အခုကတော့ သံရုံးတော်တော်များမာျက လာပြီးတော့လည်း ကြည့်ပေးပါပြီ။ တချို့ဆိုရင် ကျသင့်တဲ့ငွေတွေလည်း စတင် ပေးချေတဲ့ အနေ အထားလည်း ရှိပါပြီ။ ကျနော်တို့ကတော့ ဒီေ့မြကို နှစ် ၉၀ အထိ မြေကို ဌားမယ့် သဘောရှိပါတယ်။ ဒါပြီးရင်တော့ ဒီမှာ ဆောက်လုပ်မယ့်လုပ်ငန်းတွေ စပါမယ်။ အဲဒီတော့ ပထမအဆင့်က မြေနေရာရွေးမယ်၊ နောက်ဒုတိယအဆင့်ကတော့ သူတို့ဆောက်ပြီးရင် ရန်ကုန်မှာရှိတဲ့ သံရုံးတွေကို ရွှေ့လာပါ့မယ်။ ကျနော်တို့အချိန်အတိုင်းအတာကတော့ သတ်မှတ်လို့မရပါ ဘူး။

မေခ။ ။အစိုးရဘက်က ဘယ်လို အချက်တွေကို ပံ့ပိုးကူညီဖို့ စီစဉ်ထားပါသလဲရှင့်။

ဦးမြင့်သူ။ ။အခုကတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် မြေကွက်ကို ကျနော်တို့ သူတို့ကို ပံ့ပိုးပေးပါ့မယ်။ Reciprocity ပေါ့ ၊ ဥပမာ Brunei နဲ့ ကျနော်တို့နဲ့ ဆိုရင် လက်မှတ်ရေးထိုးပြီး Brunei မှာလည်း ကျနော်တို့ ပေးတဲ့ မြေကွက်နဲ့ တန်းတူရှိတဲ့ မြေကွက်ကို Brunei အစိုးရကနေ ကျနော်တို့ကို ပေးပါ့မယ်။ တချို့ကလည်း နှစ် ၉၀ ကို ကျနော်တို့ ကျသင့်တဲ့ငွေ ပေးခြေပြီးတော့ ဌားတာရှိသလို၊ တချို့ကလည်း Reciprocity အနေနဲ့ သူတို့ ဆောင်ရွက်ဖို့ ရှိပါတယ်။ အဲဒီတော့ အဲလိုဆောင်ရွက်တဲ့အခါမှာ ကျနော်တို့က လိုအပ်တာတွေ ပံ့ပိုးပေးသွားမှာပါ။ ရန်ကုန်မှာကတော့ တချို့က ဆောက်တယ်၊ တချို့ကတော့ ဌားပါတယ်။ အဲဒီတော့ ရန်ကုန်အတိုင်းတော့ မဟုတ်တော့ဘူး။ ဒီမှာကတော့ အစကနေ စပြီးတော့ ဆောက်ရပါမယ်။

မေခ။ ။သံရုံးတွေအကုန်လုံးကို ဒီနေပြည်တော်ကို ပြောင်းရွှေ့ရတဲ့ ရည်ရွက်ချက်တွေ ဘာများဖြစ်မလဲ။

ဦးမြင့်သူ။ ။ ဒါအလွယ်ဆုံး အဖြေကတော့ နေပြည်တော်က အစိုးရရုံးစိုက်တဲ့မြို့ ဖြစ်ပါတယ်။ အစိုးရရုံးစိုက်တဲ့ မြို့တော် ဖြစ်တဲ့အတွက် International Practice အရ သံရုံးများက အစိုးရ ရုံးစိုက်တဲ့နေရာကို ပြောင်းရ ၊ ရွှေ့ရမယ့် တာဝန်ရှိပါတယ်။ ရန်ကုန်မှာ ကျနော်တို့က ကောင်စစ်ပိုင်းဆိုင်ရာ ရုံးခန်းအနေနဲ့ ဆက်ပြီးတော့ ဆောင်ရွက်လို့ ရပါတယ်။ ဒါပေမယ့် သံအမတ်ကြီး ရုံးဆိုက်တဲ့နေရာသည် နေပြည်တော် ဖေစ်ရပါမယ် ခင်ဗျ။

မေခ။ ။ဒီလို အပြောင်းအရွှေ့ကရော ဘယ်လို အခက်အခဲတွေ ရှိလာနိုင်မလဲ ၊ ဘယ်လို စိန်ခေါ်မှု ရှိလာမယ်လို့ ထင်ပါသလဲ။

ဦးမြင့်သူ။ ။ဒါကတော့ သံရုံးအပေါ် မူတည်ပါတယ်။ သံရုံးတွေမှာလည်း အမေရိကန်၊ တရုတ်လို ငွေကြေးပြည့်စုံတဲ့ သံရုံးတွေ ရှိပါတယ်။ တချို့ သံရုံးအသေးလေးတွေ ရှိပါတယ်။ သူတို့အတွက်လည်း ကျနော်တို့ စဉ်းစားပေးဖို့လည်း လိုပါ့မယ်။ နှစ် ၉၀ ဌားဖို့အတွက် တချို့က ငွေကြေးပမာဏ များတဲ့အတွက် အခက်အခဲ ရှိတာမျိုးလေးတွေတော့ ရှိနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG