သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်းအစိုးရရဲ့ ပျောက်ဆုံးဘဏ္ဍာငွေ ထက်ဝက်ကျော် ပြန်လည်ရရှိ


Myanmar Oil Workers
Myanmar Oil Workers

မကွေးတိုင်းဒေသကြီးအတွင်းက ရေနံ လက်ယက်ယက်တွင်း တူးသူတွေထံက ကောက်ယူ ခဲ့ပြီး ပျောက်ဆုံးနေတဲ့ ဘဏ္ဍာငွေ ကျပ် ၇ ဘီယံခွဲ နီးပါးထဲက ထက်ဝက် နီးပါးဖြစ်တဲ့ ကျပ် သန်း ၃,၂၀၀ ကျော်ကို လက်ရှိ အစိုးရထံ ပြန်လည် ပေးအပ်ခဲ့ပြီး ဖြစ်တာကြောင့် ဒီငွေတွေကို တိုင်းဒေသကြီးအစိုးရအတွက် လိုအပ်တဲ့နေရာတွေမှာ ဖြည့်စွက် ရုံပုံငွေအဖြစ် သုံးစွဲသွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် သုံးစွဲဖို့ ယာထားခဲ့တဲ့ အဲဒီ ရံပုံငွေတွေကို အရင်အစိုးရ တာဝန်ရှိသူတွေက အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း စုံစမ်း သိရှိပြီးတဲ့နောက် မကွေးတိုင်း ဒေသကြီးအစိုးရထံ ပြန်လည် ပေးအပ်ဖို့ ပြည်ထောင်စုအစိုးရက ညွန်ကြားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG