သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Jimmy Carter ကင်ဆာရောဂါကြောင့် မတုန်လှုပ်


အမေရိကန် သမ္မတဟောင်း Jimmy Carter (သြဂုတ် ၂၀၊ ၂၀၁၅)
အမေရိကန် သမ္မတဟောင်း Jimmy Carter (သြဂုတ် ၂၀၊ ၂၀၁၅)

အမေရိကန်သမ္မတဟောင်း Jimmy Carter က သူ့ရဲ့ အသည်းကနေ ဖယ်ထုတ်လိုက်တဲ့ အသည်းစကို စမ်းသပ်စစ်ဆေးတဲ့အခါမှာ သူ့မှာ Melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာတမျိုးကို တွေ့ရှိရပြီး၊ အဲဒီကင်ဆာဟာ သူ့ရဲ့ အသည်းကနေ ဦးနှောက်ကို ပျံ့နေပြီလို့ ပြောပါတယ်။

“ပထမတုန်းကတော့၊ အဲဒီ ကင်ဆာဟာ ကျနော်ရဲ့ အသည်းမှာပဲ ရှိနေတယ်၊ခွဲစိတ်မှု လုပ်တုန်းကလည်း လုံး၀ ဖယ်ရှားပစ်လိုက်တယ်လို့ ထင်ထားတော့ စိတ်အတော်လေး သက်သာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ နောက်ထပ် စမ်းသပ်မှုတွေအရ အဲဒီကင်ဆာဆဲလ်တွေဟာ သူ့ရဲ့ ဦးနှောက်ထဲကိုလည်း ရောက်နေပြီလို့ သိလိုက်တဲ့အချိန်မှာ တမျိုးဖြစ်သွားခဲ့တယ်” လို့ မစ္စတာ ကာတာက ပြောပါတယ်။

“ကျနော် အသက်ရှင်ဖို့ သီတင်းပတ်အနည်းငယ်ပဲ ကျန်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ ကျနော် စိတ်မပူပါဘူး။ ကျနော် လူသက်တမ်းစေ့နေခဲ့ပြီးပါပြီ။ မိတ်ဆွေ သူငယ်ချင်းတွေလည်း ထောင်နဲ့ ချီ ရခဲ့ပါတယ်။ ဆိုတော့ ကျနော်က မယုံနိုင်လောက်အောင်ပဲ အေးအေးဆေးဆေးပါ။ ကျနော် အမျိုးသမီးထက်တော့ အများကြီး အေးအေးဆေးဆေးရှိပါတယ်” လို့ မစ္စတာ ကာတာက ပြောပါတယ်။

သမ္မတဟောင်း ကာတာဟာ ကင်ဆာရောဂါ ဝေဒနာခံစားနေရတယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ကြေညာချိန်ကစပြီး၊ မစ္စတာ ကာတာရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာတဝှမ်းမှာ အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၃၉ ယောက်မြောက် သမ္မတဖြစ်တဲ့ သမ္မတဟောင်း ကာတာဟာ သူ့ရဲ့ ကျန်းမာရေး နဲ့ ပတ်သက်ပြီး၊ Atlanta မြို့မှာရှီတဲ့ Carter စင်တာမှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို စိတ်ရှည်လက်ရှည်ဖြေကြာနေစဉ်အတွင်း အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့အရင်သမ္မတ ကတော်ဟောင်း Rosalynn Carter ဟာလည်း ရှေ့ဆုံးမှာ ရှိနေခဲ့ပါတယ်။

XS
SM
MD
LG