သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကို ဒုသမ္မတဟောင်း Pence မထောက်ခံ


ဒု-သမ္မတဟောင်း Mike Pence
ဒု-သမ္မတဟောင်း Mike Pence

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကျရင် Republican ပါတီက ဝင်အရွေးခံမယ့် Donald Trump ကို သူ့အနေနဲ့ ထောက်ခံမှာ မဟုတ်ဘူးလို့ ဒုသမ္မတဟောင်း Mike Pence က ပြောကြားလိုက်ပါတယ်။

Trump အစိုးရလက်ထက်မှာ ထိပ်ပိုင်းအစိုးရတာဝန်တွေ ယူခဲ့ကြသူ တယောက်ပြီးတယောက် Trump ကို ထောက်ခံ အားပေးမှု ပြသဖို့ ငြင်းဆန်ခဲ့သူတွေထဲမှာ Mike Pence ကတော့ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာ Donald Trump အပေါ် သူမထောက်ခံတဲ့ကိစ္စက အံ့ဩစရာ မဟုတ်ပါဘူးလို့ Fox News သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဒုသမ္မဟောင်း Pence က ပြောကြားခဲ့တာပါ။

သူဟာ အစောပိုင်းက သမ္မတရွေးကောက်ပွဲဝင်ဖို့ လုပ်ခဲ့ပေမဲ့ ပါတီတွင်း သမ္မတလောင်းပြိုင်ပွဲတွေ မစခင်မှာပဲ နှုတ်ထွက်ခဲ့ပါတယ်။ သူဟာ Republican ပါတီဝင်တယောက် ဖြစ်တာမို့ Democrat ပါတီကနေ ဝင်အရွေးခံမယ့် သမ္မတ Joe Biden ကိုလည်း မဲပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

၂၀၂၁ ဇန်နဝါရီလ ၆ ရက်က လွှတ်တော်အဆောက်အဦးကို Trump ထောက်ခံသူတွေ အတင်းဝင်ရောက် စီးနင်းခဲ့ကြချိန်က လွှတ်တော်ထဲမှာရှိနေတဲ့ ဒုသမ္မတဟောင်း Mike Pence ဟာ ဘေးလွတ်ရာကို သွားရောက်ပုန်းနေခဲ့ရပါတယ်။ Trump ရှုံးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ Joe Biden အနိုင်ရတဲ့ ရလာဒ်ကို လွှတ်တော်မှာ တရားဝင်အတည် မပြုနိုင်အောင် Trump ထောက်ခံသူတွေက ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက Pence ကို ကြိုးပေးမယ်ဆိုပြီး Trump ထောက်ခံသူတချို့က ကြွေးကြော်ကာ လွှတ်တော်ထဲ စီးနင်းဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG