သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်သားလက်ချက်နဲ့ ကန်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ်တွင်းက စစ်အခြေစိုက်စခန်းမြင်ကွင်း။
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ်တွင်းက စစ်အခြေစိုက်စခန်းမြင်ကွင်း။

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ်မှာ အာဖဂန်တပ်ဖွဲ့ဝင်တစ်ယောက် အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဒီကနေ့ စနေနေ့မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၄ ယောက်သေဆုံးသွားခဲ့တယ်လို့ အမေရိကန်စစ်တပ် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

စစ်အခြေစိုက်စခန်းမှာထဲမှာ အာဖဂန်စစ်သားက ပစ်ခတ်ခဲ့တာကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားခဲ့ပြီး ၊ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ Balkh ပြည်နယ်မှာရှိတဲ့ Shaheen တပ်ဖွဲ့ပြောခွင့်ရ Abdul Araam က ပြောပါတယ်။

ဒါ့အပြင် သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အာဖဂန်တပ်သားလည်း သေဆုံးသွားတယ်လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Mohammad Radmanish က ပြောပါတယ်။

ဒီ ပစ်ခတ်မှုဟာ အထူးတပ်ဖွဲ့ရဲ့ တပ်ရင်းထဲမှာဖြစ်တာဖြစ်တယ်လို့ အမည်မဖော်တဲ့ ဒေသခံအာဖဂန်တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒေသခံတွေကတော့ အဲဒီနေရာတဝိုက်မှာ စစ်ဘက်ရဟတ်ယာဉ်တွေ ပျံသန်းနေတာကိုတွေ့ရတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG