သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆာ္ဒီသတင္းစာဆရာ အသတ္ခံရမႈအတြက္ မသကၤာသူ ျပင္သစ္ဖမ္းဆီး


အသတ္ခံရတဲ့ ေဆာ္ဒီသတင္းစာဆရာ Khashoggi ဓာတ္ပုံ ကုိင္ေဆာင္ၿပီး တူရကီႏုိင္ငံ အစၥတန္ဘူလ္ၿမိဳ႕ရွိ ေဆာ္ဒီေကာင္စစ္ဝန္႐ုံးေရွ႕ ဆႏၵျပေနသူတဦး။

(Zawgyi / Unicode)

ေဆာ္ဒီသတင္းစာဆရာ Jamal Khashoggi ကို သတ္ျဖတ္မႈမွာ ပါဝင္ပတ္သက္သူအျဖစ္ မသကၤာသူတေယာက္ကို ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ေတာ္က Charles de Gaulle ေလဆိပ္မွာ ဖမ္းဆီးလိ္ုက္ပါတယ္။

ဖမ္းဆီးခံရသူဟာ ေဆာ္ဒီေတာ္ဝင္အေစာင့္တပ္က တပ္ဖဲြ႔ဝင္ေဟာင္းျဖစ္တဲ့ Khaled Aedh Al-Otaibi ဆုိသူျဖစ္ေၾကာင္း ရဲတပ္ဖဲြ႔နဲ႔ နီးစပ္တဲ့ အသိုင္းအဝုိင္းက ေျပာပါတယ္။ ဖမ္းဆီးခံရသူဟာ ျပင္သစ္ရဲတပ္ဖဲြ႔က အလိုရွိေနသူတဦးျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ တူရကီတရား႐ုံးတခုက ဖမ္းဝရမ္းနဲ႔ အလိုရွိေနသူ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ပါရီၿမိဳ႕ေတာ္မွာရွိတဲ့ ေဆာ္ဒီသံ႐ုံးကေတာ့ ဖမ္းဆီးခံရသူဟာ Khashoggi အသတ္ခံရမႈနဲ႔ ပတ္သက္မႈ မရွိေၾကာင္းနဲ႔ အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုထားပါတယ္။

အေမရိကန္မွာ တိမ္းေရွာင္ေနထိုင္ေနတဲ့ သတင္းစာဆရာ Khashoggi ဟာ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလတုန္းက တူရကီႏိုင္ငံ၊ အီစတန္ဘူၿမိဳ႕က ေဆာ္ဒီေကာင္စစ္ဝန္႐ုံးမွာ သတ္ျဖတ္ခံခဲ့ရၿပီး ေနာက္ပိုင္း ခႏၶာကိုယ္ကို တစစီျဖတ္ေတာက္ ေဖ်ာက္ဖ်က္ခံခဲ့ရတာပါ။

ျပင္သစ္အာဏာပိုင္ေတြ ဖမ္းဆီးလိုက္တဲ့ မသကၤာသူကို ၿဗိတိသွ်အစိုးရကလည္း Khashoggi ကုိ သတ္ျဖတ္မႈမွာ ပါဝင္ခဲ့သူ ၁၅ ေယာက္ထဲက တေယာက္အျဖစ္ ပိတ္ဆို႔ဒဏ္ခတ္ အေရးယူထားပါတယ္။

အေမရိကန္ ေထာက္လွမ္းေရးက မတ္လထဲ ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာမွာေတာ့ ေဆာ္ဒီသတင္းစာဆရာ Khashoggi ကုိ သတ္ဖို႔ ဒါမွမဟုတ္ ဖမ္းဆီးဖုို႔ အစီအစဥ္ကို ေဆာ္ဒီအိမ္ေရွ႕မင္းသား Mohammed bin Salman က ခြင္ျ့ပဳခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ေဆာ္ဒီအစုိးရကေတာ့ ဒီအစီရင္ခံစာကုိ ပယ္ခ်ခဲ့ၿပီး သတ္ျဖတ္မႈမွာ အိမ္ေရွ႕မင္းသား ပတ္သက္မႈမရွိေၾကာင္း ေျပာဆိုထားပါတယ္။

ေဆာ္ဒီႏိုင္ငံကို ေနာက္ကြယ္က အုပ္ခ်ဳပ္ေနတဲ့ အိမ္ေရွ႕မင္းသားနဲ႔ ျပင္သစ္သမၼတ Emmanuel Macron တို႔ ေတြ႔ဆုံခဲ့အၿပီး ရက္ပိုင္းအၾကာမွာပဲ မသကၤာသူ ေဆာ္ဒီႏိုင္ငံသားတဦးကို ျပင္သစ္က ဖမ္းဆီးလိုက္တာပါ။ ျပင္သစ္သမၼတရဲ႕ ေဆာ္ဒီခရီးစဥ္ဟာ သတင္းစာဆရာ Khashoggi အသတ္ခံခဲ့ရၿပီးေနာက္ပုိင္း ပထမဆုံး အေနာက္တုိင္း ေခါင္းေဆာင္တဦး သြားေရာက္တဲ့ ခရီးစဥ္လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဆော်ဒီသတင်းစာဆရာ အသတ်ခံရမှုအတွက် မသင်္ကာသူ ပြင်သစ်ဖမ်းဆီး

ဆော်ဒီသတင်းစာဆရာ Jamal Khashoggi ကို သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်သူအဖြစ် မသင်္ကာသူတယောက်ကို ပြင်သစ်နိုင်ငံ ပါရီမြို့တော်က Charles de Gaulle လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူဟာ ဆော်ဒီတော်ဝင်အစောင့်တပ်က တပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Khaled Aedh Al-Otaibi ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ဖမ်းဆီးခံရသူဟာ ပြင်သစ်ရဲတပ်ဖွဲ့က အလိုရှိနေသူတဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ တူရကီတရားရုံးတခုက ဖမ်းဝရမ်းနဲ့ အလိုရှိနေသူ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပါရီမြို့တော်မှာရှိတဲ့ ဆော်ဒီသံရုံးကတော့ ဖမ်းဆီးခံရသူဟာ Khashoggi အသတ်ခံရမှုနဲ့ ပတ်သက်မှု မရှိကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

အမေရိကန်မှာ တိမ်းရှောင်နေထိုင်နေတဲ့ သတင်းစာဆရာ Khashoggi ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းက တူရကီနိုင်ငံ၊ အီစတန်ဘူမြို့က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်ခံခဲ့ရပြီး နောက်ပိုင်း ခန္ဓာကိုယ်ကို တစစီဖြတ်တောက် ဖျောက်ဖျက်ခံခဲ့ရတာပါ။

ပြင်သစ်အာဏာပိုင်တွေ ဖမ်းဆီးလိုက်တဲ့ မသင်္ကာသူကို ဗြိတိသျှအစိုးရကလည်း Khashoggi ကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူ ၁၅ ယောက်ထဲက တယောက်အဖြစ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားပါတယ်။

အမေရိကန် ထောက်လှမ်းရေးက မတ်လထဲ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ ဆော်ဒီသတင်းစာဆရာ Khashoggi ကို သတ်ဖို့ ဒါမှမဟုတ် ဖမ်းဆီးဖို့ အစီအစဉ်ကို ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က ခွင်ြ့ပုခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဆော်ဒီအစိုးရကတော့ ဒီအစီရင်ခံစာကို ပယ်ချခဲ့ပြီး သတ်ဖြတ်မှုမှာ အိမ်ရှေ့မင်းသား ပတ်သက်မှုမရှိကြောင်း ပြောဆိုထားပါတယ်။

ဆော်ဒီနိုင်ငံကို နောက်ကွယ်က အုပ်ချုပ်နေတဲ့ အိမ်ရှေ့မင်းသားနဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ တွေ့ဆုံခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ မသင်္ကာသူ ဆော်ဒီနိုင်ငံသားတဦးကို ပြင်သစ်က ဖမ်းဆီးလိုက်တာပါ။ ပြင်သစ်သမ္မတရဲ့ ဆော်ဒီခရီးစဉ်ဟာ သတင်းစာဆရာ Khashoggi အသတ်ခံခဲ့ရပြီးနောက်ပိုင်း ပထမဆုံး အနောက်တိုင်း ခေါင်းဆောင်တဦး သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG