သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ကွက်ခံနေရသည့် ပင်စင်ဥပဒေ ပြင်သစ်ပါလီမန် အတည်ပြု


ကန့်ကွက်ခံနေရသည့် ပင်စင်ဥပဒေ ပြင်သစ်ပါလီမန် အတည်ပြု
ကန့်ကွက်ခံနေရသည့် ပင်စင်ဥပဒေ ပြင်သစ်ပါလီမန် အတည်ပြု

ပြင်သစ်နိုင်ငံမှာ သီတင်းပတ်နဲ့ချီပြီး ဒေါသတကြီး ဆန္ဒပြမှုတွေ ရှိနေတဲ့ ကြားကပဲ သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) ရဲ့ ပင်စင်ခံစားခွင့် အသက် ၆၀ ကနေ ၆၂ နှစ်အထိ တိုးမယ့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ကပဲ ထောက်ခံမဲ ၃၃၆ မဲ၊ ကန့်ကွက်မဲ ၂၃၃ မဲနဲ့ လက်ခံလိုက်ကြတာပါ။ အထက်လွှတ်တော်က အစောပိုင်းမှာ ဒီဥပဒေကို အတည်ပြုထားပြီး ဖြစ်ပါတယ်။

သမ္မတကတော့ ဒါကို ဥပဒေအဖြစ် ပြဋ္ဌာန်းသွားနိုင်ဖို့ လာမယ့် နိုဝင်ဘာလလယ် နောက်ဆုံးထား လက်မှတ် ရေးထိုးလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ဥပဒေသစ်က ပင်စင်ခံစားခွင့် အပြည့်အ၀ ခံစားခွင့်ရှိတဲ့ အသက်အရွယ်ကိုလည်း ၆၅ နှစ်ကနေ ၆၇ နှစ်အထိ တိုးမြှင့်လိုက်တာပါ။

ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကြောင့် နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ကြုံခဲ့ရပြီး ခရီးသွားလာမှုတွေမှာ နှောင့်နှေး၊ ကျောင်းတွေ ပိတ်ခဲ့ရသလို ဓာတ်ဆီ ဖြန့်ဖြူးမှုတွေမှာလည်း အခက်အခဲတွေ ကြုံခဲ့ရတာပါ။

အလုပ်သမားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့် ပြင်သစ်နိုင်ငံမှာ နေ့စဉ် ဒေါ်လာသန်း ၅၆၀ အထိ ဆုံးရှုံး နရတယ်လို့လည်း ဆိုပါတယ်။

သမ္မတ ဆာကိုဇီကတော့ တိုင်းပြည်မှာ ကြွေးမြီပြဿနာတွေ မကြုံရလေအောင် ပင်စင်ခံစားခွင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောဆိုထားတာပါ။

အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေကတော့ ဥပဒေပါ အချက်အလက်တွေ ပြောင်းလဲနိုင်ရေး ကြိုးပမ်းတဲ့ အနေနဲ့ ဒီကနေ့ ကြာသပတေးနေ့မှာ တနိုင်ငံလုံး သပိတ်ဆင်နွဲှဖို့ ဆော်သြထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG