သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် Marine Le Pen ထောင်ဒဏ်၊ ငွေဒဏ် ရင်ဆိုင်ရနိုင်


ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ ထိပ်ကပြေးနေတဲ့ Marine Le Pen ဟာ IS အကြမ်းဖက်အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ဓာတ်ပုံတွေကို ၂၀၁၅ ခုနှစ်က လူမှုမီဒီယာကွန်ယက်စာမျက်နှာ ၃ ခုမှာ ဖော်ပြခဲ့မှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် ဒေါ်လာ ၇ သောင်း ၉ ထောင် ဆောင်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေပါတယ်။

လက်ယာယိမ်း ဥပဒေပြုလွှတ်တော်အမတ် Le Pen ဟာ လွှတ်တော်အမတ်တဦးအနေနဲ့ ရရှိထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရုပ်သိမ်းဖို့အတွက် ဥရောပလွှတ်တော်မှာ ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြတဲ့အတွက်လည်း အကြမ်းဖက်မှုဓာတ်ပုံတွေ ဖြန့်ဝေမှုနဲ့ အရေးယူခံရမယ့် အခြေအနေတွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

Le Pen ကတော့ သူ့ရဲ့ သမ္မတမဲဆွယ်ပွဲကို ထိခိုက်အောင်လို့ ရည်ရွယ်တဲ့ နိုင်ငံရေးလုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူ့အနေနဲ့ IS စစ်သွေးကြွတွေ သတ်ဖြတ်နေတဲ့ ဓာတ်ပုံ ၂ - ၃ ပုံကို ပေးပို့ခဲ့ပြီး၊ ဒါဟာ IS စစ်သွေးကြွအဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်၊ ဒီသတ်ဖြတ်မှုကိုလည်း ရှုတ်ချခဲ့တဲ့အကြောင်း ပြင်သစ်သတင်းဌာနတွေကို Le Pen က ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း တခြားသူတွေကို စုံစမ်းစစ်ဆေးတာတွေ မလုပ်ဘဲ သူ့ကိုသာ စစ်ဆေးတဲ့အပေါ်မှာလည်း မေးခွန်းထုတ်ခဲ့သလို - သူဟာ လွှတ်တော်အမတ် တယောက်အနေနဲ့ IS စစ်သွေးကြွအဖွဲ့ကို ရှုတ်ချခဲ့တဲ့သူဖြစ်ကြောင်း Le Pen က ပြောဆိုခဲ့ပါတယ်။

ပြင်သစ် Marine Le Pen ထောင်ဒဏ်၊ ငွေဒဏ် ရင်ဆိုင်ရနိုင်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG