သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် ရီပတ်ဘလီကန်ပါတီသမ္မတလောင်းအဖြစ် Francois Fillon အရွေးခံရ


ပြင်သစ် ရီပတ်ဘလီကန်ပါတီသမ္မတလောင်းအဖြစ် Francois Fillon အရွေးခံရ
ပြင်သစ် ရီပတ်ဘလီကန်ပါတီသမ္မတလောင်းအဖြစ် Francois Fillon အရွေးခံရ

ပြင်သစ် ဝန်ကြီးချုပ်ဟောင်း Francois Fillon ဟာ ပြင်သစ် ရီပတ်ဘလီကန် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲမှာ ကာလကြာရှည် ယှဉ်ပြိုင်ဘက်ဖြစ်ခဲ့တဲ့ Alain Juppe ကို တနင်္ဂနွေနေ့က ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင် နေပါပြီ။

ရီပတ်ဗလစ်ကန်ပါတီ သမ္မတလောင်းအနေနဲ့ မဲဆွယ်စည်းရုံးမှုတွေ စတင်ဖို့ ပဲရစ်နေအိမ်ကနေ သူဟာ ဒီကနေ့စတင်ထွက်ခွါသွားပါတယ်။ ပထမဆုံး အကြိမ်အဖြစ် အမေရိကန် ပုံစံ ကျင်းပတဲ့ ပြင်သစ် ရီပတ်ပလီကန် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲမှာတော့ အသက် ၆၂ နှစ် အရွယ် Francois Fiollon က မဲရလဒ် ၆၈ ရာခိုင်နှုန်းရရှိခဲ့ပြီး မဲရလဒ် ၃၂ ရာခိုင်နှုန်းဘဲ ရရှိခဲ့တဲ့ ပြိုင်ဘက် အသက် ၇၁ နှစ် အရွယ် ဝန်ကြီးချုပ်ဟောင်း Alain Juppe ကို အပြတ်အသတ် အနိုင်ရခဲ့တာပါ။

Alain Juppe က သူရှုံးနိမ့်ကြောင်း ပြောဆိုပြီး Francois Fillon အပြတ်အသတ် အနိုင်ရခဲ့မှုကို ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။ မဲဆွယ်စည်းရုံးမှု ကာလအတွင်းက ပြိုင်ဘက် Francois Fillon ဟာ ရွှေ့ပြောင်းအခြေချသူတွေကို ဆန့်ကျင်ရေး၊ အစ္စလာမ် ဆန့်ကျင်ရေး လက်ယာစွန်းတွေကို အလိုလိုက် အကြိုက်ဆောင်နေသူလို့ စွပ်စွဲခဲ့သူ Alain Juppe က စိတ်အေးအေးထားပြီး စည်းလုံးညီညွတ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ရီပတ်ပလီကန် သမ္မတလောင်း ရွေးချယ်ပွဲမှာ အနိုင်ရလိုက်တဲ့ Francois Fillon ကတော့ လာမယ့် ဧပြီလ ရွေးကောက်ပွဲမှာ လက်ယာစွန်းဝါဒီ ခေါင်းဆောင် Marine Le Pen နဲ့ ယှဉ်ပြိုင်ရလိမ့်မယ်လို့ လည်း ခန့်မှန်းထားကြပါတယ်။

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဆိုရှယ်လစ် သမ္မတ Francois Holland ကတော့ ရွေးကောက်ပွဲ ပြန် ဝင်မယ် မဝင်ဘူးဆိုတာကို လာမယ့် သတင်းပတ်တွေ အတွင်း ကြေညာမယ်လို့လည်း ခန့်မှန်းကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG